ကမ္ဘာပတ် ခရီးသွားများမှ သင်ယူသင့်သော ခရီးသွား အသုံးအဆောင်များ ရွေးချယ်သယ် ယူမှုပုံစံ

tripslarge.jpg

အခုနောက်ပိုင်း မြန်မာနိုင်ငံမှာအရင်ကထက် ပိုပြီးခရီးထွက်လာတဲ့ လူဦးရေများလာတာကိုတွေ့ရပါတယ်။ အဲ့ဒီအခါမှာ မြန်မာနိုင်ငံက ခရီးသွား တော်တော် များများကို ကမ္ဘာပတ်ခရီးသွားများမှ သင်ယူသင့်သောခရီးသွား အသုံးအဆောင်များ ရွေးချယ်သယ်ယူမှု ပုံစံ တွေကို ဝေမျှပေးပြီးတော့ ဒီခရီးသွားရာသီမှာ ပိုပျော်ရွှင်စွာနဲ့ အမှတ်တရတွေ ဖန်တီးကြရအောင်။

အသုံးအဆောင် (၁) – ကိုယ်ပိုင်ရေဗူးသယ်ဆောင်သွားပါ။

နိုင်ငံခြားသားတော်တော်များများရဲ့ ကျောပိုးအိတ်မှာကိုယ်ပိုင်ရေဗူးတွေ ဆောင်ထားလေ့ရှိတာကိုတွေ့ဖူးမှာပါ။ အဲ့ဒီလိုအလေ့အကျင့်တွေမှာ ကောင်းကျိုး တွေ အများကြီးရှိပါတယ်။ တစ်နေရာရောက်တိုင်းရေသန့်ဗူးဝယ် ကုန်ရင်ပစ်လိုက်။ နောက်တစ်နေရာရောက် နောက်တစ်ဗူးဝယ် ကုန်ရင်ပစ်လိုက် လုပ်နေ မယ့်အစား ကိုယ်ပိုင်ရေဗူးကိုသာဆောင်ပြီးရေဖြည့်သုံးတာကပိုပြီးတော့ အမှိုက်သရိုက်တွေ ထတာကိုသက်သာစေပါတယ်။ အမှိုက်ပုံးထဲကို ရေသန့်ဗူးခွံ တွေ စနစ်တကျ လွင့်ပစ်ရင်တောင် အဲ့ဒီရေသန့်ဗူးခွံ လုံးဝကို မြေဆီလွှာမှာဆွေးမြေ့သွားစေဖို့ နှစ်ထောင်နဲ့သောင်းနဲ့ချီကြာတတ်ပါတယ်။ အဲ့ဒါကြောင့်မို့ ခရီးသွားတိုင်းကိုယ်ပိုင်ရေဗူးလေးကိုယ်စီဆောင်သွားတဲ့အခါမှာကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုလည်း စောင့်ရှောက်ထိန်းသိမ်းသွားပြီးသား ဖြစ်ပါတယ်။

အသုံးအဆောင် (၂) – မြေပုံ (သို့) offline map ဆောင်သွားပါ။

မြန်မာနိုင်ငံကခရီးသွားတော်တော်များများဆောင်သွားတာနည်းတဲ့ ပစ္စည်းတွေပါ။ အခုချိန်ထိ နေရာတိုင်းမှာ ဖုန်းလိုင်းအားတွေ အင်တာနက်လိုင်းအားတွေ ပြည့်ပြည့်ဝဝ ရသေးတာ မဟုတ်တဲ့အတွက် အဲ့ဒီအရာတွေကိုဆောင်သွားတာမမှားပါဘူး။ နိုင်ငံခြားတိုင်းပြည်တွေကို သွားရင်ပိုလိုအပ်ပါတယ်။ offline map လို့ပြောလိုက်တာနဲ့ အခုဖုန်းတွေမှာအခမဲ့ ဒေါင်းလုပ်လုပ်နိုင်တဲ့ Google Map တို့လို၊Trip Advisor တို့လို MAPS.Meတို့လို GPS application လေးတွေ ကိုဆိုလိုပါတယ်။ ကိုယ်တစ်နေနေရာမသွားခင် ကိုယ်သွားမယ့်နေရာကို အရင်ဒေါင်းလုပ်ဆွဲပြီး ကိုယ်ရောက်တဲ့နေရာမှာ အင်တာနက် မရှိပေမယ့် လည်း GPS system တစ်ခုတည်းနဲ့ မြေပုံကြည့်လို့ရလို့ ခရီးသွားတဲ့အခါ လမ်းပျောက် နိုင်ချေတွေကို ကြိုတင် ရှောင်ရှားလို့ရပါတယ်။

အသုံးအဆောင် (၃) – ဖိနပ်အပိုတစ်ရံအမြဲသယ်သွားပါ။

ခရီးသွားတဲ့အခါ ကိုယ့်အတွက် သက်သောင့်သက်သာရှိတဲ့ ဖိနပ် ၂ရံသာရှိပါစေ။ ဖိနပ်အပါးတစ်ရံနဲ့ walking shoes တစ်ရံပေါ့။ နိုင်ငံခြားသားတွေရဲ့ ကျောပိုးအိတ်မှာ ဖိနပ်လေးတွေ တွဲလောင်းချည်ထားတာကိုတွေ့မိကြမှာပေါ့။ ဖိနပ်ပါးကိုဟိုနားဒီနားသွားတဲ့အခါ ပေါ့ပေါ့ပါးပါးသွာလာနိုင်ဖို့ ဖိနပ်အပါး စီးကြပြီး တောင်တက်တာမျိုးတို့ဆို walking shoes စီးကြပါတယ်။ အဲ့ဒါအပြင် မတော်လို့ ဖိနပ်တစ်ရံရံက ပြတ်သွားခဲ့ရင် လိုက်ရှာဝယ်ရတာမျိုးတို့ ကိုယ့်နဲ့ သက်သောင့်သက်သာ မရှိတဲ့ ဖိနပ်မျိုး ဝယ်လိုက်ရတာမျိုးတို့ကိုလည်း ရှောင်ရှားနိုင်ပါတယ်။

အသုံးအဆောင် (၄) – ကြွပ်ကြွပ်အိတ်နဲ့ တစ်ရှုးတွေဆောင်ထားပါ။

ကြွပ်ကြွပ်အိတ်က ဘာအတွက်လဲဆိုတော့ ကိုယ်ရောက်တဲ့ နေရာမှာ အမှိုက်ပစ်ဖို့ ပုံးတွေမတွေ့ဘူးဆိုရင် အဲ့ဒီအိတ်ထဲ အမှိုက်တွေထည့်ပြီး ကိုယ့် ကျောပိုး အိတ်ထဲမှာ ပြန်ထည့်ထားပြီးအမှိုက်ပုံတွေ့မှ ပစ်တဲ့အလေ့အထကိုလုပ်ဖို့ဖြစ်ပါတယ်။ နိုင်ငံကြီးသားခရီးသွားတိုင်းလုပ်တဲ့အလုပ်မို့လို့ပါ။ တစ်ရှုး ကတော့ ကိုယ်ရောက်တဲ့နေရာမှာအိမ်သာမရှိတာမျိုး၊ အိမ်သာရှိပေမယ့် ရေမရှိတဲ့အခါမျိုးကျရင် အရမ်းအသုံးဝင်တဲ့ အရာလေးဖြစ်လို့ အဲ့ဒီအသေးစားအသုံး အဆောင်တွေ လည်း ယူသွားဖို့မမေ့ပါနဲ့။

အသုံးအဆောင် (၅) – power bank ကိုဆောင်ပါ။

လူတော်တော်များများကခရီးသွားရင် အီလက်ထရောနစ် ပစ္စည်းတော်တော်များများကိုယူသွားတတ်ကြပေမယ့် power bank ကိုတော့ မေ့နေ တတ်ကြ ပါတယ်။ ဒီအသုံးအဆောင်ကအရေးနဲ့အကြောင်းနဲ့ဆိုရင် အရမ်းကိုအသုံးဝင်တဲ့ အရာဖြစ်ပါတယ်။ ခရီးသွားတဲ့အခါ လမ်းမှာတစ်ခုခု ချွတ်ချော် သွားတာမျိုး မှာဖုန်းအားမရှိရင် ပိုဆိုးပါတယ်။ အဲ့ဒါကြောင့် ခရီးသွားတဲ့အခါ သီချင်းနားထောင်တာကလွဲလို့ ဖုန်းနဲ့ ရုပ်ရှင်ကြည့်တာ၊ ဂိမ်းဆော့တာတွေ က လျှော့သင့်ပါ တယ်။ ကိုယ့်ရပ်ရွာမဟုတ်တဲ့ တစ်နေရာကိုသွားနေတဲ့အတွက်ကြောင့်ပါ။ ဖုန်းအားကုန်သွားတဲ့အခါမှာလည်း power bank ရှိနေရင် ကိုယ် ဆက်သွယ် အကူအညီတောင်းမယ့်နေရာကိုလျှောလျှောရှူရှူ ဖုန်းဆက်နိုင်မှာဖြစ်ပါတယ်။

ဒီအပေါ်ကပြောထားတဲ့ အသုံးအဆောင်တွေဟာ နိုင်ငံခြားသားခရီသွားတွေတော်တော်များများဆောင်ထားတဲ့ အရာတွေဖြစ်ပြီးတော့ အတုယူသင့်တဲ့ အရာ တွေမို့ပြန်လည်ဝေမျှတာပါ။ ရိုးရာလေးပရိတ်သတ်တွေဆီကလည် းတစ်ခြားအတုယူစရာသင်ယူစရာလေးတွေကို တွေ့ရင်လည်းကွန့်မန့်မှာ ပြောသွား ပေးလို့ရပါတယ်နော်။

ကျေးကျေး (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top