စိတ်ဖိစီးလာတဲ့အခါတိုင်း ဒီနည်းတွေကို လိုက်လုပ်ကြည့်လိုက်ပါ

23-9-2020-yyl-012.jpg

စိတ်ဖိစီးတာနဲ့ စိုးရိမ်ပူပန်တာတွေကို လူတိုင်းကြုံတွေ့ခံစားဖူးကြပါတယ်။ အခုလိုကိုဗစ်ကာလအတွင်းမှာ အဲဒီအခြေအနေက ပိုပြီးတောင် ဆိုးရွားလာစေပါတယ်။ စိုးရိမ်ပူပန်တာနဲ့ စိတ်ဖိစီးတာက သင့်ရဲ့ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက် အတော်လေး အန္တရာယ်ရှိပါတယ်။ သင့်ရဲ့စိတ်ညစ်စရာအတွေးတွေကို ဖယ်ထုတ်ပြီး စိတ်ဖိစီးမှုကနေ ကင်းဝေးစေမယ့် လွယ်ကူတဲ့နည်းလမ်းရှိပါတယ်။ အဲဒီနည်းလမ်းတွေကို သင် စိတ်ဖိစီးလာတဲ့အခါတိုင်း၊ စိုးရိမ်ပူပန်မှုတွေဖြစ်လာတဲ့အခါတိုင်း လိုက်လုပ်ကြည့်လိုက်ပါနော်။

အသက်ပြင်းပြင်းရှုပါ

အသက်ရှုလေ့ကျင့်ခန်းလို အသက်ပြင်းပြင်းရှုထုတ်တာကို အလေ့အကျင့်လုပ်ပေးတာကလည်း သင့်ရဲ့စိတ်ဖိစီးမှုတွေ သက်သာသွားစေနိုင်ပါတယ်။ တစ်မိနစ်အတွင်းမှာ အသက်ပြင်းပြင်းရှုထုတ်တဲ့လေ့ကျင့်ခန်းလုပ်ပေးနိုင်ပါတယ်။ ဒါက မကောင်းတဲ့အတွေးတွေကို ဖယ်ရှားဖို့ ကူညီပေးရုံသာမက တစ်နေ့လုံးလိုအပ်တဲ့အားအင်တွေကိုလည်း ပေးစွမ်းပါလိမ့်မယ်။ တစ်နေ့ကို အလုပ်လုပ်နေတာကနေ ခဏအနားယူတာကလည်း စိတ်ကို တည်ငြိမ်စေတဲ့အပြင် စွမ်းဆောင်နိုင်အားလည်း ကောင်းစေပါတယ်။

ရေသောက်ပါ

ရေတစ်ကျိုက်သောက်တာကလည်း သင့်ကို အေးမြသွားစေတဲ့အပြင် စိတ်သက်သာရာလည်း ရစေနိုင်ပါတယ်။ ထိုင်ပြီး ရေကို သေချာစိတ်ရှည်ရှည်နဲ့ သောက်ပေးပါ။ မကောင်းတဲ့အတွေးတွေအားလုံးကို ဖယ်ထုတ်ပေးပြီး စိတ်ဖိစီးမှုကို ခဏတာပျောက်ပျက်သွားစေနိုင်ပါတယ်။ ရေသောက်တာကလည်း သင့်ခန္ဓာကိုယ်ကို ရေဓာတ်ဖြည့်ပေးနိုင်ပါတယ်။

အချိန်ဆွဲထားပါ

စိတ်ဖိစီးမှုနဲ့ အတွေးများတာက သင့်အချိန်တွေကို အလကားဖြစ်စေရုံသာမက သင့်အလုပ်တွေကို ထိခိုက်စေနိုင်ပါတယ်။ မကောင်းတဲ့အတွေးတွေက မအိပ်ခင်မှာ လွမ်းမိုးနိုင်ပါတယ်။ အလုပ်ချိန်မှာတောင် မကောင်းတဲ့အတွေးတွေရှိနေရင် အလုပ်ပြီးတဲ့အခါမှသာ ဒီအတွေးတွေကို ရင်ဆိုင်ပစ်မယ်လို့ ကိုယ့်ကိုယ်ကိုယ်ပြောပြီး အချိန်ဆွဲကာ အတွေးတွေကို ခဏဘေးဖယ်ထားလိုက်ပါ။ စိတ်ဖိစီးမှုကို ဖယ်ရှားဖို့ ဒီနည်းကို အသုံးပြုဖို့ဆိုရင် သင့်ရဲ့စိတ်စွမ်းအာကို ကောင်းကောင်းအမိန့်ပေးနိုင်စွမ်းတော့ရှိဖို့လိုအပ်ပါတယ်။

တစ်ခုခုထလုပ်လိုက်ပါ

စိတ်ဖိစီးမှုက သင့်ကို လွှမ်းမိုးနေတဲ့အခါတိုင်း တစ်ခုခုရှာလုပ်လိုက်ပါ။ ဘာမှမလုပ်ဘဲ ထိုင်နေရင် စိုးရိမ်ပူပန်မှုကို တိုးလာစေမယ့် အရာတွေကို တွေးမိနေမှာပါပဲ။ သင် ကြိုက်တဲ့အရာတစ်ခုခု၊ သင့်ကို အလုပ်ရှုပ်စေမယ့်အရာတစ်ခုခုကို လုပ်ခြင်းဖြင့် စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေကို ဖယ်ရှားကြည့်လိုက်ပါ။ ဒီနည်းက သင့်ကို စိတ်ညစ်စရာတွေမတွေးမိအောင် ကူညီပေးမှာဖြစ်ပါတယ်။

Ref: Follow this 4D method to manage stress effectively

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top