အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကိုဗစ်ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံက အသုံးပြုခွင့်ပေး

30-12-2020-yyl20.jpg

အောက်စဖို့ဒ်တက္ကသိုလ်နဲ့ AstraZeneca ကုမ္ပဏီ ပူးပေါင်းဖော်စပ်ထားတဲ့ ကိုဗစ်-၁၉ ကာကွယ်ဆေးကို ဗြိတိန်နိုင်ငံမှာ အသုံးပြုခွင့်ပေးလိုက်ပါပြီ။ အဲဒီအတွက် ဗြိတိန်နိုင်ငံရဲ့ ကာကွယ်ဆေးထိုးနှံရေးလုပ်ငန်းက ပိုကြီးမားကျယ်ပြန့်လာတော့မှာပါ။ ဗြိတိန်အစိုးရက လူသန်း ၅၀ စာအတွက် AstraZeneca ကုမ္ပဏီထံကနေ ကာကွယ်ဆေးအဖုံ သန်း ၁၀၀ မှာယူထားပါတယ်။ ဇန်နဝါရီလ ၄ ရက်မှာ အောက်စဖို့ဒ် ကာကွယ်ဆေး စတင်ထိုးနှံပေးမှာဖြစ်ပြီး လာမယ့်နှစ် ပထမသီတင်းပတ် အနည်းငယ်အတွင်း အရှိန်မြှင့် ထိုးနှံသွားမယ်လို့ ဗြိတိန်ကျန်းမာရေးဝန်ကြီး မတ်ဟန်းကော့က ပြောပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးက ၂ ကြိမ်လုံးမှာ ဆေးပမာဏအပြည့် ထိုးပေးရင် ကိုဗစ်-၁၉ ရောဂါကို ၆၂ ရာခိုင်နှုန်း ကာကွယ်ပေးနိုင်ပြီး ပထမအကြိမ်မှာ ဆေးပမာဏ တစ်ဝက်၊ နောက်တစ်ကြိမ်မှာ ဆေးပမာဏ အပြည့်ထိုးပေးရင် ၉၀ ရာခိုင်နှုန်းအထိ ကာကွယ်နိုင်စွမ်းရှိပါတယ်။

အောက်စဖို့ဒ်တက္ကသိုလ်ရဲ့ ကာကွယ်ဆေးက ဈေးသက်သာပြီး (အမေရိကန်ဒေါ်လာ ၅ ဒေါ်လာနီးပါး) အလုံးအရင်းလိုက် ထုတ်လုပ်ဖို့ လွယ်ကူပါတယ်။ ဒါ့အပြင် Pfizer-BioNTech ကာကွယ်ဆေးလို အပူချိန် – ၇၀ ဒီဂရီဆဲလ်စီးယက်မှာ သိုလှောင်စရာမလိုဘဲ သာမန်ရေခဲသေတ္တာထဲမှာပဲ သိုလှောင်နိုင်တဲ့အတွက် သယ်ယူပို့ဆောင်ဖို့လည်း ပိုမိုလွယ်ကူပါတယ်။

Ref: BBC ” Covid-19: Oxford-AstraZeneca coronavirus vaccine approved for use in UK “
Nz ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top