အဆီမကျဘဲ ကြွက်သားဆုံးရှုံးနေတယ်ဆိုတဲ့ လက္ခဏာရပ်တွေ

29-9-2021-yyl1.jpg

တချို့လူတွေက ကိုယ်အလေးချိန်ကျအောင် လုပ်နေကြပေမဲ့ ခန္ဓာကိုယ်က အဆီတွေကျမယ့်အစား ကြွက်သားတွေဆုံးရှုံးနေရပါတယ်။ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ကိုယ်အလေးချိန်ကျတယ်ဆိုတာ ခန္ဓာကိုယ်က အဆီပိုတွေဆုံးရှုံးပြီး ကြွက်သားတွေ ကျစ်လျစ်လာတာကို ဆိုလိုတာပါ။ ကိုယ်အလေးချိန်ကျဖို့လုပ်ဆောင်နေတဲ့ တချို့လူတွေက အဆီပိုတွေကျတယ်လို့ ယုံကြည်ပြီး ကြွက်သားပမာဏဆုံးရှုံးလာနေပါတယ်။ ကြွက်သားတွေဆုံးရှုံးတာကို ရေရှည်ဆိုမကောင်းပါဘူး။ ကျန်းမာရေးပြဿနာတွေ ကြုံတွေ့လာနိုင်ပါတယ်။ ကိုယ်အလေးချိန်ကျအောင် နည်းလမ်းကျကျမှန်မှန်ကန်ကန်လုပ်မယ်ဆိုရင်တော့ သင့်ခန္ဓာကိုယ်က ကြွက်သားတွေ ဆုံးရှုံးရမှာမဟုတ်ပါဘူး။ အဆီပိုတွေကျသွားတာလား ကြွက်သားတွေဆုံးရှုံးသွားတာလားဆိုတာ ပြောဖို့ အရမ်းကြီး မခက်ပါဘူး။ အဆီပိုတွေကျမယ့်အစား ကြွက်သားတွေ ဆုံးရှုံးနေတယ်ဆိုတာကို အောက်မှာ ဖော်ပြပေးထားတဲ့ လက္ခဏာရပ်တွေနဲ့သိနိုင်ပါတယ်။

ကိုယ်အလေးချိန်မြန်မြန်ကျနေတယ်

အဆီတွေကျဖို့က အချိန်ယူပြီး လုပ်ဆောင်ရတဲ့ အလုပ်ဖြစ်ပေမဲ့ ကြွက်သားဆုံးရှုံးဖို့ကတော့ လွယ်ကူတဲ့အရာပါပဲ။ ပေါင်ချိန်စက်မှာ ပေါင်ချိန်ကြည့်ရင် အချိန်တိုလေးနဲ့ ကိုယ်အလေးချိန်ကျနေတယ်ဆိုရင် အဆီတွေကျမယ့်အစား ကြွက်သားဆုံးရှုံးနေတယ်လို့ ပြောလို့ရပါတယ်။ ကိုယ်အလေးချိန်မြန်မြန်ကျနေတာက ကြာရှည်မခံပါဘူး။ ပြန်ပြီးကိုယ်အလေးချိန်တက်လာနိုင်ပါတယ်။

တစ်ချိန်လုံးပင်ပန်းနွမ်းလျနေသလိုခံစားရတာ

ကျန်းမာရေးနဲ့ညီညွှတ်စွာ စားသောက်မယ်၊ ပုံမှန်လေ့ကျင့်ခန်းလုပ်မယ်၊ အချိန်မှန်အိပ်မယ်၊ စိတ်ဖိစီးမှုကို ထိန်းချုပ်နိုင်မယ်ဆိုရင် ပင်ပန်းနွမ်းလျသလို ခံစားရမှာမဟုတ်ပါဘူး။ ဒါပေမဲ့ ကျန်းမာရေးနဲ့ညီညွှတ်တဲ့ဘဝနေထိုင်မှုပုံစံအလေ့အထကို လိုက်နာပြီး ကိုယ်အလေးချိန်ကျအောင် လုပ်နေတာတောင် တစ်နေ့တာလုပ်ငန်းဆောင်တာတွေလုပ်ဆောင်ပြီးတဲ့နောက် တစ်ချိန်လုံး ပင်ပန်းနွမ်းလျသလို ခံစားနေရရင် ကိုယ်အလေးချိန်ကျအောင်လုပ်ဆောင်တဲ့နေရာမှာ တစ်ခုခုမှားနေတာပါ။ ကိုယ်အလေးချိန်ကျမယ့်အစား ကြွက်သားတွေဆုံးရှုံးနေတာကြောင့် အခုလိုခံစားရတာဖြစ်နိုင်ပါတယ်။

ခန္ဓာကိုယ်က အဆီတွေမကျတာ

ကိုယ်အလေးချိန်ကျအောင်လုပ်နေတာက အဆီတွေ လောင်ကျွမ်းဖို့။ အဆီတွေမကျဘဲ ကိုယ်အလေးချိန်မြန်မြန်ကျသွားရင် အလကားပါပဲ။ ကိုယ်အလေးချိန်ကျအောင် လုပ်နေရင်း တစ်လအတွင်းမှာ သင့်ခန္ဓာကိုယ်က အဆီတွေကျမကျ သိနိုင်ပါတယ်။ ခန္ဓာကိုယ်က အဆီတွေကျမသွားဘူးဆိုရင်တော့ ကြွက်သားဆုံးရှုံးနေတာပါ။ သင့်ခန္ဓာကိုယ်က အဆီတွေကျမကျကို ပေါင်ချိန်စက်နဲ့ ချိန်ကြည့်ရုံနဲ့ မသိနိုင်ဘူး။ ခန္ဓာကိုယ်က အဆီတွေ ကျမကျ သင့်ကိုယ်တိုင်သိနိုင်ပါတယ်။ ဗိုက်ကို အရင်စမ်းကြည့်တာနဲ့တင် သိနိုင်ပါတယ်။

စိတ်မကြည်တာ

ကြွက်သားဆုံးရှုံးတာက အားအင်ကုန်ခန်းတာကို ဆိုလိုတာပါ။ အဲဒါက သင့်စိတ်ခံစားချက်ပေါ်ကိုလည်း ဆိုးဆိုးရွားရွားသွားသက်ရောက်နိုင်ပါတယ်။ ကြွက်သားဆုံးရှုံးတာနဲ့ စိတ်မကြည်တာ၊ စိတ်အတက်အကျဖြစ်တာ၊ စိတ်ဖိစီးတာတွေ မြင့်မားလာနိုင်ပါတယ်။ အဲဒါအပြင် မူးဝေသလို ခံစားရကောင်းရနိုင်ပါတယ်။ ကြွက်သားဆုံးရှုံးတာကြောင့် ခန္ဓာကိုယ်ပင်ပန်းလာပြီး ခွန်အားဆုံးရှုံးသွားတဲ့အခါ သင့်ဉီးနှောက်က ကောင်းကောင်းအလုပ်မလုပ်တော့ဘဲ စိတ်ခံစားချက်မတည်ငြိမ်တာတွေဖြစ်လာနိုင်ပါတယ်။

Ref: Signs you are losing muscles instead of fat

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top