ဒေါ်နယ်ထရမ့်ကို ပေးခဲ့တဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန် FDA ခွင့်ပြု

23-11-2020-yyl-001.jpg

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့် ကိုဗစ်-၁၉ ရောဂါပိုး ကူးစက်ခံရချိန်က သူ့ကို ပေးခဲ့တဲ့ စမ်းသပ်ဆဲ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန်နိုင်ငံ အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲမှု ဦးစီးဌာန (FDA)က ခွင့်ပြုပေးလိုက်ပါပြီ။ Regeneron ကုမ္ပဏီက ထုတ်လုပ်ထားတဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရပြီး ဝေဒနာအပြင်းအထန် ခံစားရနိုင်ခြေရှိသူတွေကို အသုံးပြုခွင့်ပေးမှာ ဖြစ်ပါတယ်။ လေ့လာမှုတွေအရ ရောဂါပိုးတွေ့ပြီးပြီးချင်း အဲဒီဆေးကိုသာ စောစောစီးစီး အသုံးပြုရင် အာနိသင်ထက်မြက်တယ်လို့ တွေ့ရပါတယ်။

Regeneron ကုမ္ပဏီရဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးဟာ ဓာတ်ခွဲခန်းမှာ ဖန်တီးထားတဲ့ ပဋိပစ္စည်း ၂ မျိုးကို ပေါင်းစပ်ထားတာဖြစ်ပါတယ်။ အဲဒီပဋိပစ္စည်းတွေဟာ လူသားတွေရဲ့ကိုယ်ခံအားစနစ် တုံ့ပြန်ပုံကို ပုံတူကူးထားပြီး ဗိုင်းရပ်စ်တွေကို တိုက်ဖျက်ပေးတာပါ။ အခုလအကုန်မှာ လူနာ ၈၀၀၀၀ အတွက် လုံလောက်မယ့် ဆေးဝါးတွေ ထုတ်လုပ်ပေးနိုင်ဖို့ မျှော်မှန်းထားပြီး ဇန်နဝါရီလအကုန်မှာ ဆေးအဖုံ ၃ သိန်း ရနိုင်လိမ့်မယ်လို့ Regeneron ကုမ္ပဏီက ပြောပါတယ်။ ဒါပေမဲ့ ဆေးရုံတက်နေရပြီး အောက်ဆီဂျင်လိုအပ်တဲ့ ကိုဗစ်-၁၉ လူနာတွေအတွက် အဲဒီဆေးကို အသုံးပြုခွင့်မပေးဘူးလို့ FDA က ဆိုပါတယ်။

အခုလအစောပိုင်းတုန်းကလည်း အမေရိကန်ဆေးဝါးကုမ္ပဏီတစ်ခုဖြစ်တဲ့ Eli Lilly က ထုတ်လုပ်တဲ့ ပဋိပစ္စည်းပေါင်းစပ်ဆေးကို အရေးပေါ်အခြေအနေမှာ အသုံးပြုဖို့ အမေရိကန် FDA က ဖွင့်ပြုပေးခဲ့ပါတယ်။

Ref: BBC ” Covid-19: FDA allows emergency use of antibody drug Regeneron”

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top