တောင်အာဖရိက စစ်သည်အယောက်၄၀ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရ

3-7-2020-yyl-048.jpg

တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရတဲ့ စစ်သည် ၄၀ ထက်မနည်းရှိတယ်လို့ တောင်အာဖရိကကာကွယ်ရေးတပ်ဖွဲ့(SANDF)က အတည်ပြုခဲ့ပါတယ်။ ကိတ်တောင်းမြို့မှာ အခြေစိုက်တဲ့ ခြေမြန်တပ်ရင်းက စစ်သည်တွေ ရောဂါကူးစက်ခံခဲ့ရတာပါ။ သူတို့ဟာ တောင်အာဖရိကနိုင်ငံမြောက်ပိုင်း လင်ပိုပိုပြည်နယ်ကို စေလွှတ်ခံခဲ့ရသူတွေဖြစ်ပါတယ်။ တောင်အာဖရိကနဲ့ ဇင်ဘာဘွေနိုင်ငံကြား နယ်စပ်လုံခြုံရေးတာဝန်ယူထားတဲ့ တခြားတပ်ရင်းတစ်ခုကို အင်အားဖြည့်ဖို့အတွက် စစ်သည်တွေကို လီဖာလာလီမြို့ထံ မလွှတ်ခင် ကျန်းမာရေးအရ လိုအပ်တဲ့ ကြိုတင်ကာကွယ်မှုအားလုံး လုပ်ခဲ့တယ်လို့ SANDF က ပြောပါတယ်။

ဇွန်လ ၁၃ ရက်က လီဖာလာလီမြို့ကို ရောက်ရှိချိန်မှာ စစ်သည်တွေကို ၁၄ ရက်ကြာ အသွားအလာကန့်သတ်ထားပြီး ဆေးစစ်ချိန်မှာ စစ်သည်အချို့က ကိုရိုနာဗိုင်းရပ်စ် ရှိနေမှန်း တွေ့ရှိခဲ့တာပါ။ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံထားရသူတွေကို အခြေစိုက်စခန်းရဲ့ အဆောက်အအုံတစ်ခုထဲမှာ သီးသန့်ခွဲခြားထားပါတယ်။ တောင်အာဖရိကနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ၁၆၈၀၀၀ ကျော်ရှိနေပြီး သေဆုံးသူ ၂၈၄၄ ယောက် ရှိပါတယ်။

Nz (ရိုးရာလေး)

Share this post

ရိုးရာလေးတွင် ဖော်ပြပါရှိသော ဆောင်းပါးများကို မည်သည့် Website နှင့် Social Media များပေါ်တွင်မှ ပြန်လည်ကူးယူဖော်ပြခွင့်မပြုကြောင်း အသိပေးအပ်ပါသည်။ အသေးစိတ်အချက်အလက်များကို ဤနေရာတွင်ဖတ်ရှုနိုင်ပါသည်။

Leave a Reply

scroll to top