MPT သုံးစွဲသူများအနေဖြင့် ကျန်းမာရေးပညာပေးဗွီဒီယိုများကို MPT4U App မှတစ်ဆင့် လိုတရဝက်ဘ်ပေါ်တယ်ပေါ်တွင် အခမဲ့ ဝင်ရောက်ကြည့်ရှုနိုင်ပါပြီ

19.3.24-yyl-2.jpg

MPT အနေဖြင့် ပညာရေးနှင့် ကျန်းမာရေးနယ်ပယ်တွင် ရင်းနှီးမြှုပ်နှံခြင်းသည် နိုင်ငံတစ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးကြောင်း ခိုင်မာစွာ ယုံကြည်ထားပါသည်။ ထို့ကြောင့် ကျန်းမာရေးစောင့်ရှောက်မှုနယ်ပယ်တွင် နာမည်ရှိထားသည့် အာယုနိုင်ငံတကာ ဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နှင့် ပူးပေါင်း၍ ကျန်းမာရေးပညာရေး ဗွီဒီယိုများကို MPT ၏ တရားဝင် မီဒီယာများဖြစ်သည့် MPT4U၊ လိုတရဝက်ဘ်ပေါ်တယ် နှင့် ဆိုရှယ်မီဒီယာတို့အပြင် မိတ်ဖက်အဖွဲ့အစည်းများ၏ ဆိုရှယ်မီဒီယာ စာမျက်နှာများတွင် ​၂၀၂၃ ခုနှစ် စက်တင်ဘာလမှ စတင်၍ ဖော်ပြပေးခဲ့ပါသည်။

ယခု ကျန်းမာရေး ပညာပေးဗွီဒီယို အစီအစဥ်သည် မြန်မာနိုင်ငံ၏ ပထမဆုံးနှင့် ဦးဆောင်ဆက်သွယ်ရေး အော်ပရေတာ ဖြစ်သော MPT က “ရှေ့သို့ လှမ်းချီ မြန်မာပြည်” ဟူသည့် ဆောင်ပုဒ်နှင့်အညီ ဆောင်ရွက်လျက် ရှိသည့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများအနက်မှ လုပ်ဆောင်ချက်တစ်ခု ဖြစ်ပါသည်။ MPT အနေဖြင့် တာဝန်သိလူမှုအကျိုးပြုလုပ်ငန်းများကို အဓိကမဏ္ဍိုင်ကြီး သုံးရပ်ဖြစ်သော ပညာရေး၊ ကျန်းမာရေးနှင့် စွန့်ဦးတီထွင်စီးပွားရေးလုပ်ငန်းငယ်တို့တွင် အလေးထား ဆောင်ရွက်လျက်ရှိပါသည်။ ယခု ကျန်းမာရေး ပညာပေး အစီအစဥ်တွင် MPT ၏ မိတ်ဖက်များဖြစ်သည့် ဆေးရုံကြီးများမှ နာမည်ရ အထူးကုဆရာဝန်ကြီးများနှင့် ကျန်းမာရေးစောင့်ရှောက်သူ ပညာရှင်များက မြန်မာနိုင်ငံတွင် အဖြစ်များသော ကျန်းမာရေး ပြဿနာများဖြစ်သည့် သွေးလွန်တုပ်ကွေး၊ ရင်သားကင်ဆာအကြောင်း သိကောင်းဖွယ်ရာများ၊ ဆီးချိုသွေးချိုရောဂါအကြောင်း သိကောင်းစရာများ၊ ကွမ်းစားခြင်းနှင့် ကျန်းမာရေးနှင့် အသည်းရောင်အသားဝါရောဂါအကြောင်း သိကောင်းစရာများစသည့် အကြောင်းအရာ (၅) ခု နှင့် ပတ်သက်သည့် သိသင့်သိထိုက်သည်များကို စုစုပေါင်း အပိုင်း (၁၃)ပိုင်းဖြင့် ရှင်းလင်းပြောကြားပေးထားပြီး အဆိုပါ ဗွီဒီယိုများကို အောက်ပါလင့်ခ်တွင် ဝင်ရောက် ကြည့်ရှုနိုင်ပါသည်။

https://lotaya.mpt.com.mm/service/csr
ကျန်းမာရေးဆိုင်ရာ ဗဟုတများရှိခြင်းဖြင့် နာတာရှည်ရောဂါများနှင့် ရာသီအလိုက် ဖြစ်ပွားတတ်သော ရောဂါများကို ထိရောက်စွာ ကာကွယ်နိုင်သောကြောင့် မြန်မာနိုင်ငံတွင် ကျန်းမာရေးပညာပေးမှုသည် အရေးပါသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ ပြန်ကြားရေးဝန်ကြီးဌာန၏ သတင်းဝက်ဘ်ဆိုက်၌ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ အစောပိုင်းက ဖော်ပြခဲ့သော သတင်းဆောင်းပါးအရ မြန်မာနိုင်ငံတတစ်ဝန်းတွင် ၂၀၂၃ ခုနှစ်အတွင်းက သွေးလွန်တုပ်ကွေးရောဂါဖြစ်ပွားမှု ၁၆,၁၃၀ ရှိခဲ့ပြီး အဓိကအားဖြင့် နေပြည်တော်ကောင်စီနယ်မြေ ၊ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ် နှင့် ရခိုင်ပြည်နယ်တို့တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရှိရပါသည်။ ယခုကျန်းမာရေး ပညာပေး ဗွီဒီယိုများသည် ကျန်းမာရေးစောင့်ရှောက်မှုကဏ္ဍအတွက် အထောက်အပံ့ ဖြစ်စေရန် ရည်ရွယ်ပါသည်။

MPT အနေဖြင့် “ကာကွယ်ခြင်းသည် ကုသခြင်းထက် ပို၍ထိရောက်သည်” ဆိုသည့်အချက်ကို ယုံကြည်ပြီး ယခု ကျန်းမာရေးပညာပေး ရုပ်သံဗွီဒီယိုများသည် အသိပညာဖြန့်ဝေပေးရုံသာမကဘဲ အများပြည်သူအနေဖြင့် ရောဂါကာကွယ်ရေးနည်းလမ်းများကို လိုက်နာဆောင်ရွက်လိုစိတ်ရှိစေရန် နှိုးဆော်ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်။ MPT အနေဖြင့် ရာသီအလိုက်ဖြစ်ပွားတတ်သောရောဂါများနှင့် နာတာရှည်ရောဂါများ အကြောင်းကို ရှင်းလင်းထားသည့် ကျန်းမာရေးရုပ်သံဗွီဒီယိုများကို ဆက်လက်တင်ဆက်ပေးသွားမည်ဖြစ်ပါသည်။

MPT-KSGM Joint Operations ၏ လုပ်ငန်းလည်ပတ်ရေးဌာနကြီးမှ ဒုတိယအရာရှိချုပ်ဖြစ်သူ Mr. Naoki Shimane က, “ကျွန်တော်တို့ အနေနဲ့ အများပြည်သူအားလုံး ပိုမိုကျန်းမာတဲ့နေ့ရက်တွေကို ပိုင်ဆိုင်နိုင်ဖို့အတွက် လိုအပ်တဲ့ အသိပညာနဲ့ ဗဟုသုတတွေကို ဖြန့်ဝေပေးဖို့အတွက် ဆုံးဖြတ်ချက်ချထားပါတယ်။ အများပြည်သူ ကျန်းမာရေးအတွက် အထောက်အပံ့ဖြစ်စေမယ့် ကျန်းမာရေး ပညာပေးဗွီဒီယိုတွေကို မိတ်ဖက်အဖွဲ့အစည်းတွေ ဖြစ်တဲ့ အာယုနိုင်ငံတကာဆေးရုံကြီး၊ ပန်းလှိုင်ဆေးရုံကြီးတို့နဲ့ ပူးပေါင်းပြီး တင်ဆက်ပေးနိုင်ခဲ့သလို ဒေတာကုန်ကျမှုမရှိဘဲ ကြည့်ရှုနိုင်ဖို့ စီစဥ်ပေးနိုင်ခဲ့တဲ့အတွက်လည်း အထူးဝမ်းမြောက်မိပါတယ်။ အများပြည်သူတွေအနေနဲ့ ဒီအခွင့်အရေးကတစ်ဆင့် ကျန်းမာရေးဆိုင်ရာအသိပညာရပ်တွေကို အသုံးချနိုင်ပြီး ကျန်းမာခြင်းတွေပြည့်စုံပြီး လူမှုစီးပွားရေးကို ပိုမိုကောင်းမွန်လာနိုင်စေဖို့ မျှော်လင့်ပါတယ်။”ဟု ပြောကြားခဲ့ ပါသည်။

MPT ၏ လူမှုအကျိုးပြုလုပ်ငန်းလှုပ်ရှားမှုများနှင့်ပတ်သက်သည့် အကြောင်းအရာများကို ပိုမိုသိရှိလိုပါက MPT ၏ လူမှုအကျိုးပြုလုပ်ငန်းလှုပ်ရှားမှုများ၏ တရားဝင်ဝက်ဘ်ဆိုက်ဖြစ်သော https://mpt.com.mm/en/about-home/csr-activities/ သို့ဝင်ရောက်ကြည့်ရှုနိုင်မည်ဖြစ်ပြီး 106 Call Center သို့ ခေါ်ဆိုမေးမြန်းနိုင်သည့်အပြင် ထုတ်ကုန်၊ ဝန်ဆောင်မှုများနှင့် ပတ်သက်၍ မိမိသိရှိလိုသည်များကိုလည်း တိုက်ရိုက်တုံ့ပြန် ဖြေကြားပေးမည့် Chatbot ဝန်ဆောင်မှုများကို MPT4U အက်ပလီကေးရှင်း၊ MPT Viber တို့တွင်စုံစမ်းမေးမြန်းနိုင်ပါသည်။

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top