သမုဒ္ဒရာထဲက ပလတ်စတစ်အမှိုက်တွေ စုဆောင်းသိမ်းဆည်းတဲ့စနစ် ကောင်းကောင်းအလုပ်ဖြစ်နေ

yyl-4-9-001.jpg

ပစိဖိတ်သမုဒ္ဒရာမှာ ပေါလောပေါ်ပြီး မျောလာနေတဲ့ ပလတ်စတစ်အမှိုက်တွေကို ရှင်းလင်းဖို့အတွက် အမှိုက်စုဆောင်းသိမ်းဆည်းတဲ့စနစ် တစ်ခုကို တီထွင်ဖန်တီးခဲ့ပါတယ်။ နောက်ဆုံးမှာတော့ အဲဒီစနစ်က ပလတ်စတစ်တွေကို စုဆောင်းယူနိုင်တယ်လို့ အဲဒီစနစ်ရဲ့တီထွင်ဖန်တီးသူက ပြောကြားခဲ့ပါတယ်။ နယ်သာလန်အခြေစိုက် အကျိုးမြတ်မယူတဲ့ Oceanup က ဒီစနစ်က အရွယ်အစားကြီးတဲ့ ပလတ်စတစ် အမှိုက်သရိုက်တွေ၊ (၁) မီလီမီတာလောက် သေးငယ်တဲ့အမှိုက်တွေကို ရှင်းလင်းတဲ့နေရာမှာ ကောင်းကောင်းအလုပ်ဖြစ်တယ်လို့ ပြောပါတယ်။

Ocean Cleanup System က ရေမျက်နှာပြင်အောက်မှာ ချိတ်ထားတဲ့ ပိုက်ကွန်တစ်ခုနဲ့ “U” ပုံစံအတားအဆီးတစ်ခုဖြစ်ပါတယ်။ အဲဒါက ရေစီးကြောင်းအတိုင်း ရွေ့လျားပြီး သမုဒ္ဒရာထဲမျောလာတဲ့ ပလတ်စတစ်တွေကို မြန်မြန်ဆန်ဆန်နဲ့ စုဆောင်းပါတယ်။ ငါးနဲ့အခြားတိရစ္ဆာန်တွေက အဲဒါရဲ့အောက်ခြေအထိ ကူးသွားလို့ရပါတယ်။ပစ္စည်းအသစ်က စနစ်ကို နှေးသွားစေဖို့ လေထီးနဲ့ဆွဲထားတဲ့ ကျောက်ဆူးတစ်ခု ထပ်ထည့်ထားပြီး ပလတ်စတစ်ကို သိမ်းနိုင်ဖို့အတွက် ပိုက်ကွန်ရဲ့ထိပ်မှာ ဖော့ဆို့တစ်ခုရဲ့ အရွယ်အစားကို တိုးမြှင့်ထားပါတယ်။ Ocean Cleanup က ငါးနှစ်တိုင်း အမှိုက်ပုံအရွယ်အစားတွေကို လျော့နည်းနိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

သမုဒ္ဒရာရေစီးကြောင်းအတိုင်း လှည့်ပတ်ရင်း အမှိုက်စုကြီးဖြစ်လာပြီး ဒီလိုအမှိုက်စုကြီးတော်တော်များများက တစ်ကမ္ဘာလုံးရဲ့သမုဒ္ဒရာတွေမှာ တည်ရှိနေပါတယ်။ မနှစ်ကလည်း ပလတ်စတစ်အမှိုက် သိမ်းတဲ့စနစ်တွေကို တီထွင်ဖန်တီးခဲ့ဖူးပါတယ်။ အဲဒီစနစ်က အမှိုက်ကို မစုဆောင်းနိုင်ခဲ့ပါဘူး။ အခုစနစ်အသစ် 001/B ကို ဇွန်လကမှာ တရားဝင်မိတ်ဆက်ပေးခဲ့ပြီး အပြစ်အနာဆာအနည်းငယ်ရှိခဲ့ပေမဲ့ ပလတ်စတစ်အမှိုက်တွေစုဆောင်းပေးနိုင်ပါတယ်။ စနစ်ကို အရွယ်အစား၊ ပမာဏတိုးအောင်မလုပ်ခင်မှာ ကျော်လွှားရမယ့် အခက်အခဲပြဿနာတွေရှိနေသေးပါတယ်။ နောက်ဆုံးစနစ်က ခက်ခဲနေတဲ့ သမုဒ္ဒရာအခြေအနေတွေကနှစ်အကြာကြီးလွန်မြောက်နိုင်ဖို့လိုပြီး ငွေရေးကြေးရေးအားဖြင့် အလားလာရှိတဲ့အစီအစဉ်တွေလုပ်ဆောင်ဖို့ ပလတ်စတစ်တွေကို လတော်တော်ကြား စုဆောင်းထားနိုင်ဖို့ လိုပါလိမ့်မယ်လို့ သတင်းစာရှင်းလင်းပွဲမှာ Ocean Cleanup တည်ထောင်သူ စီအီးအို ဘိုရန် စလတ်တ် (Boyan Slat) က ပြောကြားသွားခဲ့ပါတယ်။

Ref: A floating device created to clean up plastic from the ocean is finally doing its job, organizers say

WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top