အဝိုင်းပတ်အလယ်မှာ နှစ် ၄၀ ကျော် နေထိုင်ခဲ့တဲ့ မိသားစု

9-1-2023-yyl-59.jpg

ဝေးလ်နိုင်ငံက မိသားစုတစ်စုဟာ အဝိုင်းပတ်ထဲမှာ ဆယ်စုနှစ် ၄ ခုကျော် နေထိုင်ခဲ့ကြပါတယ်။ ဒေးဗစ်ဂျွန်ဟောင်းဝပ်ဆန်နဲ့ အီရီယန်တို့ဟာ ၁၉၆၀ ပြည့်နှစ်မှာ ဒင်ဘစ်ရှိုင်းယားကို ရွှေ့ပြောင်းလာခဲ့တာဖြစ်ပြီး အဲဒီအချိန်တုန်းကတော့ ဒီနေရာဟာ အခုလောက် မစည်ကားသေးပါဘူး။ ဒါပေမဲ့ ဆယ်စုနှစ် ၂ ခုအကြာမှာတော့ အခြေအနေတွေ ပြောင်းလဲသွားပြီး မြို့ပြအဆင့်မြှင့်တင်ဖို့ သူတို့အိမ်ဘေး ပတ်ပတ်လည်မှာ အဝိုင်းပတ် တည်ဆောက်မယ့်အကြောင်း အာဏာပိုင်တွေက လာအကြောင်းကြားခဲ့ပါတယ်။

ဒါပေမဲ့ သူတို့က အဲဒီနေရာကနေ ရွှေ့ပေးဖို့ ငြင်းဆန်ခဲ့ပြီး အဝိုင်းပတ်အလယ်မှာ နေထိုင်ခဲ့တာပါ။ ” ဒီမှာ နေရတော့ အိမ်နီးနားချင်းတွေအတွက် စိတ်ပူစရာ မရှိတော့ဘူးပေါ့။ ဒါပေမဲ့ တစ်ခါတလေလည်း အဝိုင်းပတ်ထဲမှာ နေရတာ အလုပ်ရှုပ်တယ်။ အထူးသဖြင့် မြေးတွေ ရောက်လာရင်ပေါ့” လို့ ဟောင်းဝပ်ဆန်မိသားစုက ပြောပါတယ်။

အဝိုင်းပတ်ထဲမှာ နေထိုင်တဲ့ ဟောင်းဝပ်ဆန်မိသားစုကို လူအများစု မေးကြတဲ့ မေးခွန်း ၂ ခုကတော့ အိမ်ထဲဝင်ဖို့ လမ်းရွေးချယ်မှုနဲ့ နားမငြီးဘူးလားဆိုတာပါပဲ။ ”အဲဒီကိစ္စက ဒီလောက်မဆိုးပါဘူး။ ဘေးဘီဝဲယာကြည့်ရတဲ့ကိစ္စကို စိတ်မပျက်ပါဘူး။ တစ်နေ့ကို ကားကျပ်တဲ့အချိန်က အနည်းအကျဉ်းလောက်ပါပဲ” လို့ သူက ဆိုပါတယ်။ ဒါပေမဲ့ ပါဆယ်ထုပ် မှာတဲ့အခါမျိုးမှာတော့ လမ်းညွှန်ရတာ အခက်အခဲရှိတတ်ပါသတဲ့။

သူတို့မိသားစုဟာ အဝိုင်းပတ်နေအိမ်ကနေ ရွှေ့ပြောင်းဖို့လည်း အစီအစဉ်မရှိသေးပါဘူး။

Ref: Family Has Been Living in the Middle of a Roundabout for Over 40 Years

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top