ပျိုမေတို့ရဲ့ဆံကေသားအတွက် ကြက်ဥနှစ်အဆီ

yyl-3-9-026.jpg

သဘာဝဆီတွေက အသားရေအတွက် ကောင်းမွန်ပါတယ်။ အထူးသဖြင့် ဆံသားပြဿနာတွေအတွက်လည်း အထူးကောင်းမွန်ပါတယ်။ အုန်းဆီ၊ အယ်မွန်ဆီ၊ သံလွင်ဆီတွေလို သဘာဝဆီတွေက ဆံသားအတွက် များပြားလှတဲ့ကောင်းကျိုးတွေရှိတယ်ဆိုတာကို သိရှိပြီးသားဖြစ်ပါတယ်။ ဒီသဘာဝဆီနဲ့ ကြက်ဥအနှစ်တို့ပေါင်းစပ်ခြင်းကလည်း ဆံသားအတွက် ကောင်းမွန်တဲ့ကြက်ဥနှစ် အဆီဖြစ်ပါတယ်။
ကြက်ဥနှစ်အဆီက ကိုလက်စထရောပါဝင်တဲ့ triglyceridesနဲ့ phosphlipids ဓာတ်တွေ ကြွယ်ဝတဲ့ ကြက်ဥအနှစ်က ထုတ်ထားတာဖြစ်ပါတယ်။ ကိုလက်စထရောက အသားရေနဲ့ဆံပင်တွေ အတွက် အရေးပါတယ်ဆိုတာ လေ့လာတွေ့ချက်များစွာရှိပြီးသားဖြစ်ပါတယ်။ ကိုလက်စထရောက အသားအရေနဲ့ဦးရေပြားထဲကို အလွယ်တကူစုတ်ယူပါတယ်။ ခြောက်သွေ့ပျက်စီးတဲ့အသားအရေကေို ကုသပေးတဲ့နေရာမှာ ထောက်ပံ့ပေးပါတယ်။ အဲဒါအပြင် ကြက်ဥနှစ်အဆီက အရေးပါတဲ့အဆီဓာတ်များတဲ့ အက်ဆစ်တွေကြွယ်ဝပါတယ်။

ဒီဆီက အိုမီဂါ (၃)၊ (၆) ဓာတ်တွေကြွယ်ဝတဲ့အတွက် ဆံပင်ကျွတ်ခြင်းကို လျော့ချပေးနိုင်ပါတယ်။ ဆံသားကုသခြင်းအတွက် အရေးပါတဲ့ပါဝင်ပစ္စည်း တစ်ခုဖြစ်တဲ့ EFAလည်းပါဝင်ပါတယ်။ EFAက ဆံသားမွေးညင်းပေါက်တွေကို အကူအညီဖြစ်စေတဲ့ သွေးလှည့်ပတ်မှုနဲ့ ဆဲလ်ကြီးထွားမှုကို ထိရောက်စေပါတယ်။ ဒီဂုဏ်သတ္တိတွေက ဗောက်ထခြင်းနဲ့ဆံပင်ကျွတ်ခြင်းတို့ ဖြစ်စေတဲ့ ဦးရေပြားအားနည်းတဲ့ အခြေအနေတွေကို ကူညီပေးပါတယ်။

ကြက်ဥမှာပါဝင်တဲ့ ကိုလက်စထရောတွေက ဆံသားတွေကို ပျော့ပျောင်းနူညံ့စေပြီး ခြောက်သွေ့တဲ့ဆံသားတွေကို ရေဓာတ်ဖြည့်ပေးပါတယ်။ ဆံသားရှုပ်ပွခြင်းတွေကို လျော့ချပေးခြင်းအားဖြင့် ဆံသားသန်စွမ်းလာစေပါတယ်။

ကြက်ဥနှစ်အဆီမှာ ပါဝင်တဲ့antioxidantတွေက ကြက်ဥအနှစ်ကို အဝါရောင်ဖြစ်သွားစေပြီး အသားအရေနဲ့ဆံသားပျက်စီးစေတဲ့ free radical ပြောင်းလဲမှုတွေကို တိုက်ဖျက်ပေးပါတယ်။ ဦးရေပြားနဲ့ ဆံသားမှာရှိတဲ့ရေဓာတ်တွေကို ဖြည့်တင်းပေးပါတယ်။ ဒါ့အပြင် ဦးရေပြားမှာအောက်စီဂျင် ဖြည့်စွက်မှုကိုလည်း တိုးလာစေပြီး ဆံပင်အမြစ်တွေကို သန်စွမ်းစေတဲ့အတွက် နက်မှောင်သန်စွမ်းတဲ့ဆံကေသာ ဖြစ်လာမှာဖြစ်ပါတယ်။

Ref: Benefits of egg oil for hair
WL (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top