ပဋိဇီဝဆေးတွေနဲ့တွဲဖက် မစားသုံးသင့်တဲ့ အစားအသောက်လေးတွေ

20-5-2020-yyl-010.jpg

မဖျားဖူးတဲ့သူရယ်လို့မရှိကြပါဘူး။ လူတွေကတစ်နေ့တာလှုပ်ရှားမှုတွေ လုပ်ဆောင်ရင်း အပူဒဏ်ကြောင့်ဖြစ်ဖြစ် အအေးဒဏ်ကြောင့်ဖြစ်ဖြစ် ခန္ဓါကိုယ်မှာ ဖျားနာတာ၊ နေထိုင်မကောင်းတာတွေ ဖြစ်ဖူးကြမှာပါ။ ဒီလိုနေထိုင်မကောင်းဖြစ်တဲ့အခါ Antibiotics(ပဋိဇီဝဆေး) တွေသောက်ပြီး ကိုယ်ခံအားကိုပြန်လည်ကောင်းမွန်လာအောင် လုပ်ဆောင်ကြရပါတယ်။ ဒီလိုဆေးသောက်တဲ့အခါ ဘာတွေတော့ဆေးနဲ့တွဲမသောက်နဲ့ မတည့်ဘူးလို့ပြောတာကြားဖူးကြမှာပေါ့။ ဘာကြောင့်လဲဆိုတာကို သိရဲ့လား။ သိချင်ရင် ဒီဆောင်းပါးလေးဖတ်ကြည့်နော်။

ဆေးသောက်တဲ့အခါဆေးရဲ့ အာနိသင်ပိုမိုထိရောက်မှုရှိစေဖို့အတွက် အစားအသောက်တွေကို ဆင်ခြင်စားသုံးဖို့လိုအပ်ပါမယ်။ အချို့ အစားအသောက်တွေကဆေးကိုစုပ်ယူနိုင်စွမ်းအပေါ်ထိခိုက်စေတာမျိုးရှိသလို ဆေးအာနိသင်ကို လျော့ကျစေတာမျိုးအထိဖြစ်စေနိုင်ပါတယ်။

Antibiotics(ပဋိဇီဝဆေး) တွေက ခန္ဓါကိုယ်ကို ဘယ်လိုအကျိုးသက်ရောက်မှုရှိစေလဲ

Antibiotics(ပဋိဇီဝဆေး) တွေကရောဂါပိုး ကူးစက်တာတွေကို သက်သာစေနိုင်စွမ်းရှိပါတယ်။ အအေးမိတာ၊ တုပ်ကွေးဖြစ်တာ၊ ချောင်းဆိုးတာ၊ လည်ချောင်းနာတာ၊ နှာစေးတာနဲ့လေပြွန်ရောင်ရမ်းတာတွေဖြစ်မယ်ဆိုရင်တော့ Antibiotics(ပဋိဇီဝဆေး) တွေကို မဖြစ်မနေသောက်သုံးဖို့လိုပါမယ်။ ဒီလိုသောက်သုံးတဲ့အခါမှာလည်းဆေးယဉ်ပါးတာမျိုး မဖြစ်စေဖို့အတွက်ဆေးကို စနစ်တကျဂရုတစိုက်သောက်သုံးဖို့လိုပါမယ်။

ဒီအစားအသောက်တွေကို Antibiotics(ပဋီဇီဝဆေး) တွေနဲ့တွဲသောက်သုံးတာမျိုး မလုပ်ပါနဲ့

ငှက်ပျောသီး

ငှက်ပျောသီးမှာ ပိုတက်ဆီယမ်ကြွယ်ဝစွာပါဝင်နေတာကြောင့် Antibiotics(ပဋိဇီဝဆေး) တွေနဲ့တွဲမသောက်သင့်တာပါ။ ခန္ဓါကိုယ်ထဲမှာ ပိုတက်ဆီယမ်ပမာဏအရမ်းများသွားတဲ့အခါ နှလုံးခုန်မမှန်တာ၊ နှလုံးခုန်မြန်တာကြောင့် ရင်တုန်တာမျိုးတွေခံစားရနိုင်ပါတယ်။ အထူးသဖြင့်သွေးတိုးရောဂါကြောင့်သောက်သုံးရတဲ့ဆေးဝါးတွေကို ငှက်ပျောသီးနဲ့ တွဲဖက်စားသုံးတာမျိုးမလုပ်ပါနဲ့။ သွေးပေါင်အရမ်းကျသွားတာမျိုး ဖြစ်စေနိုင်တာကြောင့်ပါ။

အချဉ်ဓါတ်ရှိတဲ့ အစားအစာတွေ

သံပုရာသီး၊ သံပရိုသီး၊ လိမ္မော်သီး၊ ဂရိတ်ဖရု လိုမျိုး အချသ်ဓါတ်ရှိတဲ့အသီးတွေ၊ အချဉ်ဓါတ်ထည့်သွင်းထုတ်လုပ်ထားတဲ့သောက်စရာတွေ၊ ခရမ်းချဉ်သီးဆော့စ် လိုမျိုး အချဉ်ဓါတ်ပါဝင်နေတဲ့ အစားအစာတွေကို ဆေးဝါးတွေနဲ့တွဲဖက်မစားသုံးသင့်ပါဘူး။ ခန္ဓါကိုယ်ကဆေးရဲ့အာနိသင်စုပ်ယူနိုင်မှုအပေါ် အဟန့်အတားဖြစ်စေနိုင်တာကြောင့်ပါ။

နွားနို့နဲ့နို့ထွက်ပစ္စည်း (ဒိန်ချဉ်ကလွဲလို့)

နွားနို့ ပူပူလေးနဲ့ဆေးနဲ့သောက်ဆိုတာ နားထောင်လို့သာကောင်းတာ တကယ်တော့ တွဲမစားသင့်ပါဘူး။ နွားနို့မှာ ကယ်လ်ဆီယမ်ပါဝင်တာကြောင့် အရိုးတွေကို ကြံ့ခိုင်စေတယ်ဆိုပေမယ့် Antibiotics(ပဋိဇီဝဆေး) နဲ့တော့ တွဲမသောက်ပါနဲ့။ ဆေးစုပ်ယူနိုင်စွမ်းအပေါ် အဟန့်အတားဖြစ်စေနိုင်ပါတယ်။ တကယ်လို့ နို့ နဲ့ နို့ထွက်ပစ္စည်းတွေ စားသုံးထားတယ်ဆိုရင် အနည်းဆုံး ၃ နာရီခြားပြီးမှဆေးသောက်ပါ။ ဒိန်ချဉ်ကတော့ ခန္ဓါကိုယ်အတွက် အကျိုးပြုဘက်တီးရီးယားတွေပေါက်ဖွားနိုင်အောင် လုပ်ဆောင်ပေးတာကြောင့် ထိခိုက်ဒဏ်ရာတွေကို မြန်မြန်အနာကျက်စေနိုင်သလို ကိုယ်ခံအားကိုကောင်းမွန်စေနိုင်ပါတယ်။ ဒိန်ချဉ်ကProbiotics (အကျိုးပြုဘက်တီးရီးယား) ဖြစ်ပြီး Antibiotics(ပဋိဇီဝဆေး) ရဲ့ဘေးထွက်ဆိုးကျိုးအနေနဲ့ဖြစ်တဲ့ ဝမ်းသွားတာတွေကို သက်သာစေနိုင်ပါတယ်။

အမျှင်ဓါတ်များတဲ့ အစားအစာတွေ

နေမကောင်းတဲ့အခါ အမျှင်ဓါတ်များတဲ့ အစားအစာတွေကို မစားနဲ့နော်။ အမျှင်ဓါတ်က ခန္ဓါကိုယ်အတွက်လိုအပ်သလို ကိုယ်အလေးချိန်ကို ကျစေတာလည်းမှန်ပေမယ့် နေမကောင်းလို့ဆေးတွေသောက်နေရချိန်မှာ စားသုံးမယ်ဆိုရင်တော့ဆေးအာနိသင်ကို လျော့ပါးစေနိုင်တာကြောင့်နေမကောင်းတာကို တာရှည်စေနိုင်ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါ အမျှင်ဓါတ်များစွာပါဝင်တဲ့ အစားအစာတွေကိုရှောင်ပါ။

အရက်

ဒါကတော့ပြောစရာလိုမယ်မထင်ပါဘူး။ နေမကောင်းတဲ့အခါ အရက်ကိုမဖြစ်မနေရှောင်ရမှာပါ။ အရက်က Antibiotics(ပဋိဇီဝဆေး) တွေရဲ့ အာနိသင်ကို ထိခိုက်စေတာမဟုတ်ပါဘူး။ ဘေးထွက်ဆိုးကျိုးတွေဖြစ်စေတာပါ။ အစာအိမ်အူလမ်းကြောင်းပြဿနာတွေ၊ ခေါင်းထဲကငြီးစီစီဖြစ်တာတွေလိုမျိုးပေါ့။ နေမကောင်းတာကိုလည်း တာရှည်စေနိုင်ပါတယ်။

ကဖင်းပါတဲ့စားစရာတွေ

ကဖင်းဓါတ်ပါတဲ့သောက်စရာတွေနဲ့ဆေးတွေကို တွဲဖက်စားသုံးမယ်ဆိုရင်ဆေးရဲ့ အာနိသင်ကို ပျက်ပြယ်စေနိုင်ပါတယ်။ ဒါကြောင့်နေထိုင်မကောင်းတဲ့အခါကော်ဖီ၊ လက်ဖက်ရည်၊ ရေနွေးကြမ်းတို့လိုမျိုး ကဖင်းပါတဲ့သောက်စရာတွေနဲ့ ဆေးကိုတွဲဖက်သောက်သုံးတာမျိုး မလုပ်ပါနဲ့။

နောက်တစ်ချက်က ပန်းနာရင်ကျပ်ဝေဒနာရှင်တွေအနေနဲ့ ကော်ဖီကိုလုံးဝရှောင်ရှားသင့်ပါတယ်။ကော်ဖီမှာပါတဲ့ ကဖင်းဓါတ်က အာရုံကြောတွေအပေါ်မှာ သက်ရောက်မှုရှိသလို ရင်တုန်တာနဲ့ စိတ်အရမ်းလှုပ်ရှားတာမျိုးဖြစ်စေနိုင်ပါတယ်။

နေမကောင်းဖြစ်တဲ့အခါ မြန်မြန်သက်သာချင်ရင်တော့ ဒီအစားအစာတွေကိုရှောင်ကြဉ်ပြီး ဆေးကို စနစ်တကျသောက်သုံးပေးပါ။ အစားအသောက်ကို ဂရုစိုက်တာကလည်း မြန်မြန်နေကောင်းစေဖို့အတွက် အကောင်းဆုံးသောနည်းလမ်းတွေထဲက တစ်ခုပါ။

Ref :hellosayarwon

ဆေးပညာပိုင်းဆိုင်ရာတည်းဖြတ်သူ Dr. Kaung Thar
ရေးသားသူ Aye Thi Mon

Team (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top