MPT က ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် ပိုမိုကောင်းမွန်သော လုပ်ငန်းခွင်ကိုမြှင့်တင်ရန် (၈) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေး လှုပ်ရှားမှုကို ဆက်လက်ဆောင်ရွက်

yoga1.webp

MPT သည် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးတိုးတက်ရေးကို အစဉ်တစိုက် အလေးထားဆောင်ရွက်မှုနှင့်အညီ နိုင်ငံတစ်ဝန်းရှိ ဝန်ထမ်းများ ပူးပေါင်းပါဝင်သည့် (၈) ကြိမ်မြောက် “TeamFit: Unite & Move” ယောဂကျန်းမာရေးလှုပ်ရှားမှုကို အောင်မြင်စွာ ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါအစီအစဉ်သည် ဝန်ထမ်းများအကြား ကျန်းမာသော လူနေမှုဘဝပုံစံ၊ စိတ်အေးချမ်းသာယာမှုနှင့် ကောင်းမွန်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ဖော်ဆောင်ပေးနိုင်ခဲ့ပါသည်။  


ယောဂကျန်းမာရေးလှုပ်ရှားမှုကဲ့သို့သော ပုံမှန်လှုပ်ရှားမှုများမှတစ်ဆင့် MPT သည် ဝန်ထမ်းများ စိတ်ဖိစီးမှုများကို လျှော့ချနိုင်ရန်၊ ခန္ဓာကိုယ် ကျန်းမာကြံ့ခိုင်မှု တိုးတက်စေရန်၊ စိတ်ကြည်လင် လန်းဆန်းစေရန်နှင့် နေ့စဉ်လူနေမှုဘဝနှင့် လုပ်ငန်းခွင်အတွင်း အာရုံစူးစိုက်မှု ပိုမိုကောင်းမွန်လာစေမည်ဖြစ်ပါသည်။ အဆိုပါလှုပ်ရှားမှုတွင် ရန်ကုန်တိုင်းဒေသကြီးမှ ဝန်ထမ်း (၃၀) ကျော်က လူကိုယ်တိုင် ပါဝင်ခဲ့ကြပြီး တိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီးမှ ဝန်ထမ်း (၂၀၀) ကျော်တို့က အွန်လိုင်းမှတစ်ဆင့် တက်ကြွစွာ ပူးပေါင်းပါဝင်ခဲ့ကြပါသည်။ အဆိုပါလှုပ်ရှားမှုသည် ဝန်ထမ်းများ၊ အထူးသဖြင့် လူငယ်ဝန်ထမ်းများအနေဖြင့် အလုပ်နှင့် မိမိတို့ကိုယ်ပိုင်ဘဝအကြား ဟန်ချက်ညီညီ ထိန်းသိမ်းကာ ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို အလေးထားနိုင်ရန် အခွင့်အလမ်းများ ဖန်တီးပေးလိုသည့် MPT ၏ စဉ်ဆက်မပြတ် ကြိုးပမ်းအားထုတ်မှုများကို ပေါ်လွင်စေပါသည်။
 


MPTJO ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ Mr. Hiroyuki OKAI က “ကျွန်တော်တို့ရဲ့ TeamFit အစီအစဉ်တွေမှာ လူကိုယ်တိုင်ရော အွန်လိုင်းကနေပါ တက်တက်ကြွကြွနဲ့ ဆက်လက်ပါဝင်ပေးကြတဲ့ ဝန်ထမ်းတစ်ဦးတစ်ယောက်ချင်းစီကို လှိုက်လှိုက်လှဲလှဲ အထူးကျေးဇူးတင်ရှိပါတယ်။ ကိုယ်ရော၊ စိတ်ပါ ကျန်းမာကြံ့ခိုင်မှုဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာတိုးတက်မှုနဲ့ လုပ်ငန်းခွင်ဆိုင်ရာအောင်မြင်မှုတွေအတွက် ခိုင်မာတဲ့ အခြေခံအုတ်မြစ်တစ်ခုဖြစ်တယ်လို့ ကျွန်တော်တို့ ယုံကြည်ပါတယ်။ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေဟာ MPT ရဲ့ အရေးကြီးတဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်တာကြောင့် ဝန်ထမ်းတွေရဲ့ ကျန်းမာကြံ့ခိုင်ရေးကို အဘက်ဘက်ကနေ အခုလိုပံ့ပိုးပေးနိုင်တာဟာ ဝန်ထမ်းတွေရဲ့ ကိုယ်ပိုင်ဘဝမှာရော လုပ်ငန်းခွင်မှာပါ ပိုမိုတက်ကြွတဲ့ စွမ်းအင်၊ အာရုံစူးစိုက်မှု၊ အပြုသဘောဆောင်တဲ့ စိတ်ဓာတ်တွေနဲ့ ရှေ့ဆက်သွားနိုင်ဖို့ အထောက်အကူဖြစ်စေမှာပါ” ဟု ပြောကြားခဲ့ပါသည်။  


ပုံမှန်ဆောင်ရွက်နေသည့် ကျန်းမာရေး လှုပ်ရှားမှုအစီအစဉ်များသည် ဝန်ထမ်းများအား ပိုမိုတက်ကြွပြီး စိတ်အားထက်သန်ကာ  ကြံ့ကြံ့ခံနိုင်သော ဝန်ထမ်းအင်အားကို မြှင့်တင်ရန် ကူညီပေးနိုင်ပါသည်။ MPT သည် “TeamFit: Unite & Move” အစီအစဉ်ကို စဉ်ဆက်မပြတ် ပြုလုပ်ပေးခြင်းဖြင့် ဝန်ထမ်းများအား ကျန်းမာကြံ့ခိုင်မှုကို နေ့စဉ်လူနေမှုဘဝပုံစံ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ပုံမှန်ကျင့်သုံးလာစေရန် တိုက်တွန်းရင်း အသင်းအဖွဲ့စိတ်ဓာတ်၊ ချိတ်ဆက်မှုနှင့် အပြုသဘောဆောင်သော လုပ်ငန်းခွင်ယဉ်ကျေးမှုကို ပိုမိုခိုင်မာလာစေရန် ရည်ရွယ်ထားပါသည်။


စစ်မှန်သည့် ပြည်တွင်း အော်ပရေတာဖြစ်သော  MPT သည် မြန်မာနိုင်ငံတစ်ဝန်းရှိ သုံးစွဲသူများအတွက် ယုံကြည်စိတ်ချရပြီး အရည်အသွေးမြင့် ဆက်သွယ်ရေးဝန်ဆောင်မှုများကို ပေးအပ်နိုင်ရန် ဆက်လက် ကြိုးပမ်းဆောင်ရွက်လျက်ရှိသည့်အပြင် လူမှုရေး၊ ကျန်းမာရေးနှင့် လူမှုအကျိုးပြုအစီအစဉ်များမှတစ်ဆင့် လူမှုအသိုက်အဝန်းနှင့် ဝန်ထမ်းများ၏ ကျန်းမာကြံ့ခိုင်ရေးကို ဆက်လက် ပံ့ပိုးကူညီ ဆောင်ရွက်သွားမည် ဖြစ်ပါသည်။


MPT ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ ပိုမိုသိရှိလိုပါက တရားဝင်ဝက်ဘ်ဆိုက်သို့ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်သည့် အပြင် မိမိသိရှိလိုသည်များကို တိုက်ရိုက်တုံ့ပြန်ဖြေကြားပေးမည့် တူတူ Chat ၊ MPT4U အက်ပလီကေးရှင်း၊ MPT Viber သို့မဟုတ် 106 Call Center တို့တွင် စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top