ဗောက်ကင်းစင်တဲ့ ဆံသားကို ပိုင်ဆိုင်စေမယ့် နည်းလမ်းတွေ

18-2-2021-yyl-20.jpg

ဆံသားမှာ ဗောက်တွေရှိနေလို့ စိတ်ညစ်နေလား။ ဆံပင်ဗောက်ထတဲ့ပြဿနာကို လူတော်တော်များများ ကြုံတွေ့ကြရပါတယ်။ ဗောက်ကင်းစင်သွားဖို့ ခေါင်းလျှော်ရည်မျိုးစုံသုံးနေလဲ ဘာမှထူးမလာဘူးလား။ အဲဒါဆိုရင်တော့ သဘာဝနည်းလမ်းတချို့ကို အသုံးပြုပြီး ဗောက်ကင်းစင်အောင်လုပ်ကြည့်သင့်ပါတယ်။ အဲဒီနည်းလမ်းတွေကို ဖော်ပြပေးလိုက်ရပါတယ်။

မုန့်ဖုတ်ဆိုဒါ

ဒီနည်းလမ်းအတွက် ကျွန်တော်တို့လုပ်ဖို့လိုအပ်တာကတော့ ဗောက်ထနေတဲ့ဦးရေပြားပေါ်ကို မုန့်ဖုတ်ဆိုဒါကို ဖြူးပြီး ပွတ်လိမ်းပေးပါ။ ပြီးရင် ရေနဲ့ဆေးချပေးပါ။ ခေါင်းလျှော်ရည်မသုံးပါနဲ့။

အက်စပရင်ဆေး (Aspirin)

အက်စပရင်ဆေး (၂) ပြားကို အမှုန်ဖြစ်အောင် ချေမွပြီး လျှော်နေကျခေါင်းလျှော်ရည်ထဲ ထည့်ပေးပါ။ အဲဒီနောက် အက်စပရင်ဆေးရောထည့်ထားတဲ့ ခေါင်းလျှော်ရည်နဲ့ (၂) မိနစ် (၃) မိနစ်လောက် ခေါင်းလျှော်ပြီး ရေဆေးချပေးရမှာဖြစ်ပါတယ်။

ဒိန်ချဉ်

သင့်ဆံပင်ကို ခေါင်းလျှော်ပြီး ဦးရေပြားပေါ်ကို ဒိန်ချဉ်ပွတ်လိမ်းပြီး (၁၅) မိနစ်လောက် အချိန်ပေးလိုက်ပါ။ ပြီးရင် ရေနဲ့ ဆေးချပြီး ခေါင်းလျှော်ရည်အနည်းငယ်နဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

ပန်းသီးအရက်ဗင်နီဂါ

ရေခွက် (၁) ခွက်ထဲကို ပန်းသီးအရက်ဗင်နီဂါ (စားပွဲတင်ဇွန်း ၂ ဇွန်း) ထည့်ပြီး သမအောင်မွှေလိုက်ပါ။ ပြီးရင် ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပြီးမှ အဲဒီအရည်ကို ဆံပင်ပေါ်လောင်းချပေးရမှာဖြစ်ပါတယ်။

ရှားစောင်းလက်ပက်

ရှားစောင်းလက်ပက်ဂျယ်လ်ကို သင့်ဦးရေပြားမှာ လိမ်းလိုက်ပြီး နာရီဝက် – ၁ နာရီလောက် ဒီအတိုင်းထားလိုက်ပါ။ ပြီးမှ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ပေးလိုက်ရုံပါပဲ။

သံပရိုသီး

သံပရိုသီးတစ်လုံးကို အရည်ညစ်ပြီး ဦးရေပြားမှာ လိမ်းကာ နှိပ်နယ်ပေးလိုက်ပါ။ (၂) မိနစ်- (၃) မိနစ်လောက် အချိန်ပေးပြီးမှ ပုံမှန်ခေါင်းလျှော်ရည်နဲ့ ခေါင်းလျှော်ပေးရမှာဖြစ်ပါတယ်။

တမာရွက်

တမာရွက်ကို အနှစ်ဖြစ်အောင် ကြိတ်ပြီး ဦးရေပြားပေါ်ကို (၁၅-၂၀) မိနစ်လောက် လိမ်းထားလိုက်ပါ။ အဲဒီနောက်မှ ခေါင်းလျှော်ရည်အပျော့စားနဲ့ ခေါင်းလျှော်ရမှာဖြစ်ပါတယ်။

Ref: How to get rid of dandruff naturally
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top