ကားအခိုးခံရတဲ့သူတွေကို ကားတွေလှူဒါန်းပေးခဲ့တဲ့ ပရဟိတသမားကြီး

25-2-2021-yyl41.jpg

ပြီးခဲ့တဲ့နှစ်က ရှီကာဂိုမြို့မှာ လူ (၁၄၀၀) ကျော်ရဲ့ကားတွေအခိုးခံခဲ့ရပါတယ်။ ဒီပြစ်မှုကလည်း နိုင်ငံတစ်ဝှမ်းရှိ မြို့တော်တော်များများမှာ ပျံ့နှံ့ခဲ့ပါတယ်။ ကားအခိုးခံခဲ့ရတဲ့လူတွေထဲမှာ အက်ဝက်တ် ပါဒီလာ (Edward Padilla) ဆိုတဲ့ အမျိုးသားလည်းပါဝင်ပါတယ်။ အဲဒီအမျိုးသားဟာ သေနတ်နဲ့အထောက်ခံရပြီး ကားအခိုးခံလိုက်ရတာပါ။

“လူတစ်ယောက်က ကျွန်တော်တို့ နောက်ကိုမလှည့်နဲ့ သူ့ကို ကားသော့ပေးဆိုပြီး ပြောတယ်။ ကျွန်တော်ရဲ့ကျောကို သေနတ်နဲ့ထောက်ထားသလို ခံစားခဲ့ရတာပါ။ ကျွန်တော်ကိုလည်း ကားထဲကနေ ထွက်ခိုင်းခဲ့တယ်” လို့ အက်ဝက်တ်က ဆိုပါတယ်။ ကားအခိုးခံရတဲ့သူတွေကို အကူအညီပေးမယ့် သူတစ်ယောက်ပေါ်လာခဲ့ပါတယ်။ သူကတော့ ဂျာမိုင်နီ ဂျော်ဒန်ဆိုတဲ့ အမျိုးသားပါပဲ။ သူကလည်း ကားအခိုးခံရဖူးတာ (၃) ကြိမ်ရှိပါပြီ။ သူကတော့ ကားအရောင်းအဝယ်လုပ်ငန်း၊ ကားရေဆေးလုပ်ငန်းတွေကို ပိုင်ဆိုင်ထားတဲ့အပြင် ဆာလောင်မွတ်သပ်မှုတွေကို ဖြေသိမ့်ပေးနေတဲ့ စားသောက်ဆိုင်တစ်ဆိုင်ကို ဖွင့်ထားပါသေးတယ်။

ဂျော်ဒန်က သူလည်း ကားအခိုးခံရဘူးတဲ့အတွက် အခိုးခံရတဲ့သူတွေအတွက် ကိုယ်ချင်းစာမိတယ်လို့ ဆိုပါတယ်။ ဒါကြောင့် သူဟာ ကားအခိုးခံရတဲ့သူတွေအတွက် လှူဒါန်းကူညီမှုတွေလုပ်ပေးတာက အကောင်းဆုံးဆေးဖြစ်နိုင်တယ်လို့ တွေးခဲ့ပါတယ်။ သူက သူစိမ်းတွေဖြစ်တဲ့ ကားအခိုးခံခဲ့ရတဲ့သူတွေကို ကား (၁၅) စီးပေးပစ်ခဲ့ပါတယ်။ အဲဒီကားတွေကို သူ့ရဲ့ကိုယ်ပိုင်ငွေနဲ့ လူမှုကွန်ယက်ကနေ ရရှိခဲ့တဲ့ ရန်ပုံငွေတွေ ပေါင်းကာ ဝယ်ယူပြီး လှူဒါန်းခဲ့တာပါ။

အက်ဝက်တ်လည်း ဂျော်ဒန်လှူဒါန်းတဲ့ကားတစ်စီးကို ရရှိခဲ့ပါတယ်။ ဂျော်ဒန်က သူ့အတွက် နတ်သားတစ်ပါးလိုပဲလို့ဆိုပါတယ်။ သူက ဂျော်ဒန်ကို နတ်သားအဖြစ် မှတ်ယူထားခဲ့ပါတယ်။ ဂျော်ဒန်က ကားအခိုးခံရတဲ့သူတွေအတွက် ကားတွေလှူဒါန်းတာကို လုပ်ကိုလုပ်ချင်ခဲ့တာ၊ ကူညီပေးချင်ခဲ့တာလို့ ဆိုပါတယ်။

Ref: CBSNews “Chicago man runs charity to help get carjacking victims back on the road”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top