Disney World အလည်သွားရင်း ဒစ်စနီမင်းသမီးလေး ဖြစ်သွားခဲ့တဲ့ ကလေးမလေး

yyl-8-9-009.jpg

ဆစ်ဒနီ အဲလစ် ရက်ဆဲလ် (Sydney Elise Russell) ဆိုတဲ့ ကလေးမလေးဟာ အသက် (၈) နှစ်ပြည့် မွေးနေ့မှာ လူတိုင်းသွားချင်ခဲ့တဲ့နေရာလေး Disney World ကို သူ့မိသားစုနဲ့အတူ အလည်အပတ်သွားခဲ့ပါတယ်။ အဲဒီနေရာမှာ တစ်ရက်တည်းနဲ့ နာမည်ကြီးလာမယ်လို့ သူ မထင်မှတ်ထားခဲ့ပါဘူး။ ဆစ်ဒနီက Disney World ရဲ့ Bibbidi Bobbidi Boutique အလှပြင်ဆိုင်မှာ သူအကြိုက်ဆုံးဒစ်စနီမင်းသမီး တီရာနာလိုပုံစံမျိုး ပြင်ဆင်ခွင့်ရခဲ့ပါတယ်။ အဲဒီနောက်မှာ သူက နောက်ထပ်ဒစ်စနီမင်းသမီးတွေ ရှိဦးမလားဆိုပြီး Magic Kingdom ကို လှည့်ပတ်သွားလာခဲ့ပါတယ်။ အဲဒီနေရာမှာ ဆစ်ဒနီက ကြားဖူးနေကျဂီတသံစဉ်ကို ကြားခဲ့ပြီး သီချင်းနဲ့အတူ လိုက်ကပါတော့တယ်။

PhotoPass ဓာတ်ပုံဆရာတစ်ဦးက ဆစ်ဒနီကို သတိထားမိခဲ့ပြီး ဂီတအတိုင်းလိုက်ကလို့ရအောင် Walt Disney World Marching Band ကို ခေါ်လာခဲ့ပါတယ်။ တီရာနာမင်းသမီးလေးလို ဂီတသံစဉ်အတိုင်းလိုက်ကနေတဲ့ ဆစ်ဒနီကို လူအုပ်ကြီးက ကြည့်နေတဲ့ဗီဒီယိုကို ဆစ်ဒနီရဲ့အမေက ဖေ့စ်ဘွတ်ခ်ပေါ်တင်ခဲ့ပါတယ်။ အဲဒီဗီဒီယိုက (၂) ရက်အတွင်း ကြည့်ရှုသူ (၃၀၀၀၀) ကျော်ဖြစ်သွားခဲ့ပြီး ဆစ်ဒနီကို လူတော်တော်များများက သိနေပါပြီ။

ဆစ်ဒနီနဲ့ မင်းသမီးတီရာနာတို့မှာ စိတ်အားထက်သန်ပြင်းပြတယ် ဆိုတဲ့အချက်က တူကြပါတယ်။ တကယ်တော့ ဆစ်ဒနီက သူ့ရဲ့ဖျော်ဖြေတင်ဆက်မှုတွေကို တင်ဆက်ပေးနေတဲ့ ဝက်ဘ်ဆိုက်တစ်ခုရှိတဲ့ မင်းသမီး၊ အဆိုတော်၊ အကသမားတစ်ယောက် ဖြစ်ပါတယ်။

ဆစ်ဒနီရဲ့မိခင်က ကလေးတွေဖြစ်ချင်တဲ့အရာတွေကို နည်းလမ်းရှာပြီး ပံ့ပိုးကူညီပေးသင့်ကြောင်းဆိုပါတယ်။ ဆစ်ဒနီကလည်း အိပ်မက်ကို အကောင်အထည်ဖော်ချင်တဲ့ သူတွေအတွက် တစ်ခုခုလုပ်ချင်ရင် ဖြစ်အောင်လုပ်လိုက်ပါဆိုပြီး အကြံပြုထားပါတယ်။

Ref: ABCNews “8-year-old dressed like Princess Tiana wows Disney World crowd with her dancing”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top