foodpanda ရဲ့ မြန်မာနိုင်ငံစျေးကွက်အတွင်း အောင်မြင်စွာ ရပ်တည်မှု တစ်နှစ်တာခရီး

Image-foodpanda.jpg

အာရှပစိဖိတ်တစ်ဝှမ်းရှိ ထိပ်တန်း အွန်လိုင်းအစားအသောက် ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်း တစ်ခုဖြစ်သော foodpanda သည် မြန်မာနိုင်ငံသို့ ဝင်ရောက်ခဲ့သည့် တစ်နှစ်အတွင်း စားသုံးသူများနှင့် မိတ်ဖက်လုပ်ငန်းရှင်များဆီမှ အသိအမှတ်ပြုမှုများစွာ ရရှိခဲ့ပြီး ယခုလက်ရှိတွင် မြို့ကြီး ၉ မြို့တို့တွင် ဝန်ဆောင်မှု ပေးနေပြီဖြစ်သည်။ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့တွင် မြန်မာနိုင်ငံ၌လုပ်ငန်းစတင် စမ်းသပ်လည်ပါတ်ခဲ့သည့် foodpanda သည် နေ့စဉ်အရှိန်အဟုန်ဖြင့်တိုးမြင့်လျက်ရှိသည့် စားသုံးသူများ၏မှာယူမှုများကို ထောင်ချီသောမိတ်ဖက်စားသောက်ဆိုင်များ၊ ပို့ဆောင်ပေးသူများနှင့်ပူးပေါင်းကာ စားသုံးသူများထံ အချိန်တိုအတွင်းလျင်မြန်စွာပို့ဆောင်ပေးလျက်ရှိပြီး စားသုံးသူများ၏ယုံကြည်စိတ်ချမှုများကို ရရှိထားသည့်ဝန်ဆာင်မှုဖြစ်ပါသည်။

foodpanda သည် ထိပ်တန်း အစားအသောက်ပို့ဆောင်ရေးဝန်ဆောင်မှုလုပ်ငန်းတစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် စင်ကာပူနိုင်ငံ၌ စတင်မိတ်ဆက်ခဲ့ပါသည်။ မြန်မာနိုင်ငံသည် အာရှတွင် foodpanda ၏ ဆယ်ခုမြောက်စျေးကွက်တစ်ခုဖြစ်သည်။ မီဒီယာမိတ်ဆက်ခြင်းအခမ်းအနားကို ၂၀၂၀ ခုနှစ် ဇန်နဝါရီလ ၂၁ ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး လက်ရှိတွင် ရန်ကုန်၊ မန္တလေး၊ ပုဂံ၊ မော်လမြိုင်၊ ပြင်ဦးလွင်၊ နေပြည်တော်၊ ပဲခူး၊ တောင်ကြီး နှင့် မုံရွာ စသည့်အဓိကမြို့ကြီး ၉ မြို့၌ လည်ပတ်လျှက်ရှိသောလူကြိုက်များသည့် အစားအသောက်ပို့ဆောင်ရေး ဝန်ဆောင်မှုတစ်ခုဖြစ်သည်။

ကပ်ရောဂါဖြစ်ပွားနေစဥ် တစ်နိုင်တစ်ပိုင်စီးပွားရေးလုပ်ငန်းများ ကြပ်တည်းနေသည့်ကာလအတွင်း foodpanda သည် ၄င်း၏ ပလက်ဖောင်းမှတစ်ဆင့် မြန်မာနိုင်ငံရှိ ထောင်ပေါင်းများစွာသော စားသောက်ဆိုင်များကို နည်းပညာအသုံးပြု၍ ပိုမိုရောင်းအားတက်စေရန် ကူညီပေးနိုင်ခဲ့ပြီး အသုံးပြုသူများထံသို့ အချိန်တိုအတွင်း နေအိမ်အရောက် ပို့ဆောင်ပေးနိုင်ရန် ဆောင်ရွက်နိုင်ခဲ့ပါသည်။ ထို့အပြင် riders များအနေဖြင့်လည်း delivery ပို့ဆောင်ခြင်းကို မိမိတို့ အားလပ်သလို လုပ်ကိုင်နိုင်ပြီး တစ်ဖက်တစ်လမ်းမှ ၀င်ငွေရှာနိုင်ခဲ့ပါသည်။

foodpanda အား စတင်မိတ်ဆက်ပြီး မကြာမီအချိန်အတွင်း၌ အစားအသောက်ပို့ဆောင်ခြင်းအပြင် စျေးကွက်လိုအပ်ချက်အရ ၀န်ဆောင်မှုအသစ်များဖြစ်သည့် shops ကုန်စုံပို့ဆောင်ခြင်းကို ၂၀၂၀ ခုနှစ် ဧပြီလတွင်လည်းကောင်း၊ pick-up အစားအသောက်ကိုယ်တိုင်သွားယူစနစ် ၀န်ဆောင်မှုကို ၂၀၂၀ ခုနှစ် ဇွန်လတွင်လည်းကောင်း အက်ပလီကေးရှင်းသို့ ထည့်သွင်းမိတ်ဆက်ခဲ့သည်။

foodpanda ၏ shops ကုန်စုံပို့ဆောင်ခြင်း၀န်ဆောင်မှု၌ အသုံးပြုသူများသည် အစားအသောက်အပြင် နေ့စဥ်အသုံးအဆောင်ပစ္စည်းများဖြစ်သော ကုန်စုံများ၊ အလှကုန်များ၊ လျှပ်စစ်စ္စည်းများ အစရှိသည်တို့ကိုပါ အော်ဒါမှာယူနိုင်ပြီး မှာယူသူများထံသို့ မိနစ် ၃၀ အတွင်း အရောက်ပို့ဆောင်ပေးနိုင်သော လျင်မြန်လွယ်ကူသည့် ၀န်ဆောင်မှုဖြစ်သည်။ pick-up ကိုယ်တိုင်ယူစနစ် ၀န်ဆောင်မှုသည် အသုံးပြုသူများမှ အစားအသောက်များကို foodpanda အက်ပလီကေးရှင်းမှတစ်ဆင့် ကြိုတင်အော်ဒါမှာယူ၍ မိမိသွားလိုရာ လမ်းကြောင်းတစ်လျှောက်ရှိ ဆိုင်တွင် စောင့်ဆိုင်းစရာမလိုတော့ဘဲ ချက်ချင်း၀င်ယူနိုင်ရန် ဖန်တီးပေးထားခြင်းဖြစ်သည်။

တစ်နှစ်တာကာလအတွင်း foodpanda သည် foodpanda ပလက်ဖောင်းပေါ်တွင် ရရှိနိုင်သော ၀န်ဆောင်မှုများနှင့် မြန်မာ့အစားအသောက်များကို မီးမောင်းထိုးပြနိုင်ရန်အတွက် မြန်မာ့စပါးအုံး အောင်လအန်ဆန်အားလည်း ၄င်း၏ ပထမဆုံးသော သံတမန်အဖြစ်ခန့်အပ်ခဲ့သည်။

foodpanda ၏ တစ်နှစ်ပြည့် မွေးနေ့အစီအစဉ် “Thank you Myanmar, foodpanda Myanmar turns 1”

foodpanda မြန်မာ၏ တစ်နှစ်ပြည့်အထိမ်းအမှတ်ဖြစ်သည့်ဒီဇင်ဘာလတွင် မြန်မာနိုင်ငံမှ စားသုံးသူများနှင့် ပါတနာများကို အထူးကျေးဇူးတင်သည့်အနေဖြင့် စိတ်လှုပ်ရှားစရာ အစီအစဥ်များစွာကို တစ်လလုံး စီစဥ်ထားရှိပါသည်။

● မိတ်ဖက်စားသောက်ဆိုင်များနှင့် ပူးပေါင်း၍ လိုအပ်သည့်နေရာများသို့ လှူဒါန်းခြင်းကဲ့သို့ အမျိုးမျိုးသော လူမှုအကျိုးပြုလုပ်ငန်းများ

● တစ်နှစ်ပြည့်မွေးနေ့ကို စားသုံးသူတို့ ချစ်ခင်ရသော အနုပညာရှင်များနှင့် အတူတကွ ဆင်နွှဲနိုင်စေရန်အတွက် ပျော်ရွှင်စရာ ဖျော်ဖြေမှုများပါ၀င်တဲ့ အွန်လိုင်းမှ ထုတ်လွှင့်ပြသမည့်အစီအစဥ်များ

● ထို့အပြင် မြန်မာနိုင်ငံတွင် အောင်မြင်စွာ ရပ်တည်နိုင်ခြင်း တစ်နှစ်ပြည့်အထိမ်းအမှတ်အနေဖြင့်အသုံးပြုသူများအား ကျေးဇူးအထူးတင်သည့် ရည်ရွယ်ချက်ဖြင့် မိတ်ဖက်စားသောက်ဆိုင်များ၊ မိတ်ဖက်ကုန်အမှတ်တံဆိပ်များဖြစ်သော Gong Cha, O Cha, Pizza Hut, KFC, YKKO, Tealive, Yakun, Cha Thai, Krispy Kreme, Nilar, Kaung Kyaik, Kyat Shar Soon, Tea Land, Season Bakery, SP Bakery အပါအ၀င် အခြားစားသောက်ဆိုင် ၁၀၀၀ ကျော်တို့မှ များပြားလှစွာသော အထူးအစီအစဥ်နှင့် ၅၀% အထိ လျှော့စျေး အစီအစဥ်များနဲ့ foodpanda မြန်မာ ရဲ့ အကြီးမားဆုံးသော အွန်လိုင်းစျေးရောင်းပွဲတော်ကို ဒီဇင်ဘာ ၁ ရက်နေ့မှစတင်ကာ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ ကျင်းပပေးသွားမည်ဖြစ်ပါသည်။

● တစ်နှစ်တာအတွင်း အောင်မြင်စွာဆောင်ရွက်နိုင်ရန် ပံ့ပိုးကူညီပေးခဲ့ကြသော စားသုံးသူများ၊ မိတ်ဖက် ပါတနာများနှင့် ပို့ဆောင်ပေးသူများကို ဂုဏ်ပြုသည့်အစီအစဥ်များကိုလည်း ပြုလုပ်ဆောင်ရွက်ပေးသွားမည်ဖြစ်ပါသည်။

မြန်မာနိုင်ငံတွင်းရှိ စားသုံးသူများ ကောင်းမွန်သော အစားအသောက်နှင့် နေ့စဥ် အသုံးအဆောင်ပစ္စည်းများကို ခလုပ်နှိပ်လိုက်ရုံဖြင့် လျှင်မြန်လွယ်ကူစွာ အဆင်ပြေပြေ ဝယ်ယူနိုင်စေရန်အတွက် foodpanda သည် ထောင်ပေါင်းများစွာသော ပြည်တွင်း စားသောက်ဆိုင်များ၊ ကုန်စုံဆိုင်များနှင့် မိတ်ဖက်ပူးပေါင်းကာ ဆက်လက်တိုးချဲ့လျက်ရှိပါသည်။ ဗိုက်ဆာနေသည့် အချိန်တိုင်း၊ ကုန်စုံပစ္စည်းများလိုအပ်သည့်အချိန်တိုင်း အသုံးပြုသူများမှ မိမိနှစ်သက်ရာ မည့်သည့် အစားအသောက်နှင့် ကုန်ပစ္စည်းကိုမဆို ပမာဏကန့်သတ်ချက်မရှိ အလျင်မြန်ဆုံး မှာယူနိုင်ရန်အတွက် foodpanda သည် အမျိုးမျိုးသော စားသောက်ဆိုင်များ၊ကုန်စုံဆိုင်များနှင့် ပူးပေါင်းကာ ပို့ဆောင်ပေးနေပါသည်။

အွန်လိုင်းမှ အဆင်ပြေချောမွေ့စွာ အစားအသောက်မှာယူခြင်း အတွေ့အကြုံများခံစားရယူရန်အတွက် foodpanda အက်ပလီကေးရှင်းအား app store နှင့် Google Play store တို့တွင် ဒေါင်းလုပ်ရယူနိုင်ပြီး www.foodpanda.com.mm တွင်လည်း တိုက်ရိုက်ဝင်ရောက် ရယူနိုင်ပါပြီ။

Team ( ရိုးရာ​လေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top