ကပ်ရောဂါအတွင်းမှာ အန္တရာယ် ကင်းကင်းနဲ့ ဘယ်လို သွေးလှူဒါန်းမလဲ

15-6-2020-yyl-019.jpg

လက်ရှိအချိန်မှာတော့ ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါကြောင့် ဆေးရုံတွေက ဝန်ပိနေကြရတာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရမှာဆိုးတဲ့အတွက် အနည်းငယ်ဖျားနာရင်တောင် ကျန်းမာရေး အကူအညီရှာနေတဲ့သူတွေကို ရပ်တန့်စေခဲ့ပါတယ်။ ဒါတင်မကပါဘူး။ ဆေးရုံလာရင် ကူးစက်ခံရမှာဆိုးတာကြောင့် သွေးလှူဒါန်းတဲ့အရေအတွက်လည်း နည်းသွားစေခဲ့ပါတယ်။ ဆေးရုံတက်ရတာလူတွေ များလာလေလေ သွေးလှူဒါန်းမှုအရေအတွက်က လျော့နည်းလာလေလေပါပဲ။ အိန္ဒိယနိုင်ငံမှာဆိုရင် သွေးအသုံးပြုရမှုက ယူနစ် (၂၁၆) ရှိနေချိန် သွေးစုဆောင်းမိတဲ့ ယူနစ်က ၉၉ သာရှိတယ်လို့ သိရပါတယ်။ သွေးလှူဒါန်းမှုတွေ နည်းသွားတဲ့အတွက် သွေး ပိုပြီး လိုအပ်နေပါတယ်။ အခုလိုကပ်ရောဂါအတွင်းမှာ သွေးအလှူရှင်တွေ ပိုပြီးတော့တောင် လိုအပ်နေပါသေးတယ်။ ဆေးရုံက လုပ်ခိုင်းထားတဲ့ ကြိုတင်ကာကွယ်မှုတွေကို လိုက်နာရင်းနဲ့ သွေးလှူဒါန်းလို့ရပါတယ်နော်။

ဘယ်သူတွေ သွေးလှူဒါန်းလို့ရလဲ

ရောဂါလက္ခဏာမရှိတဲ့သူ၊ ဖျားနာထားခြင်းမရှိတဲ့သူ၊ COVID-19 လူနာနဲ့ မထိတွေ့ခဲ့ဖူးတဲ့ ဘယ်သူမဆို ဘေးကင်းစွာနဲ့ သွေးလှူဒါန်းနိုင်ပါတယ်။ The Centre for Disease Control and Prevention က ကပ်ရောဂါအတွင်း ဘေးကင်းစွာ သွေးနဲ့ သွေးရည်ကြည်လှူဒါန်းဖို့အတွက် လမ်းညွှန်ချက်တွေ ပြဌာန်းထားပါတယ်။

အောက်ကအချက်တွေကို မှတ်သားထားသင့်ပါတယ်။

  • အသက်ရှုလမ်းကြောင်းဆိုင်ရာ သန့်ရှင်းမှုကို ထိန်းပါ။ ချောင်းဆိုး၊ နှာချေရင် သတိထားပါ။ ချောင်းဆိုး၊ နှာချေတဲ့အခါ ပါးစပ်နှာခေါင်းစည်းကို ဝတ်ဆင်တာ (သို့) တံတောင်ဆစ်ကွေးနဲ့ အုပ်ထားပါ
  • လက်သန့်ရှင်းရေးကို လိုက်နာပြီး လက်တွေကို သေချာသန့်စင်ဆေးကြောပါ
  • အထိတွေ့အများဆုံးနေရာတွေကို ပိုးသတ်သန့်စင်တာကလည်း အရေးကြီးပါတယ်
  • စောင့်ဆိုင်းရတာနေရာ အပါအဝင် ဆေးရုံက ထိုင်ခုံတွေကို အနည်းဆုံး (၆) မီတာအကွာမှာ ထားသင့်ပါတယ်
  • ဆေးရုံဝန်ထမ်းတွေနဲ့ လူနာတွေအတွက် သာမိုမီတာတိုင်းတာကလည်း ဆေးရုံထဲမဝင်ခင် လုပ်သင့်ပါတယ်

သွေးလှူဒါန်းဖို့သွားတဲ့အခါ လိုက်နာသင့်တဲ့ အချက်များ

  • လက်သန့်စင်ခြင်းနဲ့ ပတ်သက်ပြီး ဂရုစိုက်ပေးပါ။ သွေးမလှူခင်နဲ့ လှူဒါန်းပြီးနောက်မှာလည်း လက်ကို သန့်စင်ဆေးကြောပေးပါ။
  • ပါးစပ်နှာခေါင်းစည်းကို ဝတ်ဆင်ပြီး မျက်နှာကို ထိတာ၊ ပါးစပ်နှာခေါင်းစည်းအပြင်ဘက်ကို ထိတာတွေ မလုပ်ပါနဲ့။ သင့်မျက်နှာကို လက်နဲ့မထိခင် လက်တွေကို သန့်စင်ပေးပါ။ ပါးစပ်နှာခေါင်းစည်း အရှေ့ဘက်ခြမ်းကို မတော်တဆထိမိရင် လက်တွေကို သန့်စင်ဆေးကြောပေးပါ
  • အိမ်ပြန်ရောက်တဲ့အခါ အဝတ်တွေအားလုံးကို ချွတ်ပြီး အဲဒီအဝတ်တွေအားလုံးကို လျှော်ပစ်ကာ ရေချိုးပါ
  • နှာခေါင်းဆိုင်ရာ ကူးစက်ရောဂါကို ရှောင်ရှားတဲ့နေရာမှာ ကူညီပေးနိုင်ဖို့အတွက် ရေနွေးငွေ့ရှုပေးပါ
  • ညဘက်ကျရင် နွားနို့ (သို့) ဆေးဖက်ဝင် ရေနွေးကြမ်းတစ်ခွက်သောက်ပေးပါ။ သင့် ကိုယ်ခံအားနစ်ကို မြှင့်တင်ပေးဖို့အတွက် နေ့တိုင်း လုပ်ပေးလို့ရပါတယ်။

Ref: How to safely donate blood during coronavirus pandemic

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top