စိုးရိမ်ပူပန်မှုများနေတဲ့ အချိန်အတွင်းမှာ ရှောင်သင့်တဲ့အစားအစာများ

10-11-2020-yyl-020.jpg

ကျွန်တော်တို့လူဘဝ သက်တမ်းတစ်လျှောက်မှာ စိတ်ဖိစီးတာ၊ စိုးရိမ်ပူပန်တာတွေကို ကျွန်တော်တို့ကြုံတွေ့ကြရမှာပါ။ စိုးရိမ်ပူပန်မှုတွေဖြစ်ရခြင်း အကြောင်းအရင်းနဲ့ မဖြစ်အောင် ဘယ်လိုကာကွယ်မလဲဆိုတဲ့ အရာတွေကို သိထားဖို့လိုပါတယ်။ စိတ်ဖိစီးမှုများတဲ့၊ စိုးရိမ်ပူပန်မှုများတဲ့အတောအတွင်းမှာ အစားအသောက်တွေကိုလည်း သတိထားစားပေးဖို့လည်း အရေးကြီးပါတယ်။ တချို့စားစရာသောက်စရာတွေက သွေးအတွင်းသကြားပမာဏမှာ သက်ရောက်မှုရှိတဲ့အတွက် စိတ်ခံစားချက်ပြင်းထန်တာတွေဖြစ်လာပြီး စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေဖြစ်လာနိုင်တယ်လို့ အာဟာရပညာရှင်တွေအရ သိရပါတယ်။ သင်က စိတ်ဖိစီးနေတယ်ဆိုရင် စိုးရိမ်ပူပန်မှုတွေရှိနေတယ်ဆိုရင် ဒီစားစရာသောက်စရာတွေကို မစားသင့်ပါဘူးနော်။

ကိတ်နဲ့ ကွတ်ကီး

စိုးရိမ်ပူပန်တာက ကျွန်တော်ရဲ့သွေးအတွင်းသကြားဓာတ်နဲ့ သက်ဆိုင်ပါတယ်။ ဒါကြောင့် သကြားဓာတ်များတဲ့အစားအစာတွေက သွေးအတွင်းသကြားပမာဏကို တိုးမြှင့်လာစေပြီး လူတွေမှာ စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေဖြစ်လာစေနိုင်ပါတယ်။ ကိတ်၊ ကွတ်ကီးလို သကြားဓာတ်များတဲ့အစားအစာတွေကို စားပေမယ့်အစား သဘာဝအလျောက်သကြားဓာတ်ပါဝင်တဲ့ လတ်ဆတ်တဲ့သစ်သီးတွေကို စားပေးသင့်ပါတယ်။

သကြားဓာတ်များပြီး ချိုလွန်းတဲ့ဖျော်ရည်

သကြားဓာတ်များတဲ့ဖျော်ရည်တွေကလည်း သွေးအတွင်းသကြားပမာဏကို ပြောင်းလဲသွားစေနိုင်တဲ့အတွက် စိုးရိမ်ပူပန်မှုတွေဝင်ရောက်လာနိုင်ပါတယ်။ သဘာဝသစ်သီးဖျော်ရည်မဟုတ်တဲ့ ဖျော်ရည်တွေကလည်း အမျှင်ဓာတ်လုံလုံလောက်လောက်မပါဘဲ သကြားဓာတ်များပါတယ်။ အမျှင်ဓာတ်နည်းတဲ့ တစ်နေ့တာအစားအသောက်တွေကလည်း အစာမကြေတာကိုဖြစ်စေတဲ့အပြင် သွေးအတွင်းသကြားဓာတ်များလာနိုင်ပါတယ်။

ပရိုတင်းဓာတ်မပါတဲ့ Smoothies

Smoothies ကလည်း စွမ်းအင်နဲ့အာဟာရဓာတ်တွေရနိုင်ပေမဲ့ ပရိုတင်းပါဝင်တဲ့ သစ်သီးနဲ့ဟင်းသီးဟင်းရွက်တွေမပါဘူးဆိုရင် သွေးအတွင်းသကြားဓာတ်နည်းတာ၊ များတာတွေဖြစ်လာစေနိုင်တာကြောင့် စိုးရိမ်ပူပန်စိတ်လည်း များလာနိုင်ပါတယ်။

ကဖင်းဓာတ်ပါဝင်တဲ့သောက်စရာ

စိုးရိမ်ပူပန်မှုက ကော်ဖီ၊ လက်ဖက်ရည်လို ကဖင်းဓာတ်ပါဝင်တဲ့သောက်စရာတွေကို သောက်တဲ့သူတွေမှာ အဖြစ်များကြတယ်လို့ လေ့လာချက်တွေက ဆိုပါတယ်။ ကဖင်းဓာတ်က အာရုံကြောစနစ်က adenosine receptors ကို လှုပ်ရှားစေပြီး စိုးရိမ်ပူပန်စိတ်များလာစေပါတယ်။

သဘာဝအတိုင်းမဟုတ်ဘဲ ကြာရှည်ခံအောင်လုပ်ထားတဲ့အစားအစာ

ကြာရှည်ခံအောင်လုပ်ထားတဲ့အစားအစာတွေကလည်း အစာအိမ်ရောင်တာ၊ အစာမကြေတာတွေဖြစ်လာစေနိုင်ပါတယ်။ အဲဒီလိုဖြစ်တဲ့အတွက် စိုးရိမ်ပူပန်မှုကိုလည်းဖြစ်စေပါတယ်။ အမျှင်ဓာတ်ပါဝင်မှုနည်းတာကြောင့် အစာခြေစနစ်မှာ အနှောင့်အယှက်ဖြစ်နိုင်ပါတယ်။

အရက်၊ဘီယာ

အရက်၊ဘီယာတွေက သူတို့ရဲ့စိတ်ကို တည်ငြိမ်အောင်ကူညီပေးတယ်လို့ လူတော်တော်များများယုံကြည်ထားကြပါတယ်။ အရက်က သွေးအတွင်းသကြားဓာတ်မှာ သွားသက်ရောက်မှုဖြစ်ပြီး အိပ်မပျော်တာတွေဖြစ်လာနိုင်ပါတယ်။ ဒါ့အပြင် ရေဓာတ်ခန်းခြောက်တာတွေဖြစ်လာပြီး စိုးရိမ်ပူပန်တာ၊ စိတ်ဖိစီးတာတွေလည်း အစပျိုးလာနိုင်ပါတယ်။

Ref: Foods and drinks to avoid during anxiety

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top