Cookie TV က ကျင်းပပြုလုပ်တဲ့ Game of Thrones Fans တွေ့ဆုံပွဲ

Cookie TVက ကျင်းပပြုလုပ်တဲ့ Game of Thrones Fans တွေ့ဆုံပွဲကို ဧပြီ (၁၁) ရက်နေ့က Junction City ရဲ့ Promotion ဧရိယာမှာ စည်ကားစွာ ကျင်းပခဲ့ပါတယ်။

ဒီပွဲမှာ နိုင်ငံကျော်အဆိုတော်တွေဖြစ်ကြတဲ့ လွှမ်းပိုင်နဲ့ Sophia Everest တို့က တေးသီချင်းတွေနဲ့ ဖျော်ဖြေခဲ့ကြတဲ့အပြင် Game of Thrones ရဲ့ အမာခံပရိသတ်တွေလည်းတက်ရောက်ခဲ့ကြပြီး ဂိမ်းတွေလည်း ပျော်ပျော်ပါးပါးကစားခဲ့ကြပါတယ်။

Game of Thrones Series ဇာတ်သိမ်းပိုင်းဖြစ်တဲ့ Season (8) ကို ဧပြီ (၁၅) ရက်နေ့ မနက် (၇) နာရီခွဲမှာ ထုတ်လွှင့်သွားမှာဖြစ်ကာ Cookie TV Application ကနေ တစ်ကမ္ဘာလုံးနဲ့ တစ်ချိန်တည်း တိုက်ရိုက်ကြည့်ရှုနိုင်မယ်လို့ သိရပါတယ်။

Cherry (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top