ကားလမ်းပေါ် လိမ့်လာတဲ့ ကလေးတွန်းလှည်းကို အမျိုးသားတစ်ဦး တားဆီးပေးခဲ့

7.5.2023-yyl-1.jpg

ကလေးတွန်းလှည်းတစ်စီး ကုန်းဆင်းအတိုင်း လိမ့်လာပြီး ယာဉ်အသွားအလာ ရှုပ်ထွေးတဲ့ ကားလမ်းပေါ် ရောက်လုဆဲဆဲ ဖြစ်နေချိန်မှာ အမျိုးသားတစ်ယောက်က ဝင်တားခဲ့လို့ ကလေးငယ် ဘေးအန္တရာယ်ကနေ လွတ်မြောက်ခဲ့တာပါ။ အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဟက်စပီရီယာမြို့မှာ ဒီအဖြစ် ကြုံခဲ့တာပါ။

နက်စ်မန်းလို့ အမည်ရတဲ့ အဲဒီအမျိုးသားဟာ ၂၀၁၈ ခုနှစ်တုန်းက သူ့ချစ်သူ သေဆုံးခဲ့ပြီးနောက် အိမ်ရာမဲ့ဘဝနဲ့ ကျင်လည်ခဲ့သူဖြစ်ပြီး မကြာသေးခင်ကမှ မိသားစုနဲ့ အဆက်အသွယ် ပြန်လုပ်ခဲ့သူပါ။ သူဟာ အလုပ်သွားလျှောက်ပြီး ပြန်လာချိန်မှာ ကလေးတွန်းလှည်း လိမ့်ကျလာတာတွေ့လို့ ပြေးတားခဲ့တာပါ။

ကလေးငယ်ကို နက်စ်မန်း ကယ်တင်ပေးခဲ့တဲ့ ရုပ်သံမှတ်တမ်း

Ref: Formerly Homeless Hero Stops Runaway Baby Stroller Moments Before it Rolls into Traffic

NZ (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top