တရုတ်(တိုင်ပေ)ကို အမေရိကန်အရာရှိ လာရောက်ချိန်မှာ တရုတ်နိုင်ငံ စစ်ရေးလေ့ကျင့်

18-9-2020-yyl-021.jpg

တရုတ်(တိုင်ပေ)ကို အမေရိကန်နိုင်ငံ ထိပ်တန်းအရာရှိ လာရောက်ချိန်မှာ တရုတ်နိုင်ငံက အချုပ်အခြာအာဏာကာကွယ်ရေးဆိုတဲ့ ခေါင်းစဉ်အောက်ကနေ ထိုင်ဝမ်ရေလက်ကြားအနီး စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါတယ်။ အမေရိကန်နဲ့ တရုတ်နိုင်ငံကြား တင်းမာမှုမြင့်တက်နေပြီး အမေရိကန်နိုင်ငံက တရုတ်(တိုင်ပေ)ကို ထောက်ခံအားပေးကြောင်း ပြသလာချိန်မှာ တရုတ်နိုင်ငံဘက်က စစ်ရေးလေ့ကျင့်မှုလုပ်ခဲ့တာပါ။

ကိ(သ်)ခရက်ချ်ဟာ ပြီးခဲ့တဲ့ဆယ်စုနှစ်တွေအတွင်း တရုတ်(တိုင်ပေ)ကို လာရောက်တဲ့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန အရာရှိတွေထဲမှာ ရာထူးအကြီးဆုံးပါပဲ။ တရုတ်နိုင်ငံက တရုတ်(တိုင်ပေ)ကို ခွဲထွက်ထားတဲ့ ပြည်နယ်တစ်ခုအဖြစ် သဘောထားနေပြီး လိုအပ်လာရင် အင်အားသုံးပြီး ပေါင်းစည်းအောင် လုပ်မယ်လို့ ဆိုထားပါတယ်။

အမေရိကန်နဲ့ တရုတ်(တိုင်ပေ)က မကြာခဏ ဆူပူအုံကြွမှုတွေဖြစ်အောင် ပူးပေါင်းလုပ်ဆောင်မှုကို အရှိန်မြှင့်ဆောင်ရွက်နေကြတယ်လို့ ပြီးခဲ့တဲ့သောကြာနေ့မှာ တရုတ်ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ရန်ကွေ့ကျန်းက စွပ်စွဲခဲ့ပါတယ်။ ” တရုတ်နိုင်ငံကို ထိန်းချုပ်ဖို့ တရုတ်(တိုင်ပေ)ကို အသုံးချနေတာ”၊”မီးနဲ့ကစားရင်တောင် မီးလောင်ခံရလိမ့်မယ်”လို့ ရန်ကွေ့ကျန်းက ပြောခဲ့ပါတယ်။ တရုတ်နိုင်ငံဟာ ပြီးခဲ့တဲ့သီတင်းပတ်ကလည်း တရုတ်(တိုင်ပေ) အနောက်တောင်ပိုင်း ကမ်းလွန်ဘက်မှာ ၂ ရက်ကြာမြင့်တဲ့ အကြီးအကျယ် စစ်ရေးလေ့ကျင့်မှု လုပ်ခဲ့ပါသေးတယ်။

Ref: BBC ” China holds military drill as US envoy visits Taiwan”

Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top