အနုပညာလက်ရာမြောက် ဆပ်ပြာများ

28.3.2023-yyl-iamge-8.jpg

ပုံမှာ မြင်ရတာတွေက စားချင်စရာတွေချည်းပါပဲ။ ဒါပေမဲ့ စားလို့တော့ မရပါဘူး။ ဘာကြောင့်လဲဆိုတာ ဆပ်ပြာတွေ ဖြစ်နေလို့ပါ။ ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့မှာ နေထိုင်တဲ့ အမျိုးသမီး ဂျူလီယာပိုပိုဗာက ဖန်တီးထားတာပါ။

ပိုပိုဗာဟာ လွန်ခဲ့တဲ့ ၉ နှစ်ကစပြီး အနုပညာလက်ရာမြောက်တဲ့ ဆပ်ပြာတွေကို ဖန်တီးကာ မိတ်ဆွေတွေ၊ ဆွေမျိုးသားချင်းတွေကို လက်ဆောင်ပေးခဲ့တာပါ။ နောက်ပိုင်းမှာတော့ ကြိုက်နှစ်သက်သူ များပြားလာလို့ လူမှုကွန်ရက်ကနေ သူ့ဆပ်ပြာတွေကို ရောင်းချခဲ့ပါတယ်။ သူ့ဆပ်ပြာတွေဟာ စားစရာတွေနဲ့ တူရုံသာမက အဲဒီစားစရာအနံ့နဲ့ တူအောင်လည်း ဖန်တီးထားတာပါ။

Ref: Soap Art Designs That You Can Easily Mistake For Real Food And Drinks By Russian Artist

NZ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top