ကျောင်းတောင်မတက်ရသေးဘဲ သင်္ချာပုစ္ဆာတွေကိုဖြေရှင်းနိုင်နေတဲ့ သုံးနှစ်သားဉာဏ်ကြီးရှင်လေး

14052690-0-image-a-77_1559046700903.jpg

ကျောင်းမနေရသေးတဲ့ကလေးငယ်တစ်ဦးဟာ ဂဏန်းသချာၤ၊ အပိုင်းကိန်းတွေပါဝင်တဲ့ပုစ္ဆာတွေကို တွက်ချက်နိုင်ပြီး π ရဲ့ တန်ဖိုးလို ကိန်းဂဏန်းကို ရွတ်ဆိုနိုင်တယ်လို့ပြောရင် ယုံဖို့ခက်နိုင်ပါတယ်။ ဒါပေမဲ့ ဝါရှင်တန်ဒီစီမှာနေထိုင်တဲ့ အသက် (၃) နှစ်အရွယ် အိုင်ဒန်ဘာစီယန် (Aiden Blasian) ဆိုတဲ့ ကလေးကတော့ ဂဏန်း (၁၀) လုံးထက်ပိုများတဲ့ကိန်းတွေကို အလွယ်တကူပေါင်းနိုင်ပြီး သချာၤညီမျှခြင်းတွေကိုလည်း အလွယ်တကူပဲ ဖြေရှင်းနိုင်ပါတယ်။

ဒီလို အံ့သြစရာကောင်းတဲ့ ကလေးလေးဟာ သူ့အမေရဲ့ အကူအညီနဲ့ ပိုပြီးခက်တဲ့သချာၤညီမျှခြင်းတွေကို တွက်ချက်ရင်း နေ့တိုင်းအချိန်ကုန်ဆုံးလေ့ရှိပါတယ်။ အမေဖြစ်သူ စင်သီယာ (Cynthia) က အိုင်ဒန်ဟာ သချာၤနဲ့ သိပ္ပံပညာကိုစိတ်ဝင်စားပြီး အသက်နှစ်နှစ်လောက်မှာကတည်းက သူ့ဟာသူ စာရေးတတ်ဖို့သင်ယူနိုင်ခဲ့ကြောင်း ပြောပြခဲ့ပါတယ်။

‘တစ်နေ့မှာ အိုင်ဒန်ဟာ မှတ်စုလေးတွေကိုတွေ့သွားပြီး ပုစ္ဆာစတွက်ကြည့်လာပါတယ်။ ကျွန်မတို့က သူ့ကို ပုစ္ဆာတွေ တစ်ပုဒ်ပြီးတစ်ပုဒ်ပေးတဲ့အခါမှာ အဲဒါတွေအကုန်လုံးကို သူက မှန်အောင် ဖြေနိုင်ခဲ့ပါတယ်။ သူ့ကို ကျောင်းစထားတဲ့အချိန် လေးတန်းလောက်ကနေစတက်ရဖို့ မျှော်လင့်ထားပါတယ်’ လို့လည်းဆိုပါတယ်။

ပုံမှန်ဆိုရင် ကလေးတွေဟာ အသက်ငါးနှစ်မှ ကျောင်းစနေကြပြီးတော့ သူငယ်တန်းကနေ စတက်ကြတာပါ။ ဒါပေမဲ့ အမေဖြစ်သူ စင်သီယာကတော့ သူ(မ)ရဲ့သားလေးကို အသက် (၁၀) နှစ်၊ (၁၁) နှစ်ကလေးငယ်တွေနဲ့ အတူတူ အတန်းတက်နိုင်မယ်လို့ယုံကြည်ထားပါတယ်။

အိုင်ဒန်ဟာ စစ်တုရင်ကစားရတာကိုလည်း နှစ်သက်ပြီး သူ့အမေနဲ့ ပုံမှန် စစ်တုရင်ကစားလေ့ရှိပါတယ်။ ကလေးလေးဟာ အတွေ့အကြုံရှိတဲ့ကစားသမားတွေလိုမျိုး အခြေခံစည်းမျဉ်းတွေ၊ နည်းဗျူဟာတွေကိုသုံးပြီး ကစားတာဖြစ်ပါတယ်။

အိုင်ဒန်ဟာ ကိန်းဂဏန်းတွေကိုမလေ့ကျင့်ဘဲ တစ်ရက်မှမနေပါဘူး။ ပြီးတော့ ကျောက်သင်ပုန်းရှေ့မှာ အချိန်အတော်များများ မတ်တပ်ရပ်ပြီး မနက်ကနေ ညအိပ်ရာမဝင်ခင်အထိပါပဲ။ ဒါ့အပြင် အိုင်ဒန်ဟာ periodic table အကြောင်းကိုလည်း သင်ယူချင်နေပါသေးတယ်။

Ref: dailymail “Three-year-old math whiz can complete complex algebraic equations, recite multiple digits of pi”
Wint Wah (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top