ကလေးတွေရဲ့ ဆာလောင်မွတ်သိပ်မှုဒဏ်ကို ဖြေဖျောက်ပေးနေတဲ့ သားအဖ (၂) ဦး

10-9-2020-yyl-001.jpg

လူတစ်ယောက် “ပရဟိတစိတ်” ထားတတ်ဖို့ဆိုတာ လွယ်တဲ့ကိစ္စတော့မဟုတ်ပါဘူး။ အခုလိုကပ်ရောဂါကာလအတွင်းမှာ တစ်နေ့လုပ်မှ တစ်နေ့စားရတဲ့သူတွေဟာ ခက်ခဲကြမ်းတမ်းနေကြရတဲ့အတွက် သူတို့ကို ကူညီပေးကြတဲ့အဖွဲ့အစည်း၊ လူတွေရဲ့ ပရဟိစိတ်ရှိတာသူတွေလို့ ဆိုနိုင်ပါလိမ့်မယ်။ ဒါးလတ်စ်မြို့က ကိတ်သ် ဘရန်ချ် ( Keith Branch) ဆိုတဲ့ အမျိုးသားတစ်ဦးဟာ သူ့သားနဲ့အတူ ဆာလောင်မွတ်သိပ်နေတဲ့ ကလေးတွေကို အာဟာရဖြည့်ပေးမယ့် အစားအသောက်တွေကို ပေးကမ်းလှူဒါန်းပေးနေပါတယ်။

ဘရန်ချ်က အစားအစာချို့တဲ့မှုဒဏ်ကို ရင်ဆိုင်နေရတဲ့ ကလေးတွေကို ကျွေးမွေးဖို့အတွက် ရည်ရွယ်ထူထောင်ထားတဲ့ အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်း Kids Bring Life နဲ့ အတူ အလုပ်လုပ်နေတာပါ။ ဒါပေမဲ့ ကိုရိုနာဗိုင်းရပ်စ်ကပ်ရောဂါဖြစ်ပွားပြီး စီးပွားရေးအခြေအနေကျပ်တည်းလာတဲ့အတွက် မိသားစုသန်းချီတွေက အစားအသောက်လိုအပ်နေကြပါတယ်။ ဒါကြောင့် Kids Bring Life က ကလေးတွေအားလုံးကို အစားအသောက်ကျွေးမွေးမယ့်လုပ်ငန်းစဉ်ကို စတင်ခဲ့ပါတယ်။

“လူတွေက သူတို့ရဲ့မိသားစုအတွက် ဘယ်လိုထောက်ပံ့ပေးရမလဲ၊ ကလေးတွေကို ဘယ်လိုကျွေးမွေးရမလဲမသိ ဖြစ်နေကြရပါတယ်”လို့ ဘရန်ချ်က ပြောပါတယ်။ ဘရန်ချ်နဲ့ အသက် (၁၅) နှစ်အရွယ် သူ့သားတို့ဟာ တစ်ပတ် (၅) ရက်၊ တစ်နေ့ကို အစားအသောက် (၅၀) ပေးကမ်းလှူဒါန်းခဲ့ပါတယ်။ Kids Bring Life အဖွဲ့အစည်းတွေက ဒါးလတ်စ်မြို့ဝန်းကျင် နေရာ (၄၀) မှာရှိပါတယ်။

Kids Bring Life ရဲ့Operation Manager ဂျနယ်လ် ဟစ်ခ်စ် (Janell Hicks) က တစ်နေ့ကို အစားအစာပြင်ဆင်တာနဲ့ပတ်သက်ပြီး “ကျွန်မတို့တွေ တစ်နေ့ကို အစားအစာ (၂) ထောင် (၃) ထောင်လောက် ပြင်ဆင်ဖြစ်ပါတယ်။ သေချာပေါက် ပမာဏ တိုးဖို့ ရှိပါတယ်။ ကျေးဇူးတင်ဖို့ကောင်းတဲ့လူတွေကို ပိုပြီး ကျွန်မ မြင်တွေ့ရပါတယ်။ ဘေလ်အတွက် ပိုက်ဆံသုံးနေတဲ့ တချို့လူတွေက အစားအစာအတွက်သုံးပေးကြပါတယ်။ အရမ်းပီတိဖြစ်မိစေပါတယ်။ အချင်းချင်းဂရုစိုက်ပေးကြတဲ့လူတွေရှိလို့ပါပဲ”လို့ က ပြောပါတယ်။

ကိုရိုနာဗိုင်းရပ်စ်က လူတော်တော်များများကို အခက်အခဲဖြစ်စေခဲ့တာပါ။ ဒါပေမဲ့ ဘရန့်ချ် နဲ့ သူ့သားတို့ကိုတော့ လိုအပ်နေတဲ့ အခြားသူတွေကို ကူညီပေးနိုင်တဲ့ အခွင့်အရေးဖြစ်ပေါ်စေခဲ့ပါတယ်။

Ref: CBSNews “Father and son help nonprofit to serve meals with a side of human kindness”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top