“Game of Thrones” သရုပ်ဆောင်တွေ ရရှိခဲ့တဲ့ စီးရီးတစ်ခုလုံးစာ သရုပ်ဆောင်ကြေး

12829510-67479610-4d7205912cb4f69d61eecb00741b3c4a89ec4801-1500-1-1558690293-728-6112a794b0-1559213736.jpg

“Game of Thrones” စီးရီးတွဲကြီး ပြီးဆုံးသွားခဲ့ပေမယ့်လည်း ကြည့်ရှုသူတော်တော်များများကတော့ အဲဒီစီးရီးတွဲအကြောင်း ပြောဆိုနေကြတုန်းပါပဲ။ Season 8 က တချို့ပရိသတ်တွေအတွက် စိတ်ကျေနပ်စရာတော့မကောင်းလှသလို အငြင်းပွားဖွယ်ရာတွေလည်း ရှိခဲ့ပါတယ်။ “Game of Thrones”ရဲ့ဇာတ်လမ်းတစ်ခုလုံး ပြီးဆုံးသွားပြီဆိုတော့ အဲဒီထဲမှာ ပါဝင်ခဲ့ကြတဲ့ သရုပ်ဆောင်တွေ သရုပ်ဆောင်ကြေးဘယ်လောက်ရကြမလဲဆိုတာ ပရိသတ်တွေ သိချင်ကြမှာပါ။ သူတို့ သရုပ်ဆောင်ကြေး ဘယ်လောက်ရကြလဲဆိုတာကို အောက်မှာ ဆက်လက်ဖတ်ရှုကြလိုက်ကြနော်..။

နီကိုလက် ကော့စတား ဝဲလ်ဒါ (Nikolaj Coster-Waldau) – ဒေါ်လာ (၁၆) သန်း

နီကိုလက် ကော့စတား ဝဲလ်ဒါ ပါဝင်ထားတဲ့ ဂျေမီ လန်နီစတား ဇာတ်ကောင်ကို ပရိသတ်တွေက Game of Thrones Season 1 ကတည်းက ကြိုက်နှစ်သက်ခဲ့ကြတာပါ။ Season 8 မှာ သူက အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ (၁.၂) သန်း ရရှိခဲ့ပါတယ်။ သူ့ကို Game of Thrones သရုပ်ဆောင်တွေထဲမှာ အချမ်းသာဆုံးမင်းသားတွေထဲက တစ်ယောက်လို့ ယူဆလို့ရပါတယ်။

ပီတာ ဒင့်လေ့ဂျ် (Peter Dinklage) – ဒေါ်လာ (၁၅) သန်း

တိုင်ရီယွန် လန်နီစတားအဖြစ် ပါဝင်ခဲ့တဲ့ ဗီတာ ဒင့်လေ့ဂျ်က Game of Thrones စီးရီး မတိုင်ခင်ကတည်းက နာမည်ကြီးမင်းသားတစ်ယောက်ပါ။ ဒါပေမဲ့ Game of Thrones မှာ သူက အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ (၁) သိန်း (၅) သောင်း ရရှိခဲ့ပြီး နောက်ပိုင်းမှာ ဒေါ်လာ (၃) သိန်းကနေ ဒေါ်လာ (၁.၂) သန်းအထိ တိုးလာခဲ့ပါတယ်။

အမ်မလီယာ ကလာ့ခ် (Emilia Clarke) – ဒေါ်လာ (၁၃) သန်း

Game of Thrones မှာ အယ်မလီယာ ကလာ့ခ်ရဲ့ ဇာတ်ကောင် ဒေးနေး တာကာရန်ကလည်း အဓိကကျပါတယ်။ အမ်မလီယာ ကလာ့ခ်ရဲ့ အနုပညာလှုပ်ရှားမှုက ဒီစီးရီးကနေ စတင်တယ်လို့ ပြောလို့ရပါတယ်။ Season 7 မှာ သူကလည်း အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ (၅) သိန်းထိ တိုးလာခဲ့ပါတယ်။ Season 8 မှာတော့ သူက အပိုင်းတစ်ပိုင်းကို ဒေါ်လာ (၁) သန်းကျော် ရရှိခဲ့ပါတယ်။

ကစ်ဟာရင်တန် (Kit Harington) – ဒေါ်လာ (၁၂) သန်း

ကစ်ဟာရင်တန်က ဂျွန်စနိုး ဆိုတဲ့ဇာတ်ကောင်နေရာမှာ ပါဝင်သရုပ်ဆောင်ခဲ့တာဖြစ်ပြီး အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ် မတိုင်ခင်က ဂျွန်စနိုးဇာတ်ကောင်ကို နာမည်မကြီးသေးသလို ကစ်ဟာရင်တန်က Season 5 ရောက်တဲ့အထိ သရုပ်ဆောင်ကြေးလည်း ကောင်းကောင်းမရရှိခဲ့ပါဘူး။ Season 7 မှာတော့ သူက အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ (၅) သိန်းရရှိခဲ့သလို Season 8 မှာ ဒေါ်လာ (၁.၂) သန်းရရှိခဲ့ပါတယ်။

လီနာဟေဒီ (Lena Headey) – ဒေါ်လာ (၉) သန်း

လီနာဟေဒီ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆာဆီ လန်နီစတာ ဆိုတဲ့ ဇာတ်ကောင်က အဓိကဇာတ်ကောင် (၅) ဦးထဲမှာ ပါဝင်ပါတယ်။ ဆာဆိုင်း လန်နီစတာဇာတ်ကောင်က အဓိကဗီလိန်တစ်ယောက်ဖြစ်မှာပါ။ လွန်ခဲ့တဲ့ (၅) နှစ်က လီနာက အပိုင်းတစ်ပိုင်းကို ဒေါ်လာ (၁) သိန်း ငါးသောင်း ရရှိခဲ့ပေမဲ့ နောက်ပိုင်းမှာ အပိုင်းတစ်ပိုင်းကို ဒေါ်လာ (၃) သိန်းရရှိလာခဲ့ပါတယ်။ Season 8 မှာတော့ အပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ ၁.၂ သန်းရရှိခဲ့ပါတယ်။

မိုင်းဆီ ဝီလျံ (Maisie Williams) – ဒေါ်လာ (၆) သန်း

မိုင်းဆီ ဝီလျံကလည်း ဆက်ကျော်သက်ဘဝကတည်းက “Game of Thrones”မှာ ပါဝင်ခဲ့တာဖြစ်ပြီး Season 8 မှာ သူ့ရဲ့သရုပ်ဆောင်ကြေးက အပိုင်းတစ်ပိုင်းကို ဒေါ်လာ (၁) သိန်း (၅) သောင်းကနေ ဒေါ်လာ (၂) သိန်း (၁) သောင်းထိ များလာခဲ့ပါတယ်။ စီးရီးတစ်ခုလုံးကို သရုပ်ဆောင်ကြေး ဒေါ်လာ (၆) သန်း ရရှိခဲ့ပါတယ်။

ဆိုဖီတာနာ (Sophie Turner) – ဒေါ်လာ (၆) သန်း

ဆိုဖီတာနာ ပါဝင်သရုပ်ဆောင်ခဲ့တဲ့ ဆန်ဆာ စတောက်ခ်က “Game of Thrones”ရဲ့ အဓိကဇာတ်ကောင်တွေထဲက တစ်ယောက်ပါ။ Season 8 မှာ ဆိုဖီတာနာက စီးရီးအပိုင်းတစ်ပိုင်းကို သရုပ်ဆောင်ကြေး ဒေါ်လာ (၂) သိန်း (၁) သောင်းလောက် ရရှိခဲ့ပါတယ်။

အိုက်ဆက် ဟမ့်ပ်စတက်ရိုက် (Isaac Hempstead Wright) – ဒေါ်လာ (၄) သန်း

အိုက်ဆက် ဟမ့်ပ်စတက်ရိုက်က ဘရန် စတောက်ခ် ဇာတ်ကောင်အနေနဲ့ Game of Thrones မှာ စပြီး ပါဝင်ခဲ့တုန်းက အသက် (၁၀) နှစ်သာရှိပါသေးတယ်။ အခုဆိုရင် သူက အသက် (၁၉) နှစ်အရွယ်တောင် ရောက်နေပြီး စီးရီးတစ်ခုလုံးအတွက် သရုပ်ဆောင်ကြေး ဒေါ်လာ (၄) သန်းရရှိခဲ့ပါတယ်။

Ref: Brightside
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top