သရုပ်ဆောင်ကြေးကို ၁၀ နှစ်ကြာချိန်အထိ မရသေးတဲ့ မင်းသမီး ဆမ်ယူရီ

sung.jpeg

တောင်ကိုရီးယားမင်းသမီး ဆမ်ယူရီ ဟာ ပြီးခဲ့တဲ့ ၁၀ နှစ်ကျော်က ပါဝင် သရုပ်ဆောင်ခဲ့တဲ့ ဒရမ်မာ ဇာတ်ကားနဲ့ ပတ်သက်လို့ သရုပ်ဆောင်ခ မရသေးဘူးလို့သိရပါတယ်။

ဆမ်ယူရီ ဟာ ၂၀၀၉ ခုနှစ်က SBS ရုပ်သံလိုင်းက ပြသခဲ့တဲ့ ‘Swallow the Sun.’ အမည်ရှိ ဇာတ်ကားမှာ ပါဝင်သရုပ်ဆောင်ခဲ့ပေမယ့် သရုပ်ဆောင်ကြေးမရခဲ့တာဖြစ်တယ်လို့ တောင်ကိုရီးမီဒီယာတွေကဖော်ပြပါတယ်။ မင်းသမီးဆမ်ယူရီ ရဲ့ကိုယ်စားလှယ်တွေက ရရှိမယ့်ငွေကြေးပမာဏာ ဟာအမေရိကန်ဒေါ်လာ ၇၅၁၁၇ဖြစ်ပြီး ငွေကြေးရနိုင်ဖို့အတွက် ဥပဒေကြောင်းအရ ရင်ဆိုင်ဖို့ အချိန်များစွာကြိုးပမ်းခဲ့တယ်လို့ ပြောပါတယ်။

အဆိုပါ ပြသာနာနဲ့ ပတ်သက်ပြီး မင်းသမီးဆမ်ယူရီဟာ တောင်ကိုရီးယား အနုပညာဖျော်ဖြေရေး စီမံခန့်ခွဲမှု အဖွဲ့ဆီကိုတိုင်ကြားခဲ့ပေမယ့် ဖြေရှင်းနိုင်မှုမရှိခဲ့ဘူးလို့သိရပါတယ်။ ထွက်ပေါ်နေတဲ့သတင်းတွေအရမှု အဆိုပါဇာတ်ကားမှာ ပူးတွဲပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဂျီဆန် နဲ့ ဆိုရီဟွန်တို့မှာလည်း သရုပ်ဆောင်ကြေး တွေမရသေးဘူးလို့သိရပါတယ်။ ဂျီဆန် က အမေရိကန်ဒေါ်လာ ၁၄၀၀၀၊ ဆိုရီဟွန်က အမေရိကန်ဒေါ်လာ ၂၃၀၀၀ မရသေးတာဖြစ်တယ်လို့ မီဒီယာတွေကဖော်ပြပါတယ်။

Ref: Allkpop: Sung Yuri has yet to receive $75,000 payment from SBS for her drama appearance 10 years ago
ကောင်းထက်ငွေ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top