ဒူးရင်းအနံ့ကြောင့် မနေနိုင်လွန်းလို့ ဆိုင်ကိုချိုးဖြတ်ပြီး ဒူရင်းသီးခိုးယူခဲ့တဲ့ ဆင်

15-7-2020-yyl-020.jpg

အခုအချိန်ကတော့ ဒူးရင်းသီးတွေ ပေါများစွာသီးနေတဲ့ ဒူးရင်းရာသီဖြစ်ပါတယ်။ အခြားလူတွေအတွက် ဒူးရင်းသီးက အရမ်းအရသာရှိပေမယ့် တချို့ကတော့ ဒူးရင်းသီးအနံ့ကိုတောင်မခံနိုင်ကြပါဘူး။ ဒူးရင်းသီးအနံ့ကို ရရင်တောင် စားချင်လွန်းလို့ မနေနိုင်အောင်ဖြစ်ရတဲ့ တိရစ္ဆာန်လည်းရှိပါတယ်နော်။ အဲဒီတိရစ္ဆာန်ကတော့ ထိုင်းနိုင်ငံက ဆင်ဖြစ်ပြီး အဲဒီဆင်က ဒူးရင်းသီးအနံ့ကြောင့် အမျိုးသမီးတစ်ဦးရဲ့ စိုက်ပျိုးရေးပစ္စည်းဆိုင်ထဲထိဝင်ပြီး ဒူးရင်းသီးတွေ ခိုးယူခဲ့တာဖြစ်ပါတယ်။

ဆိုင်ပိုင်ရှင် ဆီရီဖွန် ကာဆူချွန်ဟာ ဇူလိုင်လ ၇ ရက်နေ့က ထူးထူးဆန်းဆန်း အဖြစ်အပျက်တစ်ခုနဲ့ ကြုံတွေ့ခဲ့ရပါတယ်။ အဲဒီနေ့က ဆင်တစ်ကောင်က သူ(မ)ရဲ့ဆိုင်ကို ချိုးဖြတ်ဝင်ရောက်ခဲ့ပြီး ဒူးရင်း (၁၀) လုံးကျော်ကို ခိုးယူခဲ့ပါတယ်။ သူ့အတွက် ဒီအဖြစ်အပျက်က ပထမဆုံးအကြိမ်ပါပဲ။ သူ့ဆိုင်ထဲ ဝင်ရောက်ခဲ့တဲ့ ဆင်က Kaeng Krachan National Park ကဖြစ်တယ်လို့ သတင်းမီဒီယာတစ်ခုက ဖော်ပြထားပါတယ်။ ဆင်က ဒူးရင်းအနံ့ကို ရပြီး မနေနိုင်တဲ့အတွက် ဘတ်ငွေ (၁၂,၀၀၀) တန် သွပ်အမိုးကို ဖျက်ဆီးပစ်ခဲ့တာဖြစ်ပါတယ်။

အဲဒီဆင်က ပထမအကြိမ်နဲ့ မတင်းတိမ်နိုင်တဲ့အတွက် ဒုတိယအခေါက်အနေနဲ့ ညဘက်မှာ ပြန်လာပြီး ပြန်ပြင်ထားတဲ့ အသစ်စက်စက်အမိုးကိုလည်း ထပ်ဖျက်ဆီးပစ်ခဲ့ပါတယ်။ ဘတ်ငွေထောင်ကျော်တန်တဲ့ ဒူးရင်းသီးခိုးခဲ့တဲ့ဆင်ရဲ့ပုံတချို့ကို သူ့ဖုန်းနဲ့ ရိုက်ထားမိခဲ့ပါတယ်။ သူတို့ ဒီကိစ္စနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးနေပြီး သက်သေတွေစုဆောင်းနေပါတယ်လို့ တောခေါင်း ဂျီရာအန် ဆာဝတ်က ပြောပါတယ်။

ဆိုင်ပိုင်ရှင်က ဆုံးရှုံးနစ်နာမှုတွေများခဲ့ပေမယ့် သူက သဘောထားကြီးပြီး အမျိုးသားပန်းခြံက တိရစ္ဆာန်တွေနဲ့ ဈေးဆိုင်တွေဟာ အတူယှဉ်တွဲနေခဲ့တာ (၁၅) နှစ်ရှိပြီဖြစ်တဲ့အတွက် ဒီလိုကိစ္စမျိုးကို သည်းခံသင့်တယ်လို့ ပြောပါတယ်။ သူ လျော်ကြေးရခဲ့မယ်ဆိုရင် အမျိုးသားပန်းခြံရဲ့ရန်ပုံငွေက မများတဲ့အတွက် အာဏာပိုင်တွေဆီကနေ သဘောတူညီချက်ယူဖို့ လိုမှာဖြစ်တယ်လို့ သိရပါတယ်။

ဆင်တွေက ဒူးရင်းသီးကို ဘယ်လိုစားလဲဆိုတာ စာဖတ်ပရိသတ်တွေ သိချင်ကြမယ်ထင်ပါတယ်။ ဆင်တွေက ဒူးရင်းသီးကို အခွံနွှာဖို့ ဓားကိုင်လို့မရတဲ့အတွက် သူတို့တွေက ဒူးရင်းသီးကို မြေကြီးပစ်ချပြီး ခြေထောက်တစ်ဖက်နဲ့ ဖိခြေပြီးတော့ စားကြတာဖြစ်ပါတယ်။ သူတို့က ဆူးပါတဲ့အခွံတွေနဲ့ရော ဒူရင်းသီးကို ဝါးစားတတ်ကြပါတယ်။

Ref: WorldofBuzz “This Elephant Couldn’t Resist The Smell of Durians That He Broke Into a Store To Steal Them”

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top