မိုင်လီ ဆိုင်းရပ်စ် နဲ့ ကိုဒီ ဆင်ပ်ဆန်တို့ ဘယ်လိုပတ်သက်နေလဲ

yyl-8-9-019.jpg

မိုင်လီ ဆိုင်းရပ်စ် (Miley Cyrus) ဟာ သူ့ခင်ပွန်း လီယမ် ဟမ်းဆွက်သ် (Liam Hemsworth) နဲ့ ကွာရှင်းပြီး (၂) လအကြာမှာ ကိတ်လင် ကာတာ (Kaitlynn Carter) နဲ့ ခဏတာ ပျော်ပါးခဲ့ကြပါတယ်။ အခုတော့ မိုင်လီ ဆိုင်းရပ်စ်က အဆိုတော် ကိုဒီ ဆင်ပ်ဆန် (Cody Simpson)နဲ့ တွဲနေတဲ့ပုံပါပဲ။ သူတို့နှစ်ယောက်အကြောင်းကို မိုင်လီနဲ့ ရင်းနှီးတဲ့source တစ်ခုက သတင်းဌာနတစ်ခုကို ထုတ်ပြောလာတာရှိပါတယ်။

“ကိုဒီနဲ့မိုင်လီတို့က ချစ်သူတွေလို အရမ်းကြီးသဘောထားကြသေးတာ မဟုတ်ပါဘူး။ သူတို့နှစ်ယောက်က အဆိုတော်လောကပဲဆိုတော့။ အခုတော့ မိုင်လီက ပျော်ရွှင်စရာ အချိန်လေး ပိုင်ဆိုင်နေပါပြီ” မိုင်လီက ကိုဒီကို အကောင်းဆုံးသူငယ်ချင်းတွေအဖြစ်နဲ့ သဘောထားပြီး သူ့အတွက် ကိုဒီက လုံခြုံမှုရှိတယ်လို့ မြင်ပါတယ်။  သူတို့အချင်းချင်း တူတာတွေရှိပါတယ်။ ကိုဒီကလည်း ရည်းစားအများကြီးထားခဲ့ပြီး အခြားသူတွေနဲ့ ပျော်ပျော်ရွှင်ရွှင်နေတတ်ပါတယ်။ သူတို့က relationship ဆိုတဲ့ အဆင့်ကိုမရောက်သေးပါဘူး။ လူမှုကွန်ယက်မှာ ကိုဒီက ပရောပရည်ကွန်မန့်တွေပေးရင်တောင် သူက စနောက်နေတာပါ။ ဒါက သူ့ရဲ့ဗီဇပါပဲ လို့ ပြောပါတယ်။

မိုင်လီနဲ့ ကိုဒီတို့ နမ်းနေကြတဲ့ ဓာတ်ပုံတွေက လူမှုကွန်ယက်မှာ ထွက်ရှိလာခဲ့ပါတယ်။ အဲဒီလိုထွက်ရှိလာပြီးတဲ့နောက်မှာ မိုင်လီကတော့ သူ့ရဲ့IG Storiesမှာ ကိုဒီနဲ့ ရင်ချင်းအပ်ပြီး နမ်းနေတဲ့ပုံကို တင်ခဲ့ပြီး ကိုဒီက သူ့အကြိုက်ပုံစံပါလို့လည်း ပြောထားတာတွေ့ရပါတယ်။ မိုင်လီက သူဟာ (၁၀) စုနှစ်နီးပါးလောက် ရည်းစားထားခဲ့တာဖြစ်ပြီး ကောင်လေးအသစ်တွေနဲ့ သူ့ကို ပရိသတ်တွေမြင်တွေ့စေချင်တယ်လို့ ပြောပါတယ်။ dating က သူ့အတွက် အသစ်ပါပဲလို့ တွစ်တာမှာ ရေးသားထားပြီး သူရဲ့အချစ်ရေးကို လျှို့ဝှက်မထားချင်ဘူးလို့လည်း ဆိုပါတယ်။

Ref: Hollywoodlife “Cody Simpson & Miley Cyrus: The TruthAbout Their Romance After Their SteamyMake Out Session”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top