ဖေ့စ်ဘွတ်ခ်ဆာဗာကျနေချိန်အတွင်း ဒေါ်လာ ၇ ဘီလျံနီးပါးဆုံးရှုံးခဲ့ရတဲ့ မက်ခ် ဇူကာဘတ်

5-10-2021yyl01.jpg

အောက်တိုဘာ ၄ရက်နေ့ ညက ကွန်ယက်ပြဿနာတွေကြောင့် မက်ခ် ဇူကာဘတ် (Mark Zuckerberg) ပိုင်ဆိုင်တဲ့ ဆိုရှယ်မီဒီယာတွေဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ Whatsapp။ Messenger တွေအားလုံး ၆ နာရီနီးပါးလောက် ဆာဗာကျသွားခဲ့ပါတဘ်။ အဲဒီလိုဖြစ်နေချိန်အတွင်းမှာပဲ မက်ခ် ဇူကာဘတ်ရဲ့အသားတင်ကြွယ်ဝချမ်းသာမှုကလည်း ထိုးကျသွားခဲ့ပါတယ်။ ဆိုရှယ်မီဒီယာတွေ ပြန်ပြီးအသုံးပြုလို့ရအောင် ကြိုးစားလုပ်ဆောင်ခဲ့ပေမဲ့ ငွေကြေးဆုံးရှုံးမှုကတော့ ပြင်းထန်သွားခဲ့တဲ့ပုံပါပဲ။

မက်ခ် ဇူကာဘတ်ရဲ့အသားတင်ကြွယ်ဝချမ်းသာမှု ဒေါ်လာ ၁၄၀ ဘီလျံနီးပါးကနေ ဒေါ်လာ ၁၂၁.၆ ဘီလျံအထိ ထိုးကျသွားခဲ့တာပါ။ ဒေါ်လာ ၇ ဘီလျံနီးပါးဆုံးရှုံးသွားပြီးတဲ့နောက်မှာတော့ မက်ခ် ဇူကာဘတ်က ကမ္ဘာ့အချမ်းသာဆုံးပုဂ္ဂိုလ်စာရင်းမှာ နံပါတ် (၅) နေရာထိ ပြုတ်ကျသွားခဲ့ပါတယ်။

အောက်တိုဘာ ၅ ရက်နေ့မနက်ခင်းမှာတော့ ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ WhatsApp တွေကို ပြန်လည်အသုံးပြုလို့ရသွားခဲ့ပါတယ်။ မက်ခ် ဇူကာဘတ်ကလည်း ဆိုရှယ်မီဒီယာတွေပြန်လည်အသုံးပြုလို့ရသွားပြီဖြစ်ကြောင်းကို “အခုဆိုရင် ဖေ့စ်ဘွတ်ခ်၊ အင်စတာဂရမ်၊ WhatsApp နဲ့ Messenger တွေ အွန်လိုင်းပြန်ဖြစ်သွားပါပြီ။ အနှောင့်အယှက်ဖြစ်သွားရတဲ့အတွက် တောင်းပန်ပါတယ်။ သင်တို့ ဂရုစိုက်တဲ့လူတွေနဲ့ အဆက်အသွယ်မပြတ်စေဖို့ ကျွန်တော်တို့ရဲ့ဝန်ဆောင်မှုတွေပေါ် ဘယ်လောက်မှီခိုနေရလဲဆိုတာ ကျွန်တော်သိပါတယ်” လို့ ဖေ့စ်ဘွတ်ခ်မှာ တောင်းပန်စကားဆိုရင်း ရေးသားခဲ့ပါတယ်။

ဆာဗာကျနေချိန်အတွင်း အရင်ဆုံးတောင်းပန်စကားဆိုခဲ့တာကတော့ ဖေ့စ်ဘွတ်ခ်ရဲ့နည်းပညာခေါင်းဆောင် မိုက် စချရိုဖာ (Mike Schroepfer) ဆိုသူပါပဲ။ “ကျွန်တော်တို့ပေါ်မှီခိုနေကြတဲ့ စီးပွားရေးလုပ်ငန်းတွေ၊ မိသားစုနဲ့ တစ်ဉီးတစ်ယောက်ချင်းစီတိုင်းအတွက် ကျွန်တော် တောင်းပန်ပါတယ်။ ဖေ့စ်ဘွတ်ခ်ဝန်ဆောင်မှုပြတ်တောက်သွားခြင်းကြောင့် အဆင်မပြေဖြစ်သွားတဲ့လူတိုင်းကို စိတ်ရင်းနဲ့ တောင်းပန်ပါတယ်။ ကျွန်တော်တို့တွေ ကွန်ယက်ပြဿနာတွေ တွေ့ကြုံနေရပြီး ကျွန်တော်တို့အဖွဲ့ တတ်နိုင်သလောက်အမြန်ဆုံးကောင်းမွန်သွားအောင် လုပ်ဆောင်နေကြပါတယ်” လို့ ဆိုပါတယ်။

Ref: Ladbible & Mothership “Mark Zuckerberg’s Net Worth Plummeted During Facebook And Instagram Outage”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top