အသွားအလာကန့်သတ်ထားချိန်အတွင်း မလေးရှားနိုင်ငံသားတွေ အင်တာနက်အခမဲ့ သုံးခွင့်ရမယ်

yyl-malay-covid19.jpg

COVID-19 ကူးစက်ပျံ့နှံ့မှုဖြစ်ပွားနေလို့ သွားလာလှုပ်ရှားမှု ကန့်သတ်ထားတဲ့ကာလအတွင်း မလေးရှားနိုင်ငံရဲ့ ဆက်သွယ်ရေးကုမ္ပဏီတွေက အင်တာနက်အသုံးပြုသူတွေအတွက် အင်တာနက်အခမဲ့အသုံးပြုခွင့်ပေးမယ်လို့ မလေးရှားဝန်ကြီးချုပ် ယက်ဆင်က ကြေညာခဲ့ပါတယ်။ ပြည်သူတွေကို ကူညီပံ့ပိုးစေနိုင်ဖို့ ရည်ရွယ်တဲ့ ၂၀၂၀ ပြည့်နှစ် စီးပွားရေးအားဖြည့်မှုစီမံချက်ကို ကြေညာချိန်မှာ ယက်ဆင်က အခုလို ကြေညာခဲ့တာပါ။

ဧပြီလ ၁ ရက်နေ့ကစပြီး အသွားအလာကန့်သတ်မှု အဆုံးသတ်ချိန်ကာလအထိ အင်တာနက်ကုမ္ပဏီတွေ သုံးစွဲခွင့်ပေးမယ့် ဒေတာတန်ဖိုးငွေပမာဏက ရန်းဂစ်သန်း ၆၀၀ တန်ကြေးရှိတယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ကွန်ရက်ဖြန့်ကျက်မှုနဲ့ လိုင်းဆွဲအားပိုကောင်းစေဖို့အတွက် နောက်ထပ်ရန်းဂစ်ငွေ သန်း ၄၀၀ ရင်းနှီးမြှုုပ်နှံသွားမယ်လို့ ကြေညာခဲ့ပါတယ်။ ဒါပေမဲ့ အင်တာနက် အခမဲ့သုံးစွဲခွင့်ပေးမယ့် အစီအစဉ်ကို ဘယ်လိုဆောင်ရွက်သွားမလဲဆိုတာနဲ့ နောက်ထပ်ဘယ်အချက်တွေ ဆက်လက်အကောင်အထည်ဖော်သွားမလဲဆိုတာတော့ မသိရသေးပါဘူး။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top