အသားရေငယ်ရွယ်နုပျိုစေမဲ့ နည်းစနစ်ကျကျ မိတ်ကပ်ဖျက်နည်းအဆင့်များ

yyl-018-13.jpg

အမျိုးသမီးတွေဟာ မိတ်ကပ်လိမ်းတဲ့အခါမှာ ပိုပြီး ကျွမ်းကျင်တဲ့ပုံပေါ်တယ်လို့ သိပ္ပံပညာရှင်တွေက ယူဆထားကြပါတယ်။ မိတ်ကပ်ခြယ်သတဲ့နေရာမှာ နည်းစနစ်ကျကျလုပ်ဆောင်ဖို့လိုပြီး အချိန်ပေးရတယ်လို့ ထင်ကြပါတယ်။ ဒါပေမဲ့ မိတ်ကပ်ဖျက်တာကလည်း ရိုးရှင်းတဲ့ကိစ္စမဟုတ်ဘူးဆိုတာကို မေ့နေကြပါတယ်။ တကယ်တော့ မိတ်ကပ်ဖျက်တာကိုလည်း စနစ်ကျကျလုပ်သင့်ပြီး အချိန်ပေးဖို့လည်းလိုပါတယ်။ နည်းစနစ်ကျကျမိတ်ကပ်ဖျက်မယ်ဆိုရင် သင့်အသားရေကို မပျက်စီးဘဲ အချိန်ကြာကြီးငယ်ရွယ်နုပျိုစေနိုင်ပါတယ်။ ဒါကြောင့် အသားရေမပျက်စီးအောင် စနစ်တကျ မိတ်ကပ်ဖျက်ရမဲ့ အဆင့်တွေကိုဖော်ပြပေးလိုက်ရပါတယ်။

အဆင့် (၁) မိတ်ကပ်မဖျက်မိ

မိတ်ကပ်မဖျက်ခင် ပြင်ဆင်မှုတွေလုပ်ထားသင့်ပါတယ်။ အရင်ဆုံး မျက်နှာသန့်စင်ဖို့အတွက် လိုအပ်တဲ့အရာတွေကို ဝယ်ယူဖို့လိုအပ်ပါတယ်။ သင်က အဆီပြန်တဲ့အသားရေဆိုရင် အဆီဓာတ်မပါတဲ့ထုတ်ကုန်တွေကို ရွေးချယ်သင့်ပြီး ခြောက်သွေ့တဲ့အသားရေဆိုရင် moisture အာနိသင်ပါတဲ့ထုတ်ကုန်တွေနဲ့ သင့်တော်ပါတယ်။ မျက်လုံးတစ်ဝိုက်သန့်စင်ရမဲ့ Eye Cleaner ကိုလည်း သီးသန့်ဝယ်ရင်ပိုကောင်းပါတယ်။ မျက်နှာသန့်စင်တဲ့အခါ ဆံပင်သိမ်းထားဖို့လည်း မမေ့သင့်ပါဘူး။ အရင်ဆုံး Wet Tissue နဲ့ အသားရေကို သန့်စင်ရင်လည်း ကောင်းပါတယ်။

အဆင့် (၂) မျက်လုံးနားက မိတ်ကပ်တွေကို ဖယ်ရှားခြင်း

သင်က ရေစိုခံအလှကုန်ပစ္စည်းတွေကို အသုံးပြုတယ်ဆိုရင် အဆီဓာတ်ကိုအခြေခံတဲ့ မိတ်ကပ်ဖျက်ဆေးကို အသုံးပြုနိုင်သလို သင့်နဲ့သင့်တော်တဲ့ အခြားမိတ်ကပ်ဖျက်ဆေးကိုလည်း အသုံးပြုနိုင်ပါတယ်။ ဂွမ်းမှာ မိတ်ကပ်ဖျက်ဆေးကို နှံ့နှံ့စပ်စပ်ထည့်ပြီး မျက်လုံးပေါ်မှာ ဖိထားပါ။ (၁၀-၂၀) စက္ကန့်လောက်စောင့်ပြီး မပွတ်ဘဲ မျက်လုံးပေါ်ကနေ ဖြည်းဖြည်းသာသာလေးဖယ်လိုက်ပါ။ မျက်လုံးနားက အသားရေက အရမ်းနူးညံ့ပါတယ်။မျက်လုံးနားက မိတ်ကပ်ကို ဖျက်တဲ့အခါ ဂွမ်းကို လားရာတစ်ဖက်တည်းကိုသာရွေ့ပြီး ဖျက်ပါ။ အတွင်းဖက်ကနေ အပြင်ဖက်ကိုရွေ့ပြီး ဖျက်ရင် အတွင်းဖက်ကနေ အပြင်ဖက်ကိုပဲ သွားပါ။ အပြင်ဖက်ကနေ အတွင်းဖက်ကို ပြန်ရွေ့ပြီး မိတ်ကပ်ကို မဖျက်မိပါစေနဲ့။

အဆင့် (၃) နှုတ်ခမ်းပေါ်က မိတ်ကပ်ကို ဖယ်ရှားခြင်း

နောက်ထပ်က နှုတ်ခမ်းပေါ်က မိတ်ကပ်ကို ဖယ်ရှားဖို့ပါပဲ။ ဒါမှ နှုတ်ခမ်းနီတွေက မျက်နှာပေါ်ကို မရောက်မှာဖြစ်ပါတယ်။ နှုတ်ခမ်းအတွက် သီးသန့်ထုတ်တဲ့ထုတ်ကုန်ကို အသုံးပြုလို့ရပါတယ်။ ထုတ်ကုန်ကို သင့်နှုတ်ခမ်းပေါ်မှာ လိမ်းလိုက်ပြီး (၅) မိနစ်လောက် စောင့်ပါ။ အဲဒီနောက် ဂွမ်းနဲ့ဖယ်ရှားလိုက်ရုံပါပဲ။ ဒါပေမဲ့ သင့်နှုတ်ခမ်းမပျက်စီးသွားဖို့အတွက် အရမ်းမပွတ်ပါနဲ့။

အဆင့် (၄) မျက်နှာပေါ်က မိတ်ကပ်တွေဖယ်ရှားခြင်း

သင့်အသားရေနဲ့ ကိုက်တဲ့မိတ်ကပ်ဖျက်ဆေးအရည်ကို ဂွမ်းနဲ့မျက်နှာကို သုတ်ပြီး ဖယ်ရှားလိုက်ပါ။ မိတ်ကပ်ဖျက်တဲ့အခါ မေ့ရိုးအောက်နဲ့ နားရွက်နောက်တို့ကို ဖျက်ဖို့ မမေ့ပါနဲ့။ မိတ်ကပ်ဖျက်တဲ့အခါ စက်ဝိုင်းပုံစံလှည့်ပြီး ဖျက်ပေးသင့်ပါတယ်။ အဲဒီနောက် ရေနဲ့ မျက်နှာသန့်စင်လိုက်ပြီး မျက်နှာသုတ်ပုဝါနဲ့ ခြောက်သွားအောင် သုတ်ပေးပါ။ ဘတ်တီးရီးယားတွေ ပျံ့နှံ့မှာကြောက်ရင် စက္ကူမျက်နှာသုတ်ပုဝါကို အသုံးပြုလို့ရပါတယ်။ မျက်နှာကို မပွတ်ပါနဲ့။ ရေစုတ်ရုံတင်ပါပဲ။

အဆင့် (၅) မိတ်ကပ်ဖယ်ရှားပြီးနောက်

မိတ်ကပ်ဖျက်ပြီးတဲ့နောက်မှာ အသားရေကို ဂရုစိုက်ဖို့ အရမ်းအရေးကြီးပါတယ်။ ဒါက မိတ်ကပ်ဖျက်တာရဲ့နောက်ဆုံးအဆင့်ပါပဲ။ သွေးလည်ပတ်မှုကောင်းအောင် သင့်မျက်နှာကို ဖြည်းဖြည်းသာသာလေး နှိပ်နယ်ပေးလို့ရပါတယ်။ သင့်အသားရေခြောက်သွေ့မသွားဖို့အတွက် Moisturizer ကို လိမ်းပေးဖို့ လိုအပ်ပါတယ်။

Ref: 5 Steps for Makeup Removal That Are a Must If You Want to Keep Your Skin Looking Young Longer

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top