အိမ်မီးလောင်ချိန်မှာ မိဘနှစ်ပါးကို အသက်စွန့်ကယ်ခဲ့တဲ့ ဟဲဗီးဝိတ်ချန်ပီယံဟောင်း

19.3.24-yyl-1.jpg

UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း မက်ခ်ကိုးမန်းဟာ မိဘတွေအိမ်ကို အလည်ပြန်ရင်း နေအိမ်မီးလောင်မှု ကြုံခဲ့ပါတယ်။ နံနက် ၄ နာရီအချိန်မှာ ခွေးဟောင်သံကြားလို့ သူ နိုးလာတော့ အိမ်မီးလောင်နေပါပြီ။ မက်ခ်ဟာ မီးလောင်နေတဲ့ နေအိမ်ထဲကနေ သက်ကြီးရွယ်အို မိဘနှစ်ပါးကို ဆွဲထုတ်နိုင်ခဲ့ပေမဲ့ သူကိုယ်တိုင်ကတော့ မီးခိုးမွှန်ပြီး သတိလစ်သွားလို့ ဆေးရုံ ရောက်ခဲ့ပါတယ်။

မက်ခ်ကို ကယ်တင်နိုင်ဖို့ ဆရာဝန်တွေ အစွမ်းကုန် ကြိုးစားခဲ့ရပြီး နောက် ၃ ရက်ကြာမှ မက်ခ်က ပုံမှန်အတိုင်း အသက်ပြန်ရှူနိုင်ခဲ့တာပါ။ ” ကျွန်တော်က ကမ္ဘာပေါ်မှာ အပျော်ရွှင်ဆုံးလူသားပါပဲ။ ကျွန်တော် အရမ်းကံကောင်းခဲ့တာပါ။ ကျွန်တော့်မိဘတွေ အသက်ရှင်နေသေးတာ မယုံနိုင်စရာပါပဲ” လို့ မက်ခ်က ပြောပါတယ်။

မက်ခ်ရဲ့ သမီးနှစ်ယောက်က သူတို့အဖေကို ပြုစုစောင့်ရှောက်ဖို့ အလုပ်ကနေ လစာမဲ့ခွင့် ယူခဲ့ကြပြီး ငွေကြေးအထောက်အပံ့ရစေဖို့အတွက် GoFundMe ကနေ အကူအညီတောင်းခဲ့ရာမှာ အမေရိကန်ဒေါ်လာ ၁၂၇၀၀၀ ကျော် ရရှိခဲ့ပါတယ်။ UFC ဟဲဗီးဝိတ်ချန်ပီယံဟောင်း မက်ခ်ကိုးမန်းဟာ ထင်ပေါ်ကျော်ကြားသူပြခန်းမှာလည်း ထည့်သွင်းခံထားရသူပါ။ သူဟာ UFC 10 နဲ့ 11 ပြိုင်ပွဲတွေမှာ ချန်ပီယံဖြစ်ခဲ့ပြီး UFC ရဲ့ ပထမဆုံးဟဲဗီးဝိတ်ချန်ပီယံလည်း ဖြစ်ပါတယ်။

Ref:Former UFC Heavyweight Champ Mark Coleman Saves Parents from House Fire, Fans Raise $121k for Hospital Bills

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top