N95 နှာခေါင်းစည်းကို ပြန်သုံးလို့ရသလား

14-2-2022-yyl5-1.jpg

N95 နှာခေါင်းစည်းတွေက တစ်ခါသုံးဆိုပေမဲ့ ပြန်သုံးလို့ ရပါတယ်။ ဆေးဘက်ဆိုင်ရာသုံး နှာခေါင်းစည်းဖြစ်လို့ တစ်ခါသုံးလို့ သတ်မှတ်ထားပေမဲ့ စနစ်တကျ ကိုင်တွယ်ရင် ပြန်သုံးနိုင်ပါတယ်။ အနည်းဆုံး ၃၊ ၄ ရက် ပြန်သုံးလို့ ရတယ်။ တချို့ဆို တစ်ပတ်လောက်အထိတောင် သုံးကြပါတယ်။ အဓိကကတော့ နှာခေါင်းစည်းကို ချွတ်တဲ့နေရာမှာ အမှုန်၊ အမွှားတွေကို စစ်ထုတ်ပေးထားတဲ့ နှာခေါင်း (သို့) ပါးစပ်နားတစ်ဝိုက်က မချွတ်ဘဲ ကြိုးကနေ ချွတ်ဖို့ပါပဲ။ နှာခေါင်း (သို့) ပါးစပ်နားတစ်ဝိုက်က ကိုင်မိရင်တော့ လက်မှာ အမှုန်၊ အမွှားတွေ ကပ်ပါလာနိုင်တယ်။

N95 နှာခေါင်းစည်းကို လျှော်ဖွတ်တာမျိုးတော့ မလုပ်ပါနဲ့။ အမှုန်အမွှားတွေကို ကာကွယ်ပေးဖို့ ဖန်တီးထားတဲ့ တည်ငြိမ်လျှပ်စစ်( Static Charge) ပျက်စီးသွားနိုင်ပါတယ်။ ပေါက်ပြဲနေပြီဆိုရင်တော့ ဆက်သုံးလို့ မရတော့ပါဘူး။ N95 နှာခေါင်းစည်းကို ချွတ်ထားလိုက်ရင် နာရီပိုင်းကြာတာနဲ့ ပိုးမွှားတွေ သူ့အလိုလို သေသွားမှာပါ။ နေရောင်မှာပြ၊ ပိုးသတ်ပြီး သုံးရင်တော့ ပိုကောင်းပါတယ်။

ဈေးကွက်ထဲမှာ N95 ၊ KN95 ၊ KN94 ဆိုတဲ့ အမျိုးအစားတွေကို တွေ့ရမှာပါ။ N95 ကတော့ အမေရိကန်အသိအမှတ်ပြုပါ၊ KN95 က တရုတ်အသိအမှတ်ပြုပါ။ KN94 က ကိုရီးယားစံနှုန်းနဲ့ ထုတ်လုပ်ထားတာပါ။ N95 က ကလေးဆိုက်ဒ် မထုတ်ပါဘူး။ တကယ်လို့ ဈေးကွက်ထဲမှာ N95 ကလေးဆိုက်ဒ် တွေ့ရတယ်ဆိုရင်တော့ အဲဒါ အတုပါပဲ။ KN95 နဲ့ KN94 ကတော့ ကလေးဆိုက်ဒ် ထုတ်ပါတယ်။

Ref: CNN “How long you can wear your N95, according to experts”

Nz (ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top