ဘွဲ့နှင်းသဘင်အခမ်းအနားမှာ သခင်ဖြစ်သူနဲ့အတူ ဘွဲ့ချီးမြှင့်ခံရတဲ့ ဝန်ဆောင်မှုခွေးလေး

gratu.jpg

ဆဲစီလီယား ဟာနန်ဒန့်ဇ်ဆိုသူ အသက် ၂၂ နှစ်အရွယ်ကောင်မလေးဟာ မေလ ၁၁ရက်နေ့က Rollins College ကနေ ဘွဲ့ယူတဲ့အချိန် ဘွဲ့နှင်းသဘင်စင်မြင့်ထက်မှာ ဂုဏ်ပြုခံခဲ့ရတာက သူတစ်ယောက်တည်းမဟုတ်ပါဘူး။ ၃ နှစ်ခွဲကာလအတွင်း သူ့ဘေးမှာ ရှိနေပေးခဲ့တဲ့ သူ့ရဲ့ဝန်ဆောင်မှုခွေးလေး ကာနယ်လာလည်း ဂုဏ်ပြုချီးမြှင့်ခံခဲ့ရတာပါ။

ဆဲစီလီယား ကောလိပ်တက်နေတဲ့ကာလအတွင်း သူ့နဲ့အတူ ကာနယ်လာ ရှိနေပေးခဲ့တာက သူ့အတွက် များစွာအထောက်အပံ့ဖြစ်စေခဲ့တာပါ။ သူက endometriosis ရောဂါ၊ နာတာရှည်အဆစ်အမြစ်ရောင်ရမ်းတဲ့ရောဂါ၊ နှလုံးပြဿနာအပါအဝင် ကျန်းမာရေးပြဿနာတွေကို နှစ်တော်တော်ကြာ ရင်ဆိုင်ခဲ့ရတာပါ။ ကောလိပ်ပထမနှစ်မှာ ဘွဲ့ယူနိုင်မှာမဟုတ်ဘူးလို့တောင် တွေးထားခဲ့တာပါ။ ကာနယ်လာလေးကို ရလိုက်တဲ့အချိန်မှာ သူ့အတွေးတွေပြောင်းသွားခဲ့ပါတယ်။


သူက ကာနယ်လာကို သူ့ကို အဖော်ပြုပေးဖို့ လေ့ကျင့်သင်ကြားပေးခဲ့တာပါ။ ဓာတုဗေဒကို သင်ယူရတဲ့အတွက် ကာနယ်လာကို ဓာတ်ခွဲခန်းတွေနဲ့အသားကျအောင် လေ့ကျင့်ခဲ့ရပါတယ်။ လေ့ကျင့်သင်ကြားပေးပြီးတဲ့နောက်မှာ ကာနယ်လာဟာ ဓာတ်ခွဲခန်းမှာ ကောင်းကောင်းလုပ်နိုင်ခဲ့တယ်ဆိုတာ သိခဲ့ရတာပါ။ အဲ့ဒီနောက် ကာနယ်လာက သူ့ကို ဘွဲ့ယူပြီးတဲ့အထိ အဖော်ပြုပေးခဲ့ပါတယ်။

ဆဲစီလီယားက ဘွဲ့ယူပြီးတဲ့နောက်မှာ ပညာဆက်လက်သင်ကြားဖို့ လုပ်ဆောင်နေပါတယ်။ သူက အခုနှစ်ထဲမှာပဲ The University of Central Florida မှာ inorganic chemistry ပညာရပ်နဲ့ ပါရဂူဘွဲ့ရဖို့ ဆက်တက်သွားမှာဖြစ်ပါတယ်။

Ref: Service dog honored alongside college graduate: ‘Everybody was cheering’

WL ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top