မြေးတွေကို အဘိုးက ပေးတဲ့ ထူးထူးခြားခြားခရစ်စမတ်လက်ဆောင်

yyl-014-17.jpg

အခုအချိန်က ခရစ်စမတ်အချိန်အခါဖြစ်တဲ့အတွက် နိုင်ငံတော်တော်များများကလူတွေက လက်ဆောင်တစ်မျိုးပြီးတစ်မျိုးပေးနေကြပါတယ်။ အဲဒီလိုလက်ဆောင်တွေပေးနေတဲ့လူတွေထဲမှာ အိုရီဂွန်ပြည်နယ်က မြေး (၅) ယောက်ရဲ့အဘိုးလည်းအပါအဝင်ပါပဲ။ သူဟာ သူ့မြေးတွေအတွက် ခရစ်စမတ်လက်ဆောင်အနေနဲ့ ကျောင်းကားတစ်စီးဝယ်လာခဲ့ပါတယ်။ ဒါမှ သူ့မြေးတွေကို ကျောင်းလိုက်ပို့လို့ရမှာဖြစ်ပါတယ်။

ဒေါ့ချ် ဟာရက်စ် (Doug Hayes) ဆိုတဲ့ အဲဒီအဘိုးက ခရစ်စမတ်အချိန်အခါမှာ သူ့မြေးတွေအတွက် အဝါရောင်ကားအသေးစးလေးကို အချိန်ကိုက်ဝယ်ဖြစ်ခဲ့တယ်လို့ ဆိုပါတယ်။ အဝါရောင်ကျောင်းကားမှာ “Grandfather Express” ဆိုတဲ့စာသားလေးလည်းရေးသားထားပါတယ်။

ဟာရက်စ်ရဲ့မြေးတွေက ကျောင်းကားကို မြင်ရော သူတို့တွေ အရမ်းကို ဝမ်းသာပီတီဖြစ်သွားခဲ့ကြပါတယ်။ သူ့မြေး (၅) ယောက်က ကိုယ်ပိုင်ကျောင်းကားလုံလုံလောက်လောက်မရှိတဲ့ပုဂ္ဂလိကကျောင်းအသေးစားတစ်ခုမှာ တက်နေတာဖြစ်ပါတယ်။ ကျောင်းကားမလုံလောက်တာကြောင့် ကလေးမိဘတွေက နေ့တိုင်းကျောင်းလိုက်ပို့ရပါတယ်။

“ကလေးတွေက အမြဲပြောပါတယ်။ သူတို့ကျောင်းကို ကြိုက်ပါတယ်။ ဒါပေမဲ့ သူတို့ ကျောင်းကားစီးတော့မစီးရဘူး” လို့ ဟာရက်စ်က ပြောပါတယ်။ ဒါကြောင့်လည်း ဟာရက်စ်က ကျောင်းကားဝယ်ဖို့ ဆုံးဖြတ်ခဲ့တာပါ။

တကယ်တော့ ဟာရက်စ်က မြေး (၁၀) ယောက်ရှိပါတယ်။ မြေး (၅) ယောက်က ကျောင်းတက်ရတဲ့အရွယ်ရောက်နေပြီး အခြားမြေး (၅) ယောက်ကတော့ ကျောင်းတက်ရမဲ့အရွယ်မရောက်သေးပါဘူး။ နောက်နှစ်ဆိုရင်တော့ မြေး(၂) ယောက်ကတော့ ကျောင်းကားကို စီးရတော့မှာပါ။

ဟာရက်စ်က သူ့မြေးတွေကို နေ့တိုင်း မနက်ဆို ကျောင်းလိုက်ပို့မှာဖြစ်ပါတယ်။ သူ့အိမ်နဲ့ ကျောင်းက (၃) မိုင်ဝေးတာကြောင့် မိနစ် (၂၀) လောက်တော့ ကားမောင်းသွားရပါတယ်။ သူ့ဇနီးက သူ့ကို အကောင်အထည်ပေါ်ချင်တဲ့ ရည်မှန်းချက်တွေဘာတွေမရှိဘူးလားလို့ မေးရင်းနဲ့ သူ့မြေးတွေကို ကျောင်းကားဝယ်ပေးချင်တဲ့စိတ်ကူးက သူ့ဇနီးကြောင့် ပေါ်လာရတာဖြစ်ပါတယ်။ ရက်တစ်ပတ်အနည်းငယ်ကြာတော့ သူ ဆန္ဒအပြည့်ချင်ဆုံးအရာက သူ့မြေးတွေကို မနက်တိုင်း ကျောင်းလိုက်ပို့ချင်တယ်ဆိုတာ သိလာခဲ့ပါတယ်။

သူ့ဇနီးက သူ့ဆန္ဒတွေ အကောင်အထည်ဖော်နိုင်ဖို့အတွက် နောက်ကနေ တွန်းပို့ပေးခဲ့ပါတယ်။ သူတို့က ကျောင်းကရှာဖို့အတွက် (၁)လလောက်အချိန်ယူခဲ့ရပါတယ်။ သူ့မြေးအတွက် ကျောင်းကားကို စာလုံးတွေနဲ့ အလှဆင်ခဲ့ပြီး ထိုင်ခုံအားလုံးကို ထိုင်ခုံခါးပတ်တွေ တပ်ဆင်ခဲ့ပါသေးတယ်။

ဟာရက်စ်က သူ့မြေးတွေ စိတ်ကျေနပ်မှုရတဲ့အတွက် ဝမ်းသာပီတီဖြစ်ရပါတယ်။ သူက မနက်တိုင်း မိနစ်အနည်းငယ်လောက်တော့ သူ့မြေးတွေနဲ့အတူ အချိန်ကုန်ဆုံးရတော့မှာပါ။ ခရစ်စမတ်ကျောင်းပိတ်ရက်ကုန်ဆုံးသွားပြီး ကျောင်းပြန်ဖွင့်တဲ့ရက်မှာ ဟာရက်စ်က သူ့မြေးတွေကို ကျောင်းလိုက်ပို့ပေးတော့မှာဖြစ်ပါတယ်။

Ref: A man’s gift to his 10 grandkids? A bus to take them all to school each morning

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top