ကယောတိုင်းရင်းသားတွေရဲ့အသားအရေကျန်းမာရေးအတွက် ကူညီပေးမယ့် Vaseline Healing Project

IMG_1237.jpeg

Vaselineရဲ့ကမ္ဘာလုံးဆိုင်ရာ ရည်မှန်းချက်ပန်းတိုင်ဖြစ်တဲ့ ၂ဝ၂ဝ ခုနှစ်မှာ လူဦးရေ ငါးသန်းရဲ့ အသားအရေကို ပိုမိုကျန်းမာလာစေဖို့ ကုသပေးမယ့်အစီအစဉ်တွင် မြန်မာနိုင်ငံ ပါဝင်လာပါပြီ။ Unileverရဲ့ ကမ္ဘာ့ထိပ်တန်း ခန္ဓာကိုယ်အသားအရေထိန်းသိမ်းမှုအမှတ်တံဆိပ်တစ်ခုဖြစ်တဲ့ Vaseline က မြန်မာနိုင်ငံရဲ့  ဝေးလံခေါင်ဖျားဒေသတွေက တိုင်းရင်းသားများ၏ အသားအရေကျန်းမာရေးကို မြှင့်တင်ပေးတဲ့အနေနဲ့ သူတို့ရဲ့ဘဝတွေပိုမိုကောင်းမွန်လာဖို့ ရည်ရွယ်တဲ့အလှူဒါနဆောင်ရွက်မှုတွေကို ဖေဖော်ဝါရီလ၃ရက်နေ့မှာ စတင်မိတ်ဆက်လိုက်တာဖြစ်ပါတယ်။

Vaseline Healing Project က အသားအရေကျန်းမာရေးစောင့်ရှောက်မှု၊ အသားအရေကျန်းမာရေး အထောက်အကူပြု Vaseline Jelly တွေနဲ့ ဆေးဝါးအထောက်အပံ့တွေကို ဝေးလံတဲ့ဒေသတွေမှာ နေထိုင်တဲ့တိုင်းရင်းသားတွေကို ဦးတည်ပြီး ပံ့ပိုးပေးသွားမှာဖြစ်ပါတယ်။ ဒါအပြင့် အသားအရေဆိုင်ရာကျန်းမာရေးစောင့်ရှောက်မှုကို ကောင်းမွန်စွာပံ့ပိုးပေးနိုင်ဖို့အတွက် တိုင်းရင်းသားဒေသတွေက ကျန်းမာရေးဝန်ထမ်းများအတွက်လည်း အသားအရေကျန်းမာရေးဆိုင်ရာသင်တန်းတွေကို ပြုလုပ်ပေးသွားမှာဖြစ်ပါတယ်။

အရင်ဦးဆုံးအနေနဲ့ ကယားပြည်နယ်၊ ဖရူဆိုမြို့နယ်၊ ထေခိုရွာက ကယောတိုင်းရင်းသားတွေကို ကျန်းမာရေးစောင့်ရှောက်မှုတွေ၊ Vaseline Jelly နဲ့ တစ်ကိုယ်ရည်သုံးပစ္စည်းတွေ၊ ဆေးဝါးတွေကို ပေးအပ်လှူဒါန်းသွားမှာဖြစ်ပါတယ်။ Vaseline ရဲ့အမှတ်တံဆိပ် သံတမန် အေးမြတ်သူကလည်း ထခိုရွာက ကယောလူမျိုးတွေဆီကို သွားရောက်ကူညီပေးခဲ့ပြီး Vaseline Petroleum Jelly ဘူး ၃ဝဝ ကို ပေးလှူခဲ့ပါတယ်။

Vaseline သုံးစွဲသူများကလည်း Vaseline တစ်ဘူးဝယ်ယူတိုင်း ထေခိုရွာနှင့် ဖရူဆိုမြို့နယ်အတွင်းရှိ တိုင်းရင်းသားလူမျိုးများအတွက် Vaseline Jelly နဲ့ ဆေးဝါးအပိုဆောင်းလှူဒါန်းပေးသလိုဖြစ်အောင် Vaseline က ကူညီပေးသွားမှာဖြစ်ပါတယ်။

Vaseline Healing Project ကို ၂ဝ၁၅ ခုနှစ်က တစ်ကမ္ဘာလုံးမှာစတင်ခဲ့ပြီး နိုင်ငံပေါင်း ၆၁ နိုင်ငံက လူပေါင်း ၂.၅ သန်းကျော်ကို ကူညီပေးနိုင်ခဲ့ပါတယ်။ ၂ဝ၂ဝ ခုနှစ်မှာလည်း ဆင်းရဲနွမ်းပါးမှု သို့မဟုတ် အရေးပေါ်အကူအညီ လိုအပ်နေတဲ့ အခြေအနေကြုံတွေ့ရင်ဆိုင်နေတဲ့ လူပေါင်း ငါးသန်းရဲ့ အသားအရေကို ကုသပေးဖို့ရည်ရွယ်ထားပါတယ်။

မြန်မာနိုင်ငံမှာ Unilever ရဲ့ရည်ရွယ်ချက်ဦးတည်ဖော်ဆောင်သည့် အမှတ်တံဆိပ်တွေက ကျန်းမာရေးပညာပေးခြင်းတွေပါဝင်တဲ့ အစီအစဉ်များစွာနဲ့ ၂၀၁၅ခုနှစ်ကနေ၂၀၁၈ခုနှစ်အထိ မြန်မာနိုင်ငံက လူပေါင်း ၂၇ သန်းကျော်ကို ထောက်ပံကူညီပေးခဲ့ပြီးပြီဖြစ်ပါတယ်။

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top