COVID-19 ရောဂါကြောင့် ကွယ်လွန်ခဲ့တဲ့ အိန္ဒိယဆရာဝန်တစ်ယောက်ရဲ့ ဈာပနမှာ လူတစ်စုက ကျန်ရစ်သူမိသားစုနဲ့ မိတ်ဆွေတွေကို တုတ်တွေနဲ့ ရိုက်နှက်ခဲ့ကြပါတယ်။ ပြီးခဲ့တဲ့တနင်္ဂနွေနေ့ညက ဒေါက်တာဆိုင်မွန်ဟာကျူလီရဲ့ ရုပ်အလောင်းကို ချန်နိုင်းမြို့၊ သုဿန်ကို ပို့ဆောင်ရာမှာ အခုလို တိုက်ခိုက်ခံရတာဖြစ်ပါတယ်။
ပြီးခဲ့တဲ့တနင်္လာနေ့ အစောပိုင်းမှာ ဆိုင်မွန်ဟာကျူလီရဲ့ မိသားစုဝင်တစ်ယောက်မျှမပါဘဲ သူ့ရဲ့မိတ်ဆွေတစ်ယောက်က ရုပ်အလောင်းကို တိတ်တဆိတ် သင်္ဂြိုဟ်ခဲ့ရပါတယ်။ ” သူက ဒီလိုအဆုံးသတ်မျိုးနဲ့ မထိုက်တန်ပါဘူး။ သူသူကိုယ်ကိုယ် ရကြတဲ့ လူသားချင်းစာနာမှုတောင် မရခဲ့ရှာဘူး။ သူ့မိန်းမနဲ့ သူ့သားလေးတောင် သူ့ကို နှုတ်ဆက်ခွင့် မရခဲ့ဘူး”လို့ ဆိုင်မွန်ဟာကျူလီရဲ့ လုပ်ဖော်ကိုင်ဖက်တစ်ယောက်ဖြစ်တဲ့ ဒေါက်တာပရာဒိက ပြောပါတယ်။
COVID-19 ရောဂါရှိသူများကို သုဿန်မှာ မြှုပ်ရင် ဗိုင်းရပ်စ်ကူးစက်ပျံ့နှံ့သွားမယ်လို့ အနီးပတ်ဝန်းကျင်မှာ နေထိုင်သူတွေက စိုးရိမ်ပူပန်ခဲ့ကြတယ်လို့ ရဲတပ်ဖွဲ့က ပြောပါတယ်။ လူတစ်စုက တုတ်တွေနဲ့ ဝိုင်းရိုက်ခဲ့လို့ အရေးပေါ်လူနာတင်ကား မောင်းတဲ့ ယာဉ်မောင်းနှစ်ယောက်လည်း ဒဏ်ရာရခဲ့ပါတယ်။ အဲဒီလုပ်ရပ်အတွက် အနည်းဆုံး လူ ၂၀ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။
NZ (ရိုးရာလေး)