နာတာရှည်ဆေးရုံက လူနာ (၄) ဦးကို မီးဘေးကနေ ကယ်တင်ရင်း မီးလောင်ခံခဲ့ရတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီး

23-11-2020-yyl-007.jpg

ခွေးတွေက လူတွေအပေါ် သစ္စာရှိတဲ့အပြင် လူတွေရဲ့အသက်ကိုလည်း ကယ်တင်ပေးတယ်ဆိုတာကို ဟီးရိုးလို့တင်စားရလောက်တဲ့ ခွေးလေးတစ်ကောင်က သက်သေပြလိုက်ပြန်ပါပြီ။ မာတေးဒါလို့အမည်ရတဲ့ ကိုယ်ဝန်ဆောင်ခွေးမကြီးတစ်ကောင်ဟာ နာတာရှည်ဆေးရုံက လူ (၄) ဦးကို မီးဘေးကနေ ကယ်တင်ခဲ့ပြီးတဲ့နောက်မှာတော့ မီးလောင်ကျွမ်းမှုကို ပြင်းပြင်းထန်ထန်ခံစားခဲ့ရပါတယ်။ မာတေးဒါဟာ ရုရှားနိုင်ငံရဲ့ လီနင်ဂရက်ဒေသက မီးလောင်ကျွမ်းနေတဲ့အဆောက်အဦးထဲ ဝင်မသွားခင်မှာ မီးလောင်တာနဲ့ပတ်သက်ပြီး သူ့သခင်ကို ဟောင်ပြီး အချက်ပြခဲ့တာပါ။

ဆေးရုံထဲဝင်ကာ လူနာ (၄) ဦးကို အသည်းကုန်ဟောင်ပြီး အသိပေးကယ်တင်ပေးခဲ့ပြီးတဲ့နောက်မှာ ကာဗွန်ဒိုင် မိုနိုအောက်ဆိုဒ်ကြောင့် ခွေးမကြီးက သတိမေ့မြေသွားခဲ့ရမှ မီးလောင်ကျွမ်းခံခဲ့ရတာပါ။ ဆေးရုံက လူ (၄) ဦးကတော့ ဘေးကင်းခဲ့ပေမဲ့ မာတေးဒါကို နောက်မှ ကယ်တင်ခဲ့ရတဲ့အတွက် ပြင်းပြင်းထန်ထန်ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။ စေတနာ့ဝန်ထမ်းတွေဖြစ်တဲ့ အယ်လီနာ ကလီနီနာ နဲ့ အလက်ဇန္ဒား ဆင်ကီဗစ်ချ်တို့ ခွေးမကြီးကို ကယ်တင်ခဲ့ကြတာပါ။

သတင်းထုတ်ပြန်ချက်မှာတော့ ခွေးမကြီးက ပြင်းပြင်းထန်ထန်နာကျင်မှုကို ခံစားနေရပေနဲ့ အရာရာတိုင်းကို ကျော်လွှားနိုင်တယ်လို့ ဆိုပါတယ်။ စိန့်ပီတာစဘတ်မြို့က တိရစ္ဆာန်စောင့်ရှောက်ရေးကလည်း ခန္ဓာကိုယ်တစ်ခုလုံးနီးပါးကို မီးလောင်ကျွမ်းခဲ့ရတဲ့ မာတေးဒါကိုကယ်တင်ပေးနိုင်ဖို့ မျှော်လင့်နေခဲ့ကြတာပါ။ မာတေးဒါက မီးလောင်ဒဏ်ရာတွေနဲ့ပဲ ခွေးလေးတွေ မွေးဖွားခဲ့ရပါတယ်။ “မာတေးဒါရဲ့မျက်နှာ၊ လည်ပင်း၊ ဝမ်းဗိုက်တွေက ပြင်းပြင်းထန်ထန်မီးလောင်ကျွမ်းခံခဲ့ရတာပါ။ ခွေးမကြီးရဲ့ကိုယ်ဝန်ကိုတော့ အချိန်အကြာကြီးကြည့်ပေးခဲ့တဲ့ တိရစ္ဆာန်အထူးကုက စစ်ဆေးပေးခဲ့ပြီး ခွေးလေးတွေကို သေချာဂရုစိုက်ပေးခဲ့ပါတယ်။ ခွေးလေးတွေအကုန်လုံးအသက်ရှင်ပြီး ကျန်းမာရေးကောင်းတယ်။ ” လို့ တိရစ္ဆာန်စောင့်ရှောက်ရေးဂေဟာက ပြောပါတယ်။

မာတေးဒါက ခွေးလေးတွေ မွေးဖွားတဲ့အချိန်မှာ သူ့ရဲ့ဒဏ်ရာတွေကြောင့် ခွေးလေးတွေကို နို့မတိုက်နိုင်မှာမဟုတ်သလို စောင့်ရှောက်နိုင်မှာလည်းမဟုတ်ဘူးလို့ နာတာရှည်ဆေးရုံပိုင်ရှင်က ဆိုထားပါတယ်။

Ref: Ladbible “Pregnant Dog Rescues Four Patients From Fire In Hospice”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top