Quarantine စည်းမျဉ်းကို ၈ စက္ကန့်လောက်ပဲ ချိုးဖောက်ခဲ့တဲ့ အမျိုးသား ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခံရ

8-12-2020-yyl-001.jpg

ထိုင်ဝမ်အာဏာပိုင်တွေက ထိုင်ဝမ်ရဲ့ Quarantine စည်းမျဉ်းကို ၈ စက္ကန့်လောက် ချိုးဖောက်ခဲ့တဲ့ အမျိုးသားတစ်ဦးကို ဒေါ်လာ ၃၅၀၀ ဒဏ်ရိုက်ခဲ့တယ်လို့ သိရပါတယ်။ ဖိလစ်ပိုင်နိုင်ငံက ရွှေ့ပြောင်းအလုပ်သမားဖြစ်တဲ့ အဲဒီအမျိုးသားဟာ Kaohsiung City က ဟိုတယ်တစ်ခုမှာ quarantine ခံယူနေတဲ့အချိန်မှာ ဟိုတယ်အခန်းကနေ ခဏလေးပဲ အပြင်ကိုထွက်ခဲ့တယ်လို့ Kaohsiung Cityရဲ့ကျန်းမာရေးဌာနက ပြောပါတယ်။ ဟိုတယ်အခန်းကနေ အပြင်ကိုထွက်ခဲ့တဲ့အတွက် အဲဒီအမျိုးသားကို ထိုင်ဝမ်ဒေါ်လာ ၁၀၀၀၀၀ (ကန်ဒေါ်လာ၃၅၀၀) ဒဏ်ရိုက်ခဲ့တာဖြစ်ပါတယ်။

ထိုင်ဝမ်ရဲ့ Quarantineစည်းမျဉ်းတွေအရ quarantine ခံယူနေတဲ့သူတွေကို အချိန်ဘယ်လောက်ပဲဖြစ်နေပါစေ။ အခန်းအပြင်ကိုထွက်ခွင့်မပြုထားပါဘူး။ ဖိလစ်ပိုင်အမျိုးသားဆိုရင် ဟိုတယ်အခန်းထဲက ၈ စက္ကန့်လောက်ပဲ ထွက်ရုံရှိသေး အခုလိုဒဏ်ရိုက်ခံခဲ့ရတာဖြစ်ပါတယ် Quarantine ခံယူနေတဲ့သူတွေက သူတို့ရဲ့ဟိုတယ်အခန်းထဲကနေ ထွက်ရင် ဒဏ်ရိုက်ခံရမှာမဟုတ်ဘူးလို့ မထင်သင့်ကြောင်း ကျန်းမာရေးဌာနက ဆိုပါတယ်။

Kaohsiung City မှာ စုစုပေါင်း အခန်း ၃၀၀၀ ဝန်းကျင်နဲ့ Quarantine Hotel ၅၆ ခုရှိပါတယ်။ ထိုင်ဝမ်က COVID-19 ကပ်ရောဂါကို ကောင်းကောင်းထိန်းချုပ်နိုင်တဲ့အတွက် ချီးကျူးခံနေရတာပါ။ ပြီးခဲ့တဲ့နှစ် ဒီဇင်ဘာ ၃၁ ၊ ဗိုင်းရပ်စ်စတင်ခဲ့တဲ့ဝူဟန်မြို့ကလာတဲ့လေကြောင်းလိုင်းရဲ့ခရီးသည်တွေကိုလည်း ထိုင်ဝမ်အာဏာပိုင်တွေက အင်းတိုက်အားတိုက် ရောဂါစစ်ဆေးမှုတွေပြုလုပ်ခဲ့ကြတာပါ။

တရုတ်အစိုးရကလည်း များပြားလှတဲ့ရောဂါစစ်ဆေးမှုတွေနဲ့ ထိရောက်တဲ့ ထိတွေ့မှုလမ်းကြောင်းခြေရာခံမှုတို့ကို မြန်မြန်ဆန်ဆန်ပြုလုပ်ခဲ့ကြပါတယ်။ လူဦးရေ ၂၃ သန်းရှိတဲ့ ထိုင်ဝမ်က ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံရသူ ၇၁၆ ဦးနဲ့ သေဆုံးသူ ၇ ဦးသာရှိတယ်လို့ Johns Hopkins University ရဲ့ဒေတာတွေအရ သိရပါတယ်။

Ref: CNN “Man fined $3,500 for breaking Taiwan coronavirus quarantine for 8 seconds”

WL ( ရိုးရာလေး )

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top