ကမ္ဘာပေါ်မှာ လူတိုင်းအကြွေရဆုံး လေယူလေသိမ်း

new0.jpg

ဖတ်ရှုသူ လူဦးရေ တစ်သန်းခွဲပိုင်ဆိုင်ထားတဲ့ Big 7 Travel နိုင်ငံတကာခရီးသွားဝက်ဘ်ဆိုက်ကနေ မဲပေးရွေးချယ်စေခဲ့ရာမှာ နယူးဇီလန်ရဲ့ဒေသိယစကားဖြစ်တဲ့ “Newzild” ဟာ ကမ္ဘာ့ အသံသြဇာအပြည့်ဝဆုံး နဲ့ နားထောင်လို့အကောင်းဆုံး၊ လူတိုင်းအကြွေရဆုံး လေယူလေသိမ်း အဖြစ် ရွေးချယ်ခံခဲ့ရပါတယ်။

(၂၀၁၉) ခုနှစ်အတွက် ဆွဲဆောင်မှုအရှိဆုံးနဲ့ နှစ်လိုဖွယ်ရာအကောင်းဆုံး လေယူလေသိမ်း အဖြစ်ရွေးချယ်ခံရတဲ့စာရင်းမှာ တောင်အာဖရိက နိုင်ငံက ဒုတိယအဖြစ်ပါဝင်လာခဲ့သလို အိုင်ယာလန်နဲ့ အီတလီနိုင်ငံ တို့က တတိယနဲ့ စတုတ္ထနေရာမှာ အစဉ်လိုက်ရပ်တည်ခဲ့ကြပါတယ်။

အသံနေအသံထား လေးလေးနှေးနှေးကို အသားပေးပြီး စကားပြောတတ်တဲ့ သြစတျေးလျနိုင်ငံကတော့ အဆင့်ငါးနေရာမှာ ရှိနေခဲ့ပြီး မနှစ်က နံပါတ်တစ်ချိတ်ခဲ့တဲ့ အင်္ဂလန်နန်းတွင်းသုံးလေယူလေသိမ်းကတော့ နံပါတ် (၁၂) ဖြစ်လာခဲ့ပါတယ်။

Ref: Dailymail “Revealed: The accents voted SEXIEST in the world…..”
AI (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply