ကလေးငယ်တွေကို အဓမ္မပြုကျင့်သူကို သေဒဏ်ပေးဖို့ အိန္ဒိယအစိုးရ အတည်ပြု

100976565_mediaitem100976564.jpg

အိန္ဒိယ အစိုးရဟာ ကလေးငယ်တွေအပေါ် အဓမ္မပြုကျင့်သူတွေကို သေဒဏ် အပြစ်ပေးဖို့ ခွင့်ပြုလိုက်တယ်လို့ သိရပါတယ်။ အိန္ဒိယနိုင်ငံရဲ့ ပြစ်ဒဏ်ပြောင်းလဲမှုဟာ အသက် ၁၂နှစ်အောက် ကလေးငယ်တွေကို အဓမ္မပြုကျင့်သူတွေကို ရည်ရွယ်တာလည်း ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာ အသက် ၈ နှစ်အရွယ် ကလေးတစ်ဦးကို အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့မှုနဲ့ ပတ်သက်ပြီး ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ နိုင်ငံတဝှမ်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။ ကလေးငယ်တွေကို လိင်ပိုင်းဆိုင်ရာ ကျူးလွန်စော်ကားမှုတွေမှာ ထိရောက်စွာ တားဆီးနိုင်မှု မရှိတာကြောင့်လည်း အိန္ဒိယအစိုးရဟာ ဖိအားတွေအောက် ရောက်ရှိနေခဲ့ရတာ ဖြစ်ပါတယ်။

အိန္ဒိယနိုင်ငံမှာဖြစ်ခဲ့တဲ့ ဆိုးရွားတဲ့ ရာဇဝတ်မှုတွေ အတွက် သေဒဏ် အပြစ်ပေးတာတွေ လုပ်ခဲ့ပေမဲ့ ကလေးငယ်တွေကို အဓမ္မပြုကျင့်မှုတွေအပေါ် လက်ရှိအချိန်အထိ သေဒဏ် အပြစ်ပေးတာ မရှိခဲ့သေးပါဘူး။ အိန္ဒိယနိုင်ငံမှာ ၂၀၁၆ ခုနှစ်အတွင်းက အဓမ္မပြုကျင့်မှုပေါင်း ၁၉၀၀၀ ရှိခဲ့ပြီး တစ်ရက်ကို အဓမ္မပြုကျင့်မှု ၅၀ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။ အိန္ဒိယ ဝန်ကြီးချုပ် နာရမ်ဒရာမိုဒီဟာ ဝန်ကြီးအဆင့် အရေးပေါ် အထူးအစည်းဝေး ကျင်းပခဲ့ပြီးနောက်မှာ ကလေးငယ်တွေကို အဓမ္မမှုကျူး လွန်သူတွေကို သေဒဏ်အပြစ်ပေးဖို့ အမိန့်ထုတ်ခဲ့တာ ဖြစ်ပါတယ်။

အသက် ၁၂ နှစ်အောက် ကလေးငယ်တွေကို အဓမ္မပြုကျင့်တဲ့ ဘယ်သူမဆို သေဒဏ် အပြစ်ပေးခံရမှာဖြစ်ပြီး အသက် ၁၆ နှစ်အောက် ကလေးတွေ နဲ့ အမျိုးသမီးတွေကို အဓမ္မမှု ကျူးလွန်သူတွေအတွက် အနည်းဆုံး ထောင်ဒဏ် အပြစ်ပေးမှုကိုလည်း တိုးမြင့်ခဲ့တယ်လို့သိရပါတယ်။ အိန္ဒိယနိုင်ငံမှာ မကြာသေးခင်က ဖြစ်ခဲ့တဲ့ မတူညီတဲ့ အဓမ္မပြုကျင့်မှု နှစ်ခုဟာ အိန္ဒိယနိုင်ငံသားတွေကို အံ့အားသင့် တုန်လှုပ်မှုတွေ ဖြစ်စေခဲ့ရပါတယ်။

အိန္ဒိယထိန်းချုပ်ထားတဲ့ ကက်ရှ်မီးယား ပြည်နယ် ကာတူအာမှာ ဇန်ဝါရီလက အသက် ၈ နှစ် အရွယ် မွတ်စလင် မိန်းကလေးငယ်ကို ဟိန္ဒူ အမျိူသားတွေက အဓမ္မပြုကျင့် သတ်ဖြတ်ခဲ့ပြီးနောက် အခုလ အစောပိုင်းမှာ အိန္ဒိယနိုင်ငံအတွင်း ဆန္ဒပြမှုတွေဖြစ်ခဲ့ပါတယ်။ ဒါအပြင် အူတာပရာဒက်ခ်ျပြည်နယ်အတွင်း အသက် ၁၆ နှစ်အရွယ် အမျိုးသမီးကို အိန္ဒိယ BJP ပါတီ လွတ်တော်ကိုယ်စားလှယ် တစ်ဦးက အဓမ္မပြုကျင့်မှု လုပ်ခဲ့တဲ့အပေါ် အိန္ဒိယ ပြည်သူတွေ စိတ်ဆိုးဒေါသ ဖြစ်ခဲ့တယ်လို့ သိရပါတယ်။

Ref: India introduces death penalty for child rapists

Zaw Min Oo (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top