AIFFA ရုပ်ရှင်ပွဲတော်နဲ့ဆုပေးပွဲမှာ ဆန်ကာတင်စာရင်းဝင်သွားတဲ့ “မီ” ရုပ်ရှင်ကား

mi4.jpg

အာဆီယံနိုင်ငံတကာရုပ်ရှင်ပွဲတော်နဲ့ ဆုပေးပွဲ (AIFFA) က အရှေ့တောင်အာရှနိုင်ငံတွေက ရုပ်ရှင်ကားတွေကို ဂုဏ်ပြုချီးမြှင့်ပေးတဲ့ပွဲတစ်ပွဲဖြစ်ပါတယ်။ ဂျက်ကီချမ်း (Jackie Chan)၊ ဒွန်နီယန်း (Donnie Yan)၊ မီရှဲယိုး (Michelle Yeoh) အပါအဝင် နာမည်ကြီးဆယ်လီတွေ တက်ရောက်ကြတဲ့ ကြီးကျယ်ခမ်းနားတဲ့ပွဲတစ်ခုလည်းဖြစ်ပါတယ်။ AIFFA ၂၀၁၉ ပွဲကို မလေးရှားနိုင်ငံမှာ ဧပြီလ (၂၅) ကနေ (၂၇) ရက်အထိ သုံးရက်တာ ကျင်းပပြုလုပ်သွားမှာဖြစ်ပါတယ်။

အရင်တုန်းက အဲဒီပွဲအတွက် ပြသမယ့်ရုပ်ရှင်ကားစာရင်းမှာ “ရွှေကြာ” နဲ့ “မီ”ရုပ်ရှင်ကားတွေ ပါဝင်ခဲ့ပါတယ်။ အခုထွက်ရှိလာတဲ့ ဆန်ကာတင်စာရင်းမှာတော့ “မီ”ရုပ်ရှင်ကားသာ ပါဝင်လာခဲ့ပြီး ဒါရိုက်တာ ဏကြီး (အကောင်းဆုံးဓာတ်ပုံဆု)၊ အကယ်ဒမီ ပိုင်ဖြိုးသု (အကောင်းဆုံးမင်းသမီးဆု)၊ မီ ရုပ်ရှင်ကား (အကောင်းဆုံးရုပ်ရှင်ဆု) စတဲ့ ဆုသုံးဆုအတွက် ဆန်ကာတင်စာရင်းမှာ ပါဝင်လာခဲ့တာဖြစ်ပါတယ်။

“မီ” ရုပ်ရှင်ကားကဆိုရင် ၁၉၅၀ ဝန်းကျင်က အမျိုးသမီးတစ်ယောက်အကြောင်းကို အသားပေးရိုက်ကူးထားတဲ့ဇာတ်ကားဖြစ်ပြီး စတင်ရုံတင်ခဲ့တဲ့အချိန်က ဆေးလိပ်သောက်တဲ့အခန်း နဲ့ ပတ်သက်ပြီး ဂယက်တွေထသွားခဲ့ပါသေးတယ်။ ဒါပေမဲ့ ဒီဇာတ်ကားကို လာရောက်ကြည့်ရှုသူ အများအပြားရှိခဲ့ပြီး လူတိုင်းကြည့်သင့်တဲ့ ရုပ်ရှင်ကားကောင်းတစ်ကားလည်း ဖြစ်ပါတယ်။

Ref: Asean International Film Festival and Awards
Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top