မြစ်ထဲမှာ သတ္တုရှာရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်းဓားတစ်ချောင်း တွေ့ရှိ

20.3.24-yyl-7.jpg

ဗြိတိန်နိုင်ငံမှ သတ္တုရှာဖွေရေးသမားတစ်ဦးဟာ မြစ်ထဲမှာ သတ္တုရှာဖွေရင်း နှစ်သက်တမ်း ၁၀၀၀ ကျော်ရှိတဲ့ ဗိုက်ကင်း(Viking) ဓားတစ်ချောင်းကို တွေ့ရှိခဲ့ပါတယ်။ ထရီဗာပန်နီနဲ့ သူငယ်ချင်းတစ်ဦးဟာ အောက်စဖို့ဒ်ရှိုင်းယားကောင်တီရဲ့ မြစ်ထဲမှာ သံလိုက်ဆွဲပြီး သတ္တုရှာဖွေနေတုန်း သံချေးတက်နေတဲ့ ဓားတစ်ချောင်း တွေ့ခဲ့တာပါ။

ဒီဓားရဲ့ ရာဇဝင်ကို သိရှိနိုင်ဖို့ အောက်စဖို့ဒ်ရှိုင်းယားကောင်စီထံ ဆက်သွယ်အကြောင်းကြားခဲ့ပြီး စုံစမ်းစစ်ဆေးကြည့်ချိန်မှာတော့ ၈ ရာစု သို့မဟုတ် ၉ ရာစုကတည်းက ဒိန်းမတ်စစ်သူတော်တစ်ဦး ကိုင်ဆောင်အသုံးပြုခဲ့တဲ့ ဓားဖြစ်နိုင်တယ်လို့ လေ့လာတွေ့ရှိခဲ့ပါတယ်။

ဗိုက်ကင်းတွေဟာ ပန်းပဲအတတ်ပညာ အားနည်းသူတွေဖြစ်ပြီး ဥရောပမှာ လုပ်တဲ့ဓားတွေနဲ့နှိုင်းယှဉ်ရင် ဗိုက်ကင်းဓားတွေမှာ ချော်ပြာပါဝင်မှု ပိုများလို့ တိုက်ပွဲတွေမှာ ဓားကျိုးမှု ပြဿနာတွေ မကြာခဏကြုံရလေ့ ရှိပါတယ်။ အဲဒီအတွက် သက်တမ်းရင့်တဲ့ ဗိုက်ကင်းဓားတစ်ချောင်းကို အကောင်းပကတိအတိုင်း ရှာဖွေတွေ့ရှိခဲ့တာဟာ ထူးခြားရှားပါးတဲ့ ရှာဖွေတွေ့ရှိမှုတစ်ရပ်လို့ ဆိုနိုင်ပါတယ်။

အေဒီ ၈၆၅ ခုနှစ်မှာ စကင်ဒီနေးဗီးယန်းတပ်သားတွေနဲ့ ပေါင်းစပ်ဖွဲ့စည်းထားတဲ့ ဗိုက်ကင်း ဧရာမတပ်တော်က အင်္ဂလန်နိုင်ငံကို ကျူးကျော်သိမ်းပိုက်ခဲ့ဖူးပြီး အဲဒီကာလမှာ ကျန်ရစ်ခဲ့တဲ့ ဓားဖြစ်မယ်လို့ ယူဆကြပါတယ်။

Ref:1,000 year old Viking Sword Fished out of an Oxfordshire River with a Magnet

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top