မိန်းကလေးတွေ ကိုယ့်ကိုယ်ကို ယုံကြည်ချက်ရှိစေတဲ့ ပစ္စည်းတစ်မျိုး

yyl-8-9-007.jpg

မိတ်ကပ်က လူတစ်ယောက်ကို ပြောင်းလဲစေနိုင်တယ်ဆိုတာ မိန်းကလေးတိုင်း ထောက်ခံကြမယ်ထင်ပါတယ်။ အဝတ်အစားလှတာတွေ ရွေးမဝတ်ဘဲ ကြုံသလိုဝတ်ဖြစ်တဲ့ နေ့မျိုးတွေရှိတတ်ပါတယ်။ အဲဒီအခါမျိုးမှာ မိတ်ကပ်အနည်းငယ်လေး ပြင်လိုက်တာနဲ့ သင့်ကို ကြည့်ကောင်းသွားစေမှာပါ။ ဒါပေမဲ့ သင့်ကိုလုံးဝပြောင်းလဲသွားစေနိုင်တဲ့ အလှကုန်ပစ္စည်းတစ်မျိုးရှိပါတယ်။ အဲဒါကတော့ နှုတ်ခမ်းနီပါပဲ။ သင့်ကြိုက်နှစ်သက်တဲ့ နှုတ်ခမ်းရောင်ကိုဆိုးဖို့အတွက် (၁) မိနစ်၊ (၂) မိနစ်လောက်ပဲ အချိန်ယူရပါတယ်။ နှုတ်ခမ်းနီက သင့်ကိုကြည့်ကောင်းစေရုံသာမက ကိုယ့်ကိုယ်ယုံကြည်ချက်လည်း ရှိစေပါတယ်။

သင် နှစ်သက်တဲ့နှုတ်ခမ်းနီအရောင်ကို ဆိုးလိုက်တာနဲ့ ကိုယ့်ကိုယ်ကိုယုံကြည်ချက် ပိုရှိလာသလိုခံစားရတယ်မလား။ သင်က တက္ကသိုလ်ကျောင်းသူပဲဖြစ်ဖြစ်၊ မိခင်ပဲဖြစ်ဖြစ်၊ ဝန်ထမ်းပဲဖြစ်ဖြစ်ကိစ္စမရှိပါဘူး။ နှုတ်ခမ်းနီဆိုးလိုက်တာနဲ့ သင့်စိတ်ဓာတ်ကို မြှင့်တင်ပေးသလို သင့်တစ်နေ့တာကိုလည်း အကောင်းဆုံးဖြစ်စေမှာပါ။

စိတ်မတည်မငြိမ်ဖြစ်တဲ့နေ့၊ စိတ်ရှုပ်တဲ့နေ့တွေမှာတောင် နှုတ်ခမ်းနီက သင့်စိတ်ကို တက်ကြွလန်းဆန်းစေမှာပါ။ ကိုယ့်ကိုယ်ကိုယုံကြည်ချက် ရှိလာတာအပြင် တစ်နေ့တာကို သတ္တိရှိရှိနဲ့ ဖြတ်သန်းသွားနိုင်မှာဖြစ်ပါတယ်။ British Heart Foundation က လေ့လာစမ်းသပ်တဲ့သုတေသနတစ်ခုမှာ အမျိုးသမီး (၂၆) ရာခိုင်နှုန်းက အနီရောင်နှုတ်ခမ်းနီနဲ့ဆိုရင် ယုံကြည်ချက်ပိုရှိတယ်လို့ ခံစားရကြောင်း ဆိုထားပါတယ်။

သင်နှုတ်ခမ်းနီဆိုးလိုက်လို့ သင့်ပုံစံက ကြည့်ကောင်းနေတဲ့အခါ အကောင်းဆုံးမဟုတ်ရင်တောင် ကိုယ့်ကိုယ်ကိုယုံကြည်မှု ရှိသလိုခံစားရမှာပါ။ နှုတ်ခမ်းနီက ကိုယ့်ကိုယ်ကိုယုံကြည်ချက် ရှိစေတယ်လို့ ခံစားရသရွေ့တော့ သင် ဘယ်အရောင်ဆိုးဆိုးကိစ္စမရှိပါဘူး။ ဒါပေမဲ့ သင်ကြိုက်တဲ့နှုတ်ခမ်းနီအရောင်ကို ဆိုးမယ်ဆိုရင်တော့ ကိုယ့်ကိုယ်ကိုယုံကြည်ချက်ရှိပြီး သင့်တစ်နေ့တာက ပြီးပြည့်စုံသွားမှာပါနော်..။

Ref: TOI “Women, this one makeup product can actually lift your spirits”
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top