ပြင်သစ်ဝန်ကြီးချုပ် ရာထူးမှနုတ်ထွက်

3-7-2020-yyl-049.jpg

ပြင်သစ်ဝန်ကြီးချုပ် အီဒေါက်ဖီးလစ်ဟာ ရာထူးကနေ နုတ်ထွက်ဖို့ သမ္မတမက်ခရွန်ဆီ စာတင်ထားပါတယ်။ သမ္မတ မက်ခရွန်ထက် လူကြိုက်ပိုများတယ်လို့ သတ်မှတ်ခံထားရတဲ့ အီဒေါက်ဖီးလစ်ဟာ ပြင်သစ်အစိုးရအဖွဲ့ကို ၃ နှစ်ကြာ ဦးဆောင်ခဲ့သူဖြစ်ပါတယ်။ ပြီးခဲ့တဲ့အားလပ်ရက်က ကျင်းပခဲ့တဲ့ ဒေသခံရွေးကောက်ပွဲမှာတော့ အာဏာရပါတီ (La République En Marche – Republic on the Move) ရလဒ်မကောင်းခဲ့ပါဘူး။ အီဒေါက်ဖီးလစ်က မက်ခရွန်နဲ့ တွေ့ဆုံခဲ့ပြီးနောက်မှာ သူ့ရဲ့အစိုးရအဖွဲ့ နုတ်ထွက်ဖို့ သဘောတူညီခဲ့တာပါ။ အီဒေါက်ဖီးလစ်ရဲ့ နုတ်ထွက်မှုကို သမ္မတ မက်ခရွန်က လက်ခံခဲ့ပါတယ်။ ဒါပေမဲ့ အစိုးရအဖွဲ့သစ် မဖွဲ့နိုင်သေးခင်မှာ အီဒေါက်ဖီးလစ်ရဲ့အစိုးရအဖွဲ့ ဆက်ရှိနေမှာပါ။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top