ကမ္ဘာ့ဖလားနဲ့အပြိုင် စိတ်ဝင်စားခံနေရတဲ့ ရုရှားက စတိုင်ကျကျ သူရဲကောင်း

sei_17713555.jpg

ကမ္ဘာ့ဖလားဘောလုံးပွဲတွေ လက်ခံကျင်းပနေတဲ့ ရုရှားနိုင်ငံ အနောက်ပိုင်း နစ်ဇီး နော့ဗ်ဂရက်ဒ်မြို့မှာ ကမ္ဘာ့ဖလားပြိုင်ပွဲ စတင်ချိန်ကတည်းက ဗော်လ်ဂါ (Volga) မြစ်ရေတက်နေတဲ့ ဒဏ်ကို ခံစားနေခဲ့ရတာပါ။

ပြီးခဲ့တဲ့ အင်္ဂါနေ့မှာ တစ်နာရီခွဲလောက်ကြာအောင် မိုးတွေ အသည်းအသန် ရွာချခဲ့အပြီး မြစ်ရေဟာ လျှင်မြန်စွာ တက်လာခဲ့လို့ ကားတွေပိတ်ပြီး လုံးဝရှေ့ဆက်သွားလို့ မရတော့ပါဘူး။

ဒါပေမဲ့ ဒီလိုဖြစ်နေချိန်အတွင်းမှာ ယောက်ျားပီပီသသပုံစံနဲ့ စတိုင်ကျကျ ဝတ်စားထားတဲ့ အမျိုးသားတစ်ယောက်က ရေဘေးကြောင့် သူတို့ကိုယ်ပိုင် ကားတွေထဲမှာ ပိတ်မိနေတဲ့ အမျိုးသမီးနှစ်ယောက်ကို ဒုက္ခဘေးကနေ ကယ်တင်ခဲ့ပါတယ်။ ဒီပုံဟာ အင်တာနက်မှာ ပျံ့နှံ့သွားပြီး လူစိတ်ဝင်စားမှု မြင့်တက်နေတာ ဖြစ်ပါတယ်။

ခါးလောက်ရှိတဲ့ ရေထဲမှာ အမျိုးသမီးနှစ်ယောက်ကို ကားပြတင်းပေါက်ကနေ တစ်ဆင့် အပြင်ကို ဆွဲထုတ်ကာ ပွေ့ချီပြီး ဘေးလွတ်ရာကို ပို့ဆောင်ပေးခဲ့တာပါ။

အားနည်းတဲ့ ရေမြောင်းသွယ်ရေးစနစ်ကြောင့် ရေဟာ အန္တရာယ်ရှိတဲ့ အခြေအနေကို လျှင်လျှင်မြန်မြန်ပဲ အလွယ်တကူ ရောက်ရှိသွားတာ ဖြစ်တယ်လို့ ဆိုပါတယ်။ ဒီမြို့မှာ အခုလိုဖြစ်တာဟာ ပထမဆုံးအကြိမ် မဟုတ်ဘူးလို့ မော်တော်ကား ဆိုင်ပိုင်ရှင်တစ်ယောက်က ပြောပါတယ်။

Ref : Metro “Absolute hero rescures women from flash flood in World Cup City”

Cj (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top