ရှေးဟောင်းရွှေဒင်္ဂါးပြား ရာချီ ခိုးယူမှုအတွက် သံသယရှိသူ ၄ ယောက်ကို ဖမ်းဆီးထား

20.7.23-yyl-1.jpg

ပေါင် ၁.၄ သန်း တန်ကြေးရှိတဲ့ ရှေးဟောင်းဗြိတိန်ရွှေဒင်္ဂါးရာချီ ပျောက်ဆုံးမှုအတွက် ဂျာမနီနိုင်ငံမှာ လူ ၄ ဦးကို ဖမ်းဆီးထိန်းသိမ်းထားပါတယ်။ ပြီးခဲ့တဲ့နှစ် နိုဝင်ဘာလက ဘာဗေးရီးယားပြည်နယ်၊ မန်ချင်းမြို့ ပြတိုက် ဖောက်ထွင်းခံခဲ့ရပြီး ရွှေဒင်္ဂါးတွေ ပျောက်ဆုံးသွားခဲ့တာပါ။ ရွှေဒင်္ဂါးအများစုဟာ ၁ ရာစုက သွန်းလောင်းခဲ့တဲ့ ရှေးဟောင်းဒင်္ဂါးတွေပါ။

ဖောက်ထွင်းမှုမဖြစ်ခင် ပြတိုက်ပတ်ဝန်းကျင်မှာ အင်တာနက်ကြိုးတွေ ပြတ်တောက်ခဲ့ပြီး ပြတိုက်ရဲ့ အချက်ပေးစနစ် အလုပ်မလုပ်အောင် ဖောက်ထွင်းသူတွေက အကွက်ချစီစဉ်ခဲ့တာပါ။ ဒါကြောင့် ပြတိုက်တံခါးကို ဖွင့်ချိန်မှာ အချက်ပေးသံ မထွက်ပေါ်ခဲ့တာပါ။ ဖောက်ထွင်းမှုဟာ ၉ မိနစ်ပဲ ကြာမြင့်ခဲ့ပါတယ်။

အခုဖမ်းဆီးထားတဲ့ သံသယရှိသူတွေဟာ ပရော်ဖက်ရှင်နယ်ဖောက်ထွင်းဝိဇ္ဇာတွေ ဖြစ်တယ်လို့ ဘာဗေးရီးယားပြည်နယ် ပြည်ထဲရေးဝန်ကြီးက ဆိုပါတယ်။

အဲဒီဒင်္ဂါးပြားတွေကို ၁၉၉၉ ခုနှစ်မှာ တူးဖော်တွေ့ရှိခဲ့တာဖြစ်ပြီး ၂၀ ရာစုအတွင်း အကြီးမားဆုံး ရှေးဟောင်းဗြိတိန်ဒင်္ဂါးတွေ ရှာဖွေတွေ့ရှိမှုဖြစ်ပါတယ်။ အဲဒီဒင်္ဂါးပြားတွေကို ၂၀၀၆ ခုနှစ်ကတည်းက ခင်းကျင်းပြသထားခဲ့တာပါ။

Ref: Four arrested over €1.6m Celtic coin thef

NZ ( ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top