၂၀၂၄ ခုနှစ် အမေရိကန်သမ္မတရွေးကောက်ပွဲ ဝင်ပြိုင်မယ်လို့ ဒေါ်နယ်ထရမ့် ကြေညာ

16-11-2022yyl04.jpg

Former US President Donald Trump speaks at the Mar-a-Lago Club in Palm Beach, Florida, on November 15, 2022. - Donald Trump pulled the trigger on a third White House run on November 15, setting the stage for a bruising Republican nomination battle after a poor midterm election showing by his hand-picked candidates weakened his grip on the party. Trump filed his official candidacy papers with the US election authority moments before he was due to publicly announce his candidacy. (Photo by ALON SKUY / AFP) (P

၂၀၂၄ ခုနှစ် အမေရိကန်သမ္မတ ရွေးကောက်ပွဲမှာ ဝင်ရောက်ရွေးကောက်ခံမယ်လို့ သမ္မတဟောင်း ဒေါ်နယ်ထရမ့်က ကြေညာခဲ့ပါတယ်။ သူ့ရဲ့ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုတွေ အခြေစိုက်မယ့် ဖလော်ရီဒါပြည်နယ် Mar-a-Lago အပန်းဖြေစံအိမ်မှာ ဒေါ်နယ်ထရမ့်က အခုလို ပြောခဲ့တာပါ။

” အမေရိကကို တစ်ကျော့ပြန် ကြီးကျယ်ခမ်းနားဝင့်ထည်လာအောင် လုပ်ဖို့ သမ္မတရွေးကောက်ပွဲ ဝင်မယ့်အကြောင်း ကြေညာချင်ပါတယ်” လို့ ဒေါ်နယ်ထရမ့်က ဆိုပါတယ်။ ရီပတ်ဗလစ်ကန်ပါတီအနေနဲ့ နိုင်ငံရေးသမား (သို့) သမားရိုးကျ ကိုယ်စားလှယ်ကို ပါတီကိုယ်စားလှယ်အဖြစ် ရွေးကောက်တင်မြှောက်ရင် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရလိမ့်မှာ မဟုတ်ဘူးလို့လည်း သူက ဆိုပါတယ်။

၂၀၁၇ ခုနှစ်ကနေ ၂၀၂၁ ခုနှစ်အထိ အမေရိကန်သမ္မတအဖြစ် တာဝန်ထမ်းဆောင်ခဲ့တဲ့ ဒေါ်နယ်ထရမ့်ဟာ လာမယ့်ရွေးကောက်ပွဲမှာ အနိုင်ရမယ်ဆိုရင် အမေရိကန်သမိုင်းတစ်လျှောက် သက်တမ်း ၂ ကြိမ်ဆက်မဟုတ်ဘဲ သမ္မတအဖြစ် ၂ ကြိမ်တိုင်တိုင် ရွေးချယ်ခံရတဲ့ ဒုတိယမြောက် ပုဂ္ဂိုလ် (ယင်းကဲ့သို့ ရွေးချယ်ခံရသည့် ပထမဆုံးပုဂ္ဂိုလ်မှာ သမ္မတ ကလိဗ်လန်းဖြစ်သည်) ဖြစ်လာမှာပါ။

Ref: Former President Donald Trump announces a White House bid for 2024

NZ(ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top