သေနတ်အတုသုံးပြီး ဓားပြတိုက်သူကို ရတနာဆိုင် ဝန်ထမ်းတွေက ဖမ်းဆီး

yyl-032-5.jpg

သေနတ်အတုသုံးပြီး ရတနာဆိုင်ကို ဓားပြတိုက်ခဲ့တဲ့ အမျိုးသားတစ်ယောက်ဟာ ရတနာဆိုင်ဝန်ထမ်းတွေရဲ့ ပါးနပ်လိမ္မာမှုကြောင့် ဖမ်းဆီးခံခဲ့ရပါတယ်။ ဖေဖော်ဝါရီလ ၁၃ ရက် ဒေသစံတော်ချိန် နံနက် ၁၁ နာရီ ၁၅ မိနစ်အချိန်က ဟောင်ကောင်မြို့၊ မုန်းကိုးခရိုင်မှာရှိတဲ့ Luk Fook ကျောက်မျက်ရတနာဆိုင်ထဲကို နှာခေါင်းစည်းတပ်ထားတဲ့ အမျိုးသားတစ်ယောက် ဝင်လာခဲ့ပါတယ်။ ဆိုင်ထဲရောက်ချိန်မှာ အဲဒီအမျိုးသားက သူယူလာတဲ့ နိုင်လွန်အိတ်ထဲကနေ ပုလင်းတစ်လုံးနှိုက်ပြီး အငွေ့ပျံ့စေတဲ့ အရည်တွေကို လက်ဝတ်ရတနာကောင်တာပေါ် လောင်းချခဲ့ပါတယ်။ ပြီးတော့ ပစ္စတိုသေနတ်ကို ဆွဲထုတ်ပြီး “ဓားပြတိုက်နေတာ၊ ရတနာပစ္စည်းတွေထုတ်ပေး’’လို့ ဝန်ထမ်းတွေကို ပြောခဲ့ပါတယ်။

ရတနာဆိုင် ဝန်ထမ်းတွေ ကြက်သေသေနေတုန်း အဲဒီအမျိုးသားက ရွှေထည်ပစ္စည်းတွေကို သူ့အိတ်ထဲ သွန်ထည့်ပြီး ထွက်ပြေးသွားခဲ့ပါတယ်။ ဓားပြတိုက်ခံရပြီး ၂ မိနစ်အကြာမှာ ဓားပြကိုင်ထားတဲ့ သေနတ်က အစစ်မဟုတ်လောက်ဘူးလို့ ဆုံးဖြတ်ပြီး သူ့နောက်ကို ပြေးလိုက်ခဲ့ပါတယ်။ ခဏအကြာမှာပဲ အဲဒီအမျိုးသားကို ကြားဖြတ်တားဆီးနိုင်ခဲ့ပါတယ်။ သူတို့တွေ ဝရုန်းသုန်းကားဖြစ်နေတုန်း တာဝန်ချိန်ပြင်ပ ရဲတပ်ကြပ်ကြီးတစ်ယောက်က ပါဝင်ဖမ်းဆီးပေးခဲ့ပါတယ်။ အဲဒီနောက်မှာတော့ အရေးပေါ်အဖွဲ့တွေ ရောက်လာပါတယ်။ နိုင်လွန်အိတ်ထဲကနေ ဟောင်ကောင်ဒေါ်လာတစ်သန်း(အမေရိကန်ဒေါ်လာ ၁၂၉၀၀၀)တန်ကြေးရှိတဲ့ လက်ဝတ်ရတနာပစ္စည်း ၁၈၈ ခုနဲ့ လေသေနတ်တစ်လက်ကို တွေ့ရှိခဲ့ပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top