အာမေးနီးယား- အဇာဘိုင်ဂျန် နယ်စပ်မှာ တိုက်ပွဲဖြစ်ပွားလို့ အဇာဘိုင်ဂျန်ဗိုလ်ချုပ်နဲ့ အရာရှိ ၅ ယောက် ကျဆုံး

15-7-2020-yyl-008.jpg

အာမေးနီးယားနယ်စပ်မှာ တိုက်ပွဲဖြစ်ပွားတဲ့ သုံးရက်မြောက်နေ့မှာ အဇာဘိုင်ဂျန်စစ်တပ်ရဲ့ ဗိုလ်ချုပ်တစ်ယောက်နဲ့ အရာရှိ ၅ ယောက် ကျဆုံးခဲ့ပါတယ်။ ဒါ့အပြင် အဇာဘိုင်ဂျန်စစ်တပ်ရဲ့ တပ်သားတစ်ယောက်လည်း ကျဆုံးခဲ့လို့ စုစုပေါင်း သေဆုံးသူ ၁၁ ယောက်အထိ ရှိလာခဲ့ပါတယ်။ အာမေးနီးယားဘက်ကလည်း အရာရှိ ၂ ယောက်အပါအဝင် စစ်သည် ၄ ယောက် သေဆုံးခဲ့ပါတယ်။

ဆိုဗီယက်ပြည်ထောင်စုမှာ ပါဝင်ခဲ့ကြတဲ့ အဇာဘိုင်ဂျန်နဲ့ အာမေးနီးယားနိုင်ငံတွေဟာ ပိုင်ဆိုင်မှုအငြင်းပွားနေတဲ့ တောင်တန်းဒေသနဲ့ပတ်သက်ပြီး သွေးကြောင်းစီးတဲ့ စစ်ပွဲတိုက်ခိုက်ခဲ့ရဖူးပါတယ်။ နာဂါနို-ကာရာဘက်ဒေသကို နိုင်ငံတကာက အဇာဘိုင်ဂျန်နိုင်ငံပိုင်နက်လို့ သတ်မှတ်ထားပေမဲ့ အဲဒီဒေသကို အာမေးနီးယားတိုင်းရင်းသားတွေက ထိန်းချုပ်ထားပါတယ်။ အခုဖြစ်ပွားတဲ့တိုက်ပွဲကတော့ အဲဒီဒေသရဲ့မြောက်ဘက်မှာ ဖြစ်ပွားခဲ့တာပါ။ နှစ်ဖက်လုံးကတော့ နယ်စပ်မှာရှိတဲ့ အရပ်သားဒေသတွေကို အမြောက်ဆန်နဲ့ ပစ်ခတ်ခဲ့တယ်လို့ အပြန်အလှန် စွပ်စွဲခဲ့ကြပါတယ်။

Nz ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top